Posted by Black Magic | Posted in ထူးထူးခြားခြား | Posted on 3:06 AM

ပြင်ဆင်ထားခြင်း မရှိပဲ သဘာဝ အတိုင်း ဖြစ်နေတဲ့ ကျောက်တောင်လို့ Metro က ရေးသား ဖော်ပြ ထားတော့ အံ့သြ ရပါတယ်။ ကမ္ဘာ့ ဖလား ပွဲမှာ ဆုပေးတဲ့ တကယ့် ဖလား အစစ်ရဲ့ ပုံသဏ္ဍာန် အတိုင်း ကို ပုံစံ တူညီ နေပါတယ်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Chaiyaphum ပြည်နယ်က Pa Hin Ngam အမျိုးသား ဥယျာဉ်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ နှစ်အတော်ကြာ လေမုန်တိုင်း များကြောင့် ကျောက်တောင်ဟာ တဖြည်းဖြည်း တိုက်စား ခံရပြီး ယခု ရက်ပိုင်း အတွင်းကို ရောက်မှ ကမ္ဘာ့ ဖလား ပုံသဏ္ဍာန် စစ်စစ် ကို ရောက်ရှိ သွားခြင်း ဖြစ်ပါတယ်။ Beautiful Rock Plain လို့ အင်္ဂလိပ်လို အမည်လရတဲ့ ယင်း ဥယျာဉ်ထဲမှာ အခြားသော ကျောက်တောင် ငယ်များလည်း ရှိနေ ပါသေးတယ်။
လက်တလောမှာတော့ ကမ္ဘာ့ဖလား ပုံသဏ္ဍာန် ကျောက်တောင်ကြောင့် ထိုင်းနိုင်ငံ ရှိ Pa Hin Ngam အမျိုးသား ဥယျာဉ်ဟာ နိုင်ငံခြားသား လာရောက် လည်ပတ်မှု အတော်လေး များပြား နေပါတယ်။
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
--------------------------------










Myanmar Kyat Converter
Comments (0)
Post a Comment