အိမ်မက်ဆန်တဲ့ချစ်သူကိုရှာရန် အွန်လိုင်းပေါ်မှာ အကူအညီ တောင်းနေတဲ့ ဖိလစ်ပိုင်အမျိုးသမီး

Posted by Black Magic | Posted in | Posted on 11:02 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qMo53pGg2Jdt6Ej6eJJNgaw6taVtFukiYjlqkNi9SWLH_PpGtIQ_Zdk5kRzCc0cB3fc1F_03UVnliw-6dTvBEpiXnZYJHPhyrjYuESQ_X6Xf0LWQjzHRACVUqWmfeCg8TRQ48JGRDiA/s1600/images.jpg
အင်တာနက်ပေါ်တင်လိုက်တဲ့ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီး တစ်ဦးရဲ့ ဗီဒီယိုအကြောင်းကို စင်္ကာပူသတင်းဝက်ဘ်ဆိုက် တစ်ခုက ဖော်ပြလာပါတယ်။

Harlene Azuela လို့ခေါ်တဲ့ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးဟာ စင်္ကာပူနိုင်ငံက မြို့ပတ်ရထားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးကို အမှတ်မထင်တွေ့လိုက်ရပါတယ်။
ခဏလေးတွေ့လိုက်ရတဲ့ ဒီအမျိုးသားအပေါ် သူဟာ အလွန်အမင်းစွဲလမ်းသွားခဲ့ပါတယ်။

သူ့ရဲ့ခံစားချက်တွေကို ကြေငြာရင်း ဒီဗီဒီယိုကို အရဲစွန့်ပြီး တင်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
All Singapore Stuff လို ရှယ်ယာဆိုက်ဒ်တွေနဲ့ ဖေ့စ်ဘုတ်တွေပေါ်မှာ ဗီဒီယိုကို  ရှယ်ယာလုပ်သူပေါင်း ထောင်ချီပြီးရှိခဲ့ပါတယ်။

ဗီဒီယိုထဲမှာ Azuela က
“တစ်စုံတစ်ယောက်က ရှင့်ကို ဖမ်းစားလိုက်ပေမဲ့ ရှင် ဘာမှ မလုပ်နိုင်ခဲ့တဲ့ အခိုက်အတန့်လေးများ ရှင်တို့ကြုံဖူးသလား
ကျွန်မ ဒီလိုဖြစ်ခဲ့တာပါ။ လူအများစုလိုပဲ ကံမကောင်းစွာနဲ့ ကျွန်မလည်း ဘာမှမလုပ်နိုင်ခဲ့ဘူး
ဒါကြောင့် ကျွန်မ ခု တစ်ခုခုကို လုပ်လိုက်ပါပြီ။ ကျွန်မ ရှင်တို့ရဲ့ အကူအညီကို လိုပါတယ်။ ဒီအမျိုးသားကို ရှာနေတဲ့ ကျွန်မကို ရှင်တို့ ကူညီစေချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အများကလည်း ဒီလိုတင်ကြည့်ဖို့ ပြောနေတာကြောင့် ဗီဒီယိုကို သူမက တင်ခဲ့တာလို့ဆိုပါတယ်။
She’s The One လို့ခေါ်တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကလည်း အများကြီး လှုံဆော်ခဲ့တယ်လို့ဆိုပါတယ်။
ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းက မိုးတွေရွာနေတဲ့ တစ်နေ့မှာ အမျိုးသားတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။

ဒီကောင်မလေးကို သူဟာ ရုတ်တရက်စွဲလမ်းသွားပြီး ဗီဒီယို ရိုက်ယူထားခဲ့ပါတယ်။ နောက်တော့ “Girl in the Rain” (မိုးရေထဲက ကောင်မလေး) ဆိုတဲ့အမည်နဲ့ ဗီဒီယိုကို အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
ဇာတ်လမ်းသဘာဝအရ အဖြစ်အပျက်အချို့ဖြစ်ပြီးတော့ သူတို့နှစ်ဦး ပြန်တွေ့သွားကြတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးပဲ ဖြစ်ပါတယ်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.