Vagina ပုံစံ လှေပြုလုပ်တဲ့ Japan အမျိုးသမီး ဖမ်းဆီးခံရ

Posted by Black Magic | Posted in , | Posted on 2:15 AM



ဂျပန်လူမျိုး အမျိုးသမီး အနုပညာရှင်တစ်ယောက်ဟာ သူမရဲ့  အင်္ဂါစပ်ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရပါတယ်။ Megumi Igarashi ဆိုသူ အမျိုးသမီးဟာ သူမရဲ့ အင်္ဂါစပ်ဓာတ်ပုံတွေကို သုံးဖက်မြင် ပုံရိပ်ဖော်စက်မှာ ဒီဇိုင်းလုပ်ပြီး သူမရဲ့  အင်္ဂါစပ်ပုံစံတူ “ အင်္ဂါစပ်လှေလို့ ” နာမည်ပေးထားတဲ့ ကယပ်လှေငယ်ကို ဖန်တီးပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ကူညီရန် ကမ်းလှမ်းလာတဲ့ လူ အယောက်၃၀ ဆီကို အဲ့ဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ ပေးခဲ့ပါတယ်။

သူမဟာ မသင့်တော်တဲ့ လိင်မှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေကို  ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဲ့ဒီ ဓာတ်ပုံတွေကို ရောင်းချကာ ပေါင်ငွေ ၆၀၀၀ ကျော် ရရှိထားတယ်လို့ လည်း ရဲဌာနကဆိုပါတယ်။

ဒါပေမယ့်  Rokudenashiko ဆိုတဲ့ (အသုံးမကျသူလို့ အဓိပ္ပါယ်ရတဲ့) အနုပညာနာမည်ကို အသုံးပြုထားတဲ့ Igarashi ဟာ သူမရဲ့  သုံးဖက်မြင် ဒီဇိုင်း အင်္ဂါစပ်ဓာတ်ပုံ သတင်းအချက်အလက်တွေဟာ အော့နှလုံးနာစရာ လိင်မှုကိစ္စတွေကို တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခဲတယ်လို့  မထင်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူမက အခကြေးငွေ ယူပြီး ဓာတ်ပုံတွေကို ရောင်းချခဲ့တာမျိုးလည်း မဟုတ်ပါဘူးတဲ့။


သူမရဲ့ ကိုယ်ပိုင် ဘလော့စာမျက်နှာမှာ “ ကျွန်မက ကျွန်မရဲ့ အနုပညာအစိတ်အပိုင်းတွေကို ကျွန်မရဲ့ အင်္ဂါစပ်နဲ့ ဖန်တီးတာပါ။ ကျွန်မကတော့ အဲဒါကို Manko(ဂျပန်ဘာသာ ဖြင့် မိန်းမ အင်္ဂါရပ်လို့  အဓိပ္ပါယ်ရတဲ့ဗန်းစကား) လို့ ပဲ အမည်ပေးချင်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ အင်္ဂါစပ်ကို တန်ဆာဆင်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဖန်တီးပြုလုပ်တဲ့ ပုံဖော်အနုပညာတစ်ရပ် အဖြစ် ဖန်တီးရတာကို ပျော်စရာလို့ ပဲ ထင်ပါတယ်။ဒါပေမယ့် ကျွန်မဖန်တီးတဲ့ အရာကို လူတွေမြင်ပြီး ၊ လူတွေ အရမ်းကို စိတ်အနှောက်အယှက်ဖြစ်သွားကြတာ ၊ ကျွန်မပါးစပ်က Manko ဆိုတဲ့ စကားလုံးလေးကို ပြောလိုက်ရင်တောင် သူတို့ တွေ အထိတ်တလန့်  ဖြစ်သွားတာတွေကို ကျွန်မ အရမ်း အံ့သြမိပါတယ်။” လို့ ရေးသားထားပါတယ်။

“ ကျွန်မကို ရုပ်မြင်သံကြား ချယ်နယ်တစ်ခုကနေ သူတို့ အစီအစဉ်မှာ ပါဝင်တင်ဆက်ဖို့  တောင်းဆိုတုန်းကတောင် ကျွန်မပါးစပ်က Deco-Man ဆိုတဲ့ စကားလုံးကိုတောင်ပြောဖို့ ခွင့်မပြုရဲ ကြပါဘူး။ Man ဆိုတဲ့ စကားလုံးက မကြားဝံ့ မနာသာ လို့  သူတို့ ထင်တဲ့ Manko က Man နဲ့  အသံထွက်ချင်း သွားဆင်နေလို့ လေ။ ကျွန်မက ဘာလို့  ဒီလို မျိုး အနုပညာ အစိတ်အပိုင်းတွေကို စပြီးတော့ ဖန်တီးရသလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အခြားအမျိုးသမီးတွေရဲ့  အင်္ဂါစပ်တွေကို တစ်ခါမှ မမြင်ဖူးတာကြောင့် ရယ် ၊ ကျွန်မပုံပန်းသဏ္ဍန်ကို ကျွန်မ အမြဲ သတိထားလွန်းမိနေတာကြောင့်ရယ်ပါပဲ။ တစ်ချိန်တည်းမှာပဲ မိန်းမအင်္ဂါစပ်ဆိုတာ ဘယ်လို ပုံပန်းသဏ္ဍန်ရှိမှန်း ကျွန်မလုံးဝ မသိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မရဲ့  အင်္ဂါစပ်ဟာလည်း ပုံမှန်မဟုတ်ဘူးလို့ ထင်မိခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

“Manko နဲ့ Vagina (မိန်းမအင်္ဂါစပ်) ဆိုတဲ့ စကားလုံးတွေဟာ ဂျပန် လူ့ အဖွဲ့ အစည်းမှာ မကြားဝံ့မနာသာ စကားလုံးတွေအဖြစ် သတ်မှတ်ထားခဲ့တာကြာပါပြိ။ Penis လို့ ခေါ်တဲ့ ယောကျာင်္းလိင်အင်္ဂါကျတော့ ပုံဆွဲရေးသားဖော်ပြကြပြီး ၄င်းဟာ လူငယ်တွေကြား ခေတ်စားနေတဲ့  ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပါပြီ။ ဒါပေမယ့် မိန်းမ အင်္ဂါစပ်ကျတော့ ဘယ်တော့ မှ သင့်တော် နှစ်လိုဖွယ်အရာအဖြစ် မမြင်ကြပါဘူး။ လူတွေက ဒါကို မကြားဝံ့မနာသာ လို့ မြင်ကြတယ်လေ။ဘာလို့ လဲဆိုတော့ အဲဒါဟာ အမျိုးသမီး တွေရဲ့
သာမာန် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေမယ့်လည်း အလွန်အကျွံဖုံးကွယ်ထားခံရတာကြောင့်ပါ” လို့ သူမက ဆိုပါတယ်။

Ref:mirror.co.uk

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.