ဆိုဒ်က Host ပြောင်းတာ ဟက်ဂါ ကြီး ကြောက်လို့လေ ဟီး
database ကို backup ပြန်မဆွဲမိလိုက်ဘူးလေ ဘာပဲ ဖြစ်ဖြစ် အဖွင့် လေးအနေနဲ့ Hacking Facebook Account လေးကိုပြောပြချင်လို့ပါ 
အခုနောက်ပိုင်း facebook အကောင့်ဟက်ကြတာတွေ… ဟက်ခံရတာတွေခေတ်စားလာပါတယ်. .. အခုဖော်ပြပေးမယ့်နည်းလမ်းကေ တာ့ သင်အလိုရှိတဲ့သူရဲ့ facebook အကောင့်ကို သေချာပေါက် hack နိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်…
သတိပြုရမှာက ဒီလို hack နိုင်ဖို့အတွက် လိုအပ်မယ့် အဆင့်တိုင်းကို သင့်အနေနဲ့ သဝေမတိမ်း လိုက်နာလုပ်ဆောင်ဖို့လိုအပ် လိမ့်မယ်… ဒီနည်းလမ်းတွေကို သင့်အနေနဲ့ တလွဲအသုံးချမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုံးဝတာဝန်မရှိကြောင်းနဲ့ ဒီနည်းလမ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကလည်း ကျွန်တော်တို့နဲ့ လုံးဝမသက်ဆိုင်ကြောင်း ဆိုတာတွေကိုလည်း လေးလေးနက်နက်သတိပေးချင်ပါတယ်…
ဒီအချက်တွေကိုလက်ခံတယ်ဆိုရင်တော့ နည်းလမ်းအဆင့်ဆင့်ကို ကျွန်တော်တို့ လေ့လာကြည့်လိုက်ကြရအောင်..
၁) သင် hack ချင်တဲ့ တဲ့သူရဲ့ gmail account ကို သင့် gtalk တွင် add ပါ… facebook တွင်လည်း ထိုသူကို add ပြီး အချိန်ရလျှင်ရသလို hi ပါ… ထိုသူမှ ပြန် hi လျှင် အဆင့်(၁) အောင်ပြီဖြစ်သည်…
၂) ခင်မင်ရင်းနီးအောင် ပြောဆိုပေါင်းသင်းပါ… ထိုသူမှ အသက်အရွယ်မကွာဘဲ သင်ကမိန်းကလေးဖြစ်ပါက ထိုသူမှ ပြန် Q လာလျှင် ရေလာမြောင်းပေးလုပ်ပါ… သင်ကယောက်ျားလေးဖြစ်ပါက အတင်းဝင်ရောပါ… Q ပါ… ဤအဆင့်လုပ်ဆောင်ရန် အခြေအနေမထူးလျှင် အဆင့်(၄) သို့တိုက်ရိုက်သွားပါ…
၃) အဆင့်(၂)အတိုင်းလုပ်ဆောင်၍ သမီးရည်းစားဖြစ်သွားလျှင်.. . မိမိအသုံးမပြုသော facebook account တစ်ခုဖြင့် password ချင်း အလဲအလှယ်ပြုပြီး ချစ်သက်သေပြလိုက်ပါ… သင့်ကျွမ်းကျင်မှုအပေါ်မူတည်၍ ဤအဆင့်တွင်ပင် အောင်မြင်နိုင်ပေသည်….
၎) အဆင့်(၃)သို့သွားရန် အခွင့်မသာခဲ့လျှင် ထိုသူနှင့် mutual friend များများရအောင်လုပ်ပါ… မိသားစုဝင်များနှင့် ရင်းနီးအောင်လုပ်ပါ… ယခင်ရင်းနီးပြီးသူဖြစ်ပါက ပိုရင်းနီးအောင်နေပါ…
၅) အပြင်မှာ တွေ့ဖြစ်အောင်ချိန်းပါ… ယောက်ျားလေးဆိုလျှင် ဘီယာတိုက်ပါ… မိန်းကလေးဖြစ်လျှင် လက်ဆောင်ဝယ်ပေးပါ… အကြိုအပို့လုပ်ပါ…
၆) အင်တာနက်အတူသုံးဖြစ်အောင်ကြိုးစား၍ အကြောင်းအမျိုးမျိုးပြပြီး သူ့အကောင့်ကို တောင်းသုံးပါ… ယောက်ျားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ် မခံချိမခံသာအောင်ပြောခြင်ြး ဖင့်အောင်မြင်နိုင်သလို မိန်းကလေးများကို အချစ်ရေးအချစ်ရာများပြော၍ သနားအောင်လုပ်ခြင်းဖြင့် အောင်မြင်နိုင်သည်…
၇) အထက်ပါနည်းလမ်းဖြင့် မအောင်မြင်ပါက လူသူကင်းဝေးသောနေရာများ.. လူမရှိသောအချိန်များတွင် နှစ်ဦးတည်းတွေ့ဖြစ်အောင်ကြိုးစားပါ…
၈) အလစ်တွင် ဦးခေါင်းကို တုတ်ဖြင့်ရိုက်၍ ကြိုးတုပ်ပါ…
၉) အသက်မသေချင်လျှင် facebook password ပေးဟုခြိမ်းခြောက်ပါ…
၁၀) ခြိမ်းခြောက်၍မကြောက်ပါက ကြက်တောင်မွေးဖြင့် ခြေဖဝါးနှင့် နှာခေါင်းကိုကလိထိုးပြီး ထပ်တောင်းပါ…
၁၁) ထိုနည်းဖြင့်မရပါက ရှောက်သီးကို ချဉ်ပေါင်ရွက်နှင့်ရောနယ်ပြီး သံပုရာရည်ရည်ဆမ်းကာ ပါးစပ်ထဲအတင်းထည့်ကျွေးပါ.. . မျက်နှာရှုံ့မဲ့သွားချိန် ဓာတ်ပုံအမိအရရိုက်ပါ…
၁၂) ထိုပုံကို ဟာသ page များသို့ ပို့မည်ဟု ခြိမ်းခြောက်ပြီး password ထပ်တောင်းပါ…
၁၃) အထက်ပါနည်းလမ်းများအဆင်မပြေ ပါက ထိုသူ့ကို mention လုပ်ပြီး သူ့မကောင်းကြောင်းကို ပယ်ပယ်နယ်နယ်ရေး၍ ပြပါ… မကျေနပ်၍ ပြန်ရေးချင်ရင် password ပြောဟုတောင်းပါ…
၁၄) နောက်ဆုံးနည်းလမ်းမှာ အကောင့်ဆိုတာ ထပ်ဖောက်ရင် ရတာပဲ မင်းအသက်ထက်အရေးမကြီးပါဘူးဟု ခြိမ်းခြောက်၍ အစာငတ်ထားလိုက်ပါ…
၁၅) ဤအဆင့်များအတိုင်း လုပ်ဆောင်ပါက နောက်ဆုံးတွင် သင့်အနေဖြင့် facebook password တစ်ခု၊ အရူးလက်မှတ်တစ်စောင် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ သေချာပေါက်ရရှိမှာဖြစ်ပါတယ် …


Comments (0)
Post a Comment