နော်အုံးလှ ကို ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်ပြီ

Posted by Black Magic | Posted in , | Posted on 1:57 PM






ဓါတ်ပုံ - ကိုဟန်ဝင်းအောင်

ယနေ့မနက်(၁၀)နာရီခန့်တွင် နော်အုံးလှ အား မုံရွာထောင်ထဲမှ ခေါ်ထုတ်လာပြီး၊ နေ့လည်(၁၁း၃၀)တွင်
မုံရွာတရားရုံးမှ ပုဒ်မ(၅၀၅/ခ)ဖြင့် ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

ယခုအခါ နော်အုံးလှ အား မုံရွာထောင်ထဲသို့ ပြန်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်ခေါင်းဆောင် နော်အုံးလှ သည် လက်ပန်တောင်းတောင်
ဒေသခံ ပြည်သူများဖက်မှ ရပ်တည်၍ (၁၃-၈-၂၀၁၃)ရက်နေ့တွင် မုံရွာမြို့ဖက်ခြမ်း ချင်းတွင်းမြစ်ဆိပ်ကမ်း
မှ စတင်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မုံရွာမောင်ဆေးခန်းအနီးတွင် အာ
ဏာပိုင်တို့၏ ပိတ်ဆို့ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

နော်အုံးလှနှင့်အတူ ဒေသခံရွာသူ(၉)ဦးပါ ဖမ်းဆီးခြင်း ခံရပြီး၊ ထို့နေ့ညနေ (၅း၃၀)နာရီခန့်တွင် နော်အုံးလှ
အား ပုဒ်မ(၅၀၅/ခ)ဖြင့်အမှုဖွင့်ပြီး မုံရွာထောင်ကိုပို့ လိုက်သည်။ ဒေသခံရွာသူ(၉)ဦးကိုပုဒ်မ(၁၈)ဖြင့် အမှု
ဖွင့်ကာ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

နော်အုံးလှအား (၂၇-၈-၂၀၁၃)ရက်နေ့တွင် ထောင်မှထုတ်၍ တရားရုံးတွင် စွဲချက်တင်ပြီး(၂၈-၈-၂၀၁၃)
ရက်နေ့သို့ ပြန်လည်ချိန်းဆို လိုက်ပါသည်။ နော်အုံးလှသည် အာဏာပိုင်တို့ အကြမ်းဖက်မှု တဖက်သတ်
အမှုဖွင့် ရုံးတင်မှုတို့ကို ကန့်ကွက်သောအားဖြင့် (၂၈-၈၂၀၁၃)ရက်နေ့ နေ့လည်(၁၁)နာရီတွင် ရုံးမထွက်ပဲ
ထောင်ထဲမှာပင်ဆန္ဒပြခဲ့ပါသည်။

ရဲများ လုံထိန်းများက နော်အုံးလှအား ထောင်ထဲမှ ခေါ်ယူလာပြီး ရုံးတင်စစ်ဆေးနိုင်ရန် ပြုလုပ်ခဲ့ရာ နော်
အုံးလှသည် လမ်းပေါ်တွင် လှဲအိပ်ခဲ့သောကြောင့် အတင်းအဓမ္မဆွဲယူ မှုများကို အာဏာပိုင်တို့ ပြုလုပ်ခဲ့
ကြပြီး အဝတ်အစားများ ဆုပ်ပြဲခြင်း ပွန်းပဲ့ခြင်းများ ခံစားခဲ့ရပါသည်။

မုံရွာတရားရုံးအရောက်တွင် အာဏာပိုင်တို့ဘက်မှ လုံခြုံရေးနှင့်တရား ဥပဒေ စိုးမိုးရေး ဦးသိန်းကျော်အေး၊
ဦးလူအေး၊ ရဲမှူးကြူအင်းတို့ကိုသာ စစ်ဆေး နိုင်ခဲ့ပြီး နေ့လည်(၂)နာရီတွင်ဒေါ်နော်အုံးလှအားမုံရွာထောင်
ထဲသို့ ပြန်ထည့်လိုက်သည်။

နော်အုံးလှသည်(၁၃-၈-၂၀၁၃)ရက်နေ့ ဖမ်းဆီးခံခဲ့ရစဉ်တလျှောက်လုံးတွင် ကြွေးကြော်ခြင်း၊ အော်ဟစ်
ခြင်း၊ အလံထောင်ခြင်း၊ ပိုစတာ စသည့် နိုင်ငံရေး အဆောင်အယောင်များ လုံးဝပါဝင်ပြုလုပ်ရခြင်းမရှိပဲ
လမ်းလျှောက်ရုံ သက်သက်ဖြင့် အကြမ်းဖက်ဖမ်းဆီးခံရခြင်း ဖြစ်သည်၊၊

by Myanmar News Now

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.