မြန်မာပြည်ကို မန်နီဂရမ် (MoneyGram) ရောက်လာ ပါပြီ

Posted by Black Magic | Posted in | Posted on 1:56 PM





"၁ဝ မိနစ်အတွင်း ငွေအရောက်ပို့ပေးသည်" လို့ MoneyGram က အခုရက်ပိုင်းအတွင်း မီဒီယာမှာ မပြတ်
ကြော်ငြာနေပါပြီ။

ငွေအရောက်ပို့ပေးသည် ဆိုတော့ အိမ်မှာ ထိုင်စောင့်နေဖို့ ဆိုလိုခြင်း မဟုတ်ပါဘူး။


"မြန်မာနိုင်ငံရှိ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်များ တည်ရှိရာ နေရာတိုင်းတွင်
၁ဝ မိနစ်အတွင်း ထုတ်ယူနိုင်ပါသည်" လို့ ဒီကနေ့ သတင်းစာကြော်ငြာတခုမှာ ဆိုထားပါတယ်။

အဲဒီကြော်ငြာမှာ ရေးမထားပေမယ့် မန်နီဂရမ် က AGD ဘဏ်နဲ့လည်း တွဲလုပ်နေပါပြီ။

သိပ်မကြာသေးခင်က Western Union မြန်မာပြည် ရောက်လာပါတယ်။
အခုတော့ ပြိုင်ဘက် MoneyGram ရောက်လာပါပြီ။

စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ အမေရိကန်ရောက်နေတဲ့ မြန်မာပြည်သား အများအပြားက အိမ်ကို ငွေပြန်ပို့ကြ
ပါတယ်။

သူတို့ထဲက အတော်များများက Western Union ကို သုံးလာကြသလို အခု အသစ်ပေါ်လာတဲ့ Money
Gram ကိုလည်း သုံးကြမှာ အသေအချာပါပဲ။

Western Union နဲ့ MoneyGram ဘယ်ဟာကို သုံးကြမလဲ။
ဒါကတော့ ငွေပို့သူက ဆုံးဖြတ်ပါလိမ့်မယ်။
ပမာဏ များများပို့ရင် ဘယ်ဟာက ဝန်ဆောင်မှု ပိုယူသလဲ။
နည်းနည်းပို့ရင်ရော ဘယ်ဟာက ဝန်ဆောင်မှု ပိုယူသလဲ။
ဒါတွေကို ပို့သူက စနည်းနာပြီး ဆုံးဖြတ်ပါလိမ့်မယ်။

ဝန်ဆောင်မှု တဒေါ်လာလောက် ကွာတာကို ဂရုမစိုက်ဘူး ငါနေတဲ့အိမ်နား အလုပ်နားမှာ သွားလာ
တတ်တဲ့လမ်းမှာ Western Union ရှိသလား၊ MoneyGram ရှိသလား ဆိုတာကလည်း သူ့အတွက်
အရေးကြီးပါလိမ့်မယ်။ အွန်လိုင်းကနေလုပ်ရတာ ဘယ်ဟာက အဆင်ပြေမလဲ ဆိုတာလည်း သူက
ထည့်တွက်ကောင်း ထည့်တွက်မှာပါ။

မြန်မာပြည် နေရာတိုင်းမှာ ထုတ်လို့ ရမယ် မဟုတ်ပါဘူး။

"Our money transfer services will be offered in 10 of Myanmar’s 14 states" လို့ ထုတ်ပြန်
ချက်တစောင်မှာ MoneyGram က ဆိုထားပါတယ်။

ပြည်နယ်တိုင်း ဆယ်ခုမှာ ငွေထုတ်နိုင်ပါတယ် တဲ့။ သူတို့တွဲလုပ်နေတဲ့ဘဏ်တွေရဲ့ ဘဏ်ခွဲတွေက
ပြည်နယ်တိုင်း ဆယ်ခုမှာပဲ ရှိလို့ ဖြစ်ပါလိမ့်မယ်။MoneyGram ရဲ့ ကြော်ငြာပုံက ခုချိန်အထိ ခပ်ရိုးရိုး
ဖြစ်နေပါတယ်။

သူ့ပြိုင်ဘက် Western Union ကတော့ အထက်ကပုံမှာ ပြထားတဲ့အတိုင်း ရွှေတိဂုံဘုရားပုံ၊ သနပ်ခါး
လိမ်းပြီးပြုံးနေတဲ့အမျိုးသမီးပုံတို့နဲ့ ဆွဲဆောင်မှုရှိရှိ ကြော်ငြာပါတယ်။

နိုင်ငံတကာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ နာမည်ကြီးတွေ မြန်မာပြည်ရောက်လာပြီ ဆိုတော့ နှစ်ပေါင်း
များစွာသုံးလာတဲ့ ဟွန်ဒီသမားတွေကို သိပ်ပြီး အားကိုးကြတော့မယ် မဟုတ်ပါဘူး။
ဟွန်ဒီသမားတွေကို ဆက်ပြီး သုံးသူက သုံးကြမှာပါ။
ဘာကြောင့်လဲ ဆိုတော့ ဟွန်ဒီသမားနဲ့က ဆက်ဆံရင်းစွဲရှိပြီးသား၊ ဘာသာစကားလည်း အခက်အခဲ
မရှိ၊ ဖောင်လည်း ဖြည့်စရာမလို အစရှိတဲ့ အားသာချက်များလည်း ရှိနေလို့ ဖြစ်ပါတယ်။

The Irrawaddy's Blog by zarny win

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.