Posted by Black Magic | Posted in Facebook | Posted on 10:50 PM

ကျနော်တို့ အိုလာတဲ့ တစ်ချိန်ချိန်ကျရင် ကျနော်တို့ရဲ့ Facebook Status မှာ ဘာတွေများရေးကြမလဲနော်?
၁) Check in မှာ ဘယ်သူဘယ်သူရဲ့ Wedding အစား ဘယ်သူဘယ်သူရဲ့ Funeral ဖြစ်သွားမယ်…
၂) အခုတလော စိုင်းစိုင်းလေးရဲ့သီချင်းကိုနာ
၃) ဆီစားသက်သာတဲ့ 1300 CC ကားကိုမောင်းပြီး မြေးလေး ကျောင်းဆင်းတာကိုသွားကြိုတော့ မော်တော်ပီကယ် ကမြို့ထဲမှာ ဓာတ်ဆီကားမောင်းလို့မရဘူးလို့ ထပ်ပြီး ပြောတာခံလိုက်ရတယ်…
၎) နှလုံးရောဂါ ဖောက်ပြန်ပြီ… ဆေးရုံတက်တော့ Nurse က ကျောင်းတုန်းက ရည်းစားဦးရဲ့မြေးလေး…
၅) မွေးနေ့ရောက်ပြန်ပြီ… သားက Samsung Galaxy S50 လက်ဆောင်ပေးတယ်… နှမြောဖို့ကောင်းတာက S III လောက်မလှဘူး…
၆) ဒီနေ့ သူငယ်ချင်းနဲ့ ဈေးသွားပတ်တော့ ဂိမ်းကြော်ငြာ အကြီးကြီးတစ်ခုတွေ့တယ်… သူပြောတယ်… လွန်ခဲ့တဲ့ အနှစ် ၅၀ က Angry Bird ကို သတိရတယ်တဲ့…
၇) ဒီနေ့အဖွားကြီးရဲ့မွေးနေ့… Shopping center မှာ လက်ဆောင်သွားဝယ်တော့ ကောင်တာက မိန်းကလေးက ဒီတစ်နှစ် ခေတ်အစားဆုံး အသားရောင် အသားကပ်ခြေအိတ်ထုတ်ပြတယ်… ကျနော်သံသယ ၀င်မိတယ်… အနက်ရောင် ဟာခေတ်မစားခဲ့တာ ဘယ်လောက်ကြာနေပြီလဲ…
၈) ညနေခင်း နေရောင်ခြည်ဖျော့ဖျော့အောက်မှာ တုတ်ကောက်လေးနဲ့ ဘောလုံးကွင်းဘက်ကိုလမ်းလျှောက်ထ
၉) ကွန်ပြူတာ မော်နီတာကို သေသေချာချာစိုက်ကြည့်နေတယ်… လွန်ခဲ့တဲ့ အနှစ် ၆၀ က Timeline ကို ပြန် လှန်ကြည့်နေတယ်… သူငယ်ချင်းတော်တော်များများရဲ့ နာမည်ဟာ ငါ့ Notification ထဲမှာ မပေါ်လာတော့ပါလား… သူငယ်ချင်းတော်တော်များများရဲ့ ပုံတွေဟာ News Feed မှာမတွေ့ရတော့ပါလား… Chat Box မှာ သူတို့ မီးမစိမ်းတော့ပါလား…
ကိုယ်တွေဖြတ်သန်းနေတဲ့ နေ့ရက်တိုင်းကို တန်ဖိုးထားပါ… အမှန်တကယ်ဆိုရင် ဒီလူ့တစ်သက်ဆိုတာ အရမ်းအရှည်ကြီးမဟုတ်ပါဘူး… တစ်နေ့နေ့ တစ်ရက်ရက် နိုးလာတဲ့အချိန်မှာ … အော်… ငါတို့အိုနေပြီကိုး…
ဒီစာလေးဟာ ခင်ဗျားရဲ့ရင်ထဲကို ထိရိုက်ခဲ့တယ်ဆိုရင်…
အားလုံးတန်ဖိုးထားတတ်အောင် မျှဝေပေးလိုက်ပါဗျာ…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ










Myanmar Kyat Converter
Comments (0)
Post a Comment