နှစ် ၁၀၀အတွင်း အကောင်းဆုံး ဆုံးဖြတ်ချက်ချခဲ့တဲ့ ဖာဂူဆန်

Posted by Black Magic | Posted in , | Posted on 1:42 AM

နှစ် ၁၀၀အတွင်း အကောင်းဆုံး ဆုံးဖြတ်ချက်ချခဲ့တာ ဖာဂူဆန်

အားကစားလောကမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို စစ်တမ်းကောက် လေ့လာရာမှာမန်ယူနည်းပြဟောင်း ဖာဂူဆန်က အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်သူအဖြစ် ရပ်တည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၁၀၀အတွင်း အားကစားလောကရဲ့ ဆုံးဖြတ်ချက်တွေကို Sky Sports ကနေ သုတေသနလုပ်ခဲ့ရာမှာ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ဘိုင်ယန်မြူးနစ်ကို ၁-၀ဂိုးနဲ့ ရှုံးနေတဲ့အချိန် ရှာရင်ဂမ်၊ ဆိုးလ်ဂျားတို့ကို လူစားလဲဖို့ ဖာဂူဆန် ဆုံးဖြတ်ခဲ့ပြီး ဒီကစားသမား ၂ယောက်က ၉၁မိနစ်နဲ့ ၉၃မိနစ်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့လို့ အကောင်းဆုံး ဆုံးဖြတ်ချက်အဖြစ် ရွေးချယ်ခဲ့တာပါပဲ။

Sky Sports ရဲ့ စစ်တမ်းအရ ဒုတိယအကောင်းဆုံး ဆုံးဖြတ်ချက်ကတော့ မက်ဆီကို ဆေးကုသမှု စရိတ် ကုန်ကျခံခေါ်ယူခဲ့တဲ့ ဘာစီလိုနာရဲ့ ဆုံးဖြတ်ချက်ပါပဲ။ မက်ဆီဟာ အသက် ၁၁နှစ် အရွယ်မှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ပြီး ဒီအတွက် သူ့ရဲ့ ဆေးကုသမှုစရိတ်က တစ်လကို ပေါင် ၉၀၀ ကုန်ကျမှာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်ပေးပြီး မက်ဆီကို ခေါ်ခဲ့တဲ့ ဘာစီလိုနာဟာ ဒီကစားသမားကြောင့် အံ့မခန်းအောင်မြင်မှုတွေ ရခဲ့ပြီး ဒီအတွက် အခုလို ရွေးချယ်ခံရတာဖြစ်ပါတယ်။

တတိယအကောင်းဆုံးအဖြစ် ရှိနေတာကတော့ ၂၀၀၅ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲက လီဗာပူးနည်းပြ ဘင်နီတက်ဇ်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ပွဲအစတစ်မိနစ်မှာ ဂိုးစပေးလိုက်ရတာနဲ့အတူ လီဗာပူးဟာ အေစီမီလန်ကို ၃ဂိုးပြတ် ရှုံးနိမ့်နေပြီး ဒီအချိန်မှာ ကွင်းလယ်လူ ဟာမန်းကို လူစားလဲဖို့ ဘင်နီတက်ဇ်က ဆုံးဖြတ်ခဲ့ပါတယ်။ ဟာမန်းဟာဂိုးမသွင်းနိုင်ခဲ့ပေမယ့်
အေစီမီလန် ကွင်းလယ်လူ ဆီးဒေါ့ဖ်နဲ့ ကာကာတို့ နှစ်ဦးချိတ်ဆက်ပြီး တိုက်စစ်လမ်းကြောင်း ပုံဖော်တာကို ဟန့်တားနိုင်ခဲ့ပါတယ်။ ဒီအတွက် ဂျရတ်က တိုက်စစ်လိုက်ပါကစားပြီး လီဗာပူးကို ပြန်အသက်ဝင်စေခဲ့တာလို့ နည်းဗျူဟာ ပညာရှင်တွေက သုံးသပ်ခဲ့ဖူးပါတယ်။
http://yoyarlay.com/sport/football/37310-2013-08-20-14-06-03
ဇော်ထွန်း(ရိုးရာလေး)

Credit to ရိုးရာလေး

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free

Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.