၁၅၀၀ CDMA Handset ၀ယ်ယူသူများသတိပြုရန်

Posted by Black Magic | Posted in | Posted on 8:14 PM

    (၁)
အကောင်းဆုံးကတော့ ဖုန်းဝယ်တဲ့အခါမှာ အသုံးပြုမယ့်ဖုန်း Card ကိုယူသွားပြီး ကိုယ်ဝယ်ချင်တဲ့ Handset ထဲတစ်ခါတည်းထည့်စမ်းလိုက်တာ အကောင်းဆုံးပါပဲ... အခု ၁၅၀၀ ဖုန်း ပေါ်ပြီးတဲ့နောက်ပိုင်းမှာ တချို့ Huawei ဖုန်းတွေ Lock ကျတဲ့ ပြသနာတွေရှိလာပါတယ်... နှစ်မျိုးလုံးသုံးလို့ရတဲ့ handset ၀ယ်ပြီးမှ CDMA အပိုင်းပဲအလုပ်လုပ်ပြီး GSM အတွက်အလုပ်မလုပ်တာမျိုးတွေ ရှိပါတယ်... ဖုန်းကဒ်နဲ့မစမ်းဘဲဝယ်မိရင် ဒုက္ခရောက်နေပါလိမ့်မယ်.. Network Lick ဖြစ်နေမယ်ဆိုရင် Phone ခေါ်လိုက်တာနဲ့ Call End ပဲပေါ်နေပါလိမ့်မယ်

( ၂ )
 ငွေဖြည့်ကဒ်ထဲတဲ့အခါ
တစ်ချို့ကဖုန်းကိုဝယ်ဝယ်ပြီးခြင်းကဒ်ချိုးပြီးတော့ ငွေဖြည့်ကဒ်တည်းဖြည့်တတ်ပါတယ်။ ရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကဒ်တွေကိုစစအသုံးပြုပြုခြင်းမှာ စတင်အသုံးပြုပါပြီဆိုတဲ့အကြောင်းကြားချက်ကို Server ကိုလှမ်းမပို့ရသေးလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကဒ် စစချိုးပြီးပြီးချင်းကဒ်ထည့်ပြီးတာနဲ့ *123 ကိုတစ်ချက်ဖုန်းလှမ်းခေါ်ကြည့်လိုက်ပါ။ ခဏနေရင် မိမိဖုန်းထဲကို Message တစ်စောင်ပြန် ရောက်လာမည်ဖြစ်ပြီး၊ ဖုန်းစတင်အသုံးပြုလို့ရပြီဆိုတဲ့အဓိပါယ်ပဲဖြစ်ပါတယ်။ ပြီးရင်တော့ ငွေဖြည့်ကဒ်ထည့်လို့ရပါပြီ။

(၃)
 ငွေဖြည့်ကဒ်ဝယ်တဲ့အခါ
ဒါကတော့များသောအားဖြင့်ရောင်းတဲ့ဆိုင်တွေက ဘယ်ဖုန်းအတွက်ငွေဖြည့်ကဒ်လိုတာလဲလို့မေးရောင်းလေ့ရှိပါတယ်။ သို့ပေမဲ့ တစ်ချို့တွေက CDMA ဖုန်းကဒ်ဆိုပြီးဝယ်လိုက်ပြီး ၁၅၀၀ ဖုန်းတွေမှာဖြည့်
တာမျိုးရှိတတ်ပါတယ်။ CDMA 800Mhz ချင်းအတူတူတောင်မှ 7031 နဲ့အတွက်ငွေဖြည့်ကဒ်ကွဲနေတယ်ဆိုတာသတိပြုထားရပါမယ်။
 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.