Posted by Black Magic | Posted in Google , ဗဟုသုတများ , သတင်းများ | Posted on 8:16 PM

Chromecast ဆိုတဲ့ အရာလေးဟာ မိမိ အသုံးပြုတဲ့ Mobile Device က အွန်လိုင်း ရုပ်သံများကို တီဗွီ က
နေ တဆင့် မြင်ကွင်းကျယ် ရုပ်သံ ပီပြင်စွာ ကြည့်ရှုနိုင်ဖို့  Wireless ချိတ်ဆက် အသုံးပြုနိုင်တဲ့ Adapter
လေး တစ်ခု ပဲ ဖြစ်ပါတယ်။
နှစ်လက်မ အရွယ် ရှိပြီး Memory Stick နဲ့ ဆင်တူပါတယ်။ အွန်လိုင်း ပေါ်က ဖျော်ဖြေရေး ၀ဘ်ဆိုက်များ
ဖြစ်တဲ့ Yube Tube နဲ့ Netfix တို့ လို Streaming Media များကို ကြည့်ရှုနိုင်ဖို့  ဖန်တီးထားတဲ့ အရာလေး
ပါ။
Android နဲ့  iOS သုံး မည့်သည့် Mobile Device နဲ့ မဆို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။
မိမိအသုံးပြုတဲ့ Device နဲ့ ချိတ်ဆက်ပြီးပြီးဆိုရင်တော့ထို Device ကို တီဗွီ မှာ ကြည့်ရှုလိုတဲ့ Program
များအတွက် Remote Control အဖြစ် အသုံးပြုနိုင်ပါမယ်။
ထို Gadget လေးကို အသုံးပြုတဲ့ အခါမှာတော့ TV မှာပါတဲ့ HDMI Port မှာ ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။
#Chromecast က Google က ထုတ်လုပ်တာ ဖြစ်တဲ့ အတွက် Google နဲ့  ချိတ်ဆက်ထားတဲ့ digital Media များကိုသာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထို Media များအတွက် App များကတော့ မိမိအသုံးပြုတဲ့ Mobile Device မှာ ထည့်သွင်းထား ရပါမယ်။
အွန်လိုင်းမှာ တိုက်ရိုက်ကြည့်ရှု့ နိုင်တဲ့ အစီအစဉ်များကို တီဗွီနဲ့ ချိတ်ဆက် ကြည့်ရှု နိုင်ဖို့  ပြုလုပ်ထားပေး
တဲ့ အရာလေးလို့ ပဲ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။
ကိုယ်တွေ တုန်းကတော့ Fiber Internet လိုင်းကနေ #Youtube က ဇာတ်ကားတွေကို Projector နဲ့ ထိုးပြီး ကြံဖန် ကြည့်ခဲ့ရတော့ ..သူတို့ လည်း ဒီလို မြင်ကွင်းကျယ် ကြည့်နိုင်ဖို့  အိုင်ဒီယာများ ရလေ
သလားလို့  ထင်မိစရာပါ ။
ဘာဘဲ ပြောပြော မြင်ကွင်းကျယ်နဲ့  အွန်လိုင်း ရုပ်သံများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းက ၃၅ဒေါ်လာ ဆိုပြီး Google မှာ တရားဝင် ရောင်းချနေပါပြီ ။
ဦးဆုံးအနေနဲ့  US မှာရောင်းချနေပြီး နောက်ပိုင်း မကြာခင်တော့ နိုင်ငံတကာကို ဖြန့် ချီမယ်လို့  သိရပါ
တယ်။
Ref:Wiki,Cnet










Myanmar Kyat Converter
Comments (0)
Post a Comment