Syphilis Tests (+18)

Posted by Black Magic | Posted in , | Posted on 6:13 PM


ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ
သူငယ်ချင်းတယောက် ကာလသားရောဂါ ဖြစ်ဘူးပါတယ်။ သူက မိန်းကလေး အိမ်ထောင်မရှိဘူးသလို အပျော်အပါး ဘယ်ယောကျော်းလေးနဲ့ မှလည်း ဘာမှ မဖြစ်ခဲ့ဘူးပါဘူး။ သူက သွေးလှူနေကျ လူတ ယောက်ပါ။ သူသွေးလှူဖို့ သွေးစစ်တဲ့အခါကျမှ သူ့မှာဒီရောဂါ ရှိနေတယ်ဆိုတာ သိရတာပါ။ VDRL စစ် တော့ 2 dilute ဆိုပြီးပြတယ်။ TPHA ထပ်စစ်တော့ Positive ပြပါတယ်။ ဒါနဲ့သူလည်း ဆေးကုသမှုခံယူပြီး ၁ ပတ်အကြာဆေးထပ်စစ်တော့ 1 dilute ဆိုပြီး ပြတာ အခုချိန်ထိပါပဲ။ သူ့ကို ပင်နီဆလင်ထိုးပေးပါတယ်။ သိချင်တာကတော့ ဆေးကုသမှုခံယူပြီး သူ့မှာ VDRL မှာ negative ဆိုပြီးမပြတာလဲပါ။ အဲလို negative မပြချင်းဟာ ရောဂါက လုံးဝမပျောက်တာလား တခြားလူကိုရော ကူးစက်နိုင်သေးလား။ 1 dilute ဆိုပြီး ကျန်နေသေးတာက ရောဂါပျောက်သွားတာလား၊ ရောဂါပိုးအားလျော့နည်း သွားတာလားဆိုတာရယ်၊ အဲ့ဒီ 1dilute ကရော ဘယ်အချိန်ဆို negative ပြနိုင်ပါသလဲ။ 1 dilute ဆိုတာ ပြနေသေးတဲ့အတွက် ဆေးထပ် ကုသမှုခံယူဖို့လိုပါသေးလား။ negative ဖြစ်ရန်အတွက် TPHA positive ကတော့ ဘယ်အချိန်စစ် ဒီ positive ပဲတသက်လုံးပြမယ်ဆိုတာ သိပါတယ်။ VDRL မှာ negative ပြတယ်ဆိုတာရှိပါသလား။ ဒါမှမ ဟုတ် ဆေးကုသမှုခံယူပြီးလျင် ရောဂါ dilute နည်းသွားတယ် ဆိုတာက ရောဂါပျောက်သွားတာကို ဆိုလို တာလား။ ကျန်နေသေးတာလား၊ ဆေးကုသမှုထပ်ခံယူသင့်လားဆိုတာ သိချင်ပါတယ်ဆရာ။ သူ့မှာအခု စိတ်ကျနေတဲ့အတွက် ပြောပြပြီး အားပေးချင်ပါတယ်။

RPR Test စမ်းသပ်နည်း
• RPR ကို Rapid Plasma Regain လို့အရှည်ခေါ်တယ်။ Syphilis ဆစ်ဖလစ် (ကာလသား) ရောဂါကို လူအများစုမှာ ရှိ-မရှိ စမ်းသပ်နည်းဖြစ်တယ်။ သွေးထဲမှာ Antibodies (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံဓါတ်ကို စမ်းတာဖြစ်တယ်။ ရောဂါပိုး တမျိုးမျိုး ကိုယ်ထဲဝင်လာရင် အဲဒါကို တန်ပြန်တိုက်ထုတ်မဲ့ဓါတ်မျိုး ထုတ်ပေး တယ်။ အဲလို ခုခံဓါတ်ရှိနေခြင်းဟာ အရင်က ပိုးဝင်ထားတယ်လို့ ပြောနေတာဖြစ်တယ်။ Venereal Disease Research Laboratory (VDRL) test စမ်းသပ်နည်းနဲ့ ဆင်တူတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေကို ဒီနည်းသုံးတယ်။ တချို့နိုင်ငံတွေမှာ လက်မထပ်ခင် ဆေးစစ်နည်းတွေထဲမှာ ထည့်ထားတယ်။
• ဆေးကုသနေသူကို တိုးတက်မှုတိုင်းတာဘို့မှာလဲ သုံးတယ်။ (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံဓါတ်က ကျလာနေရင် ဆေးက ထိရောက်တယ်လို့ ပြောတာဖြစ်တယ်။
• ဒီစမ်းသပ်နည်းမှာ အနုတ်ပြရင် ပုံမှန်ဖြစ်တယ်။ တခါတလေမှာ ကိုယ်ကနေ (အင်တီဘော်ဒီ) ခေါ်တဲ့ ခုခံဓါတ်ကို ထုတ်မပေးနိုင်ရင်တော့ အဖြေဟာ မှားနိုင်တယ်။ False-negatives မှားပြီး အနုတ်ပြတယ်လို့ခေါ်တယ်။
• ရောဂါပိုးဝင်နေတာက သိပ်စောနေရင်၊ ရောဂါဖြစ်နေတာက နောက်ကျနေရင်လဲ မှားပြီးအနုတ်ပြနိုင်သေး တယ်။
• စမ်းသပ်နည်းမှာ အပေါင်းပြနေရင် ပိုးဝင်ထားသူဖြစ်တယ်။ ဒီနည်းတခုတည်းနဲ့ မလုံလောက်သေးပါ။ FTA-ABS test စမ်းသပ်နည်းဆက်လုပ်ရမယ်။
• IV drug use မူးယစ်ဆေးထိုးသူ၊ Lyme disease လိုင်းမ်ရောဂါရှိသူ၊ Pneumonia နူမိုးနီးယားတချို့၊ Malaria ငှက်ဖျား၊ Pregnancy ကိုယ်ဝန်၊ Systemic lupus erythematosus (လူးပတ်စ်) နဲ့ Autoimmune disorders တခြား ခုခံအား ကမောက်ကမရောဂါတွေနဲ့ Tuberculosis (TB) တီဘီရောဂါ တွေရှိနေရင်လဲ ဒီစမ်းနည်းမှာ အပေါင်းပြနေနိုင်တယ်။

FTA-ABS test စမ်းသပ်နည်း
• FTA-ABS test စမ်းသပ်နည်းကလဲ သွေးကိုစမ်းတာဖြစ်တယ်။ Syphilis (ဆစ်ဖလစ်) ရောဂါကိုဖြစ်စေတဲ့ Treponema pallidum ပိုးကိုတန်ပြန်တိုက်မဲ့ (အင်တီဘော်ဒီ) ကိုစမ်းသပ်တာဖြစ်တယ်။ Screening test အများသူငါကို စမ်းနည်းထက် ပိုသေချာတယ်။ Confirmation test လို့ခေါ်တယ်။
• Screening test တွေကတော့ VDRL နဲ့ RPR စမ်းသပ်နည်းတွေဖြစ်တယ်။ အပေါင်းပြနေသူမှာ ရောဂါရှိ နေတယ်လို့ ပြောနိုင်ပြီ။
• Negative ဒါမှမဟုတ် Nonreactive result အဖြေထွက်ရင် ဆစ်ဖလစ်ပိုး အခုလဲမရှိ။ အရင်ကလဲ မရှိဘူး လို့ ပြောနိုင်တယ်။ အဖြေရေးတာမှာ ဓါတ်ခွဲခန်းတွေက မတူကြပါ။
• FTA-ABS positive ဆိုတာဟာ ပိုးရှိနေတယ်။ ဒါ့အပြင် ဆေးကုသမှုခံယူထားပေမဲ့လဲ အပေါင်းဆက်ပြ နေပါသေးတယ်။ ဒါကြောင့် ဆေးကုသမှုရဲ့ ထိရောက်မှုအတွက် ဒီနည်းကို မသုံးရပါ။
• (ဆစ်ဖလစ်) မဟုတ်ဘဲ Yaws နဲ့ Pinta ရောဂါရှိနေသူတွေမှာလဲ အပေါင်းပြနိုင်တယ်။ Lupus ရောဂါရှိသူ အမျိုးသမီးတချို့မှာလဲ မှားပြီး အပေါင်းပြနိုင်သေးပါတယ်။
• Fluorescent treponemal antibody absorption test လို့လဲ တခြားနာမည်နဲ့ခေါ်သေးတယ်။

VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း
http://dts-medicaleducation-adult.blogspot.in/2012/05/vdrl-tpha.html

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၃

Thu, Sep 26, 2013 at 7:35 AM
တချို့သော ဆေးပညာစကားတွေကို သိပ်နားမလည်းဘူးဖြစ်နေပါတယ် အခုသိချင်တာကတော့ သူငယ် ချင်းက ဆေးကုသမှုခံယူပြီးသော်လည်း 1 dilute ပြနေချင်းဟာ ဆေးကုသမှုဆက်ခံယူဖို့ လိုပါသေးသ လား။ ရောဂါ မပျောက်သေးဘူး ဆိုတာပြတာပါလား။ 1 dilute ပြနေချင်းဟာ ကောင်းတဲ့လက္ခဏာလား၊ မကောင်းတဲ့လက္ခဏာပါလား ဆရာ။ အဲ့ဒီလိုရောဂါကို ဆေးကုသမှုခံယူုပီးရင်ရော သွေးစစ်တဲ့အခါ negative ဆိုတာ ပြကို ပြရမှာလားဆရာ။ အကယ်၍ negative ပြကိုပြရမှာဆိုရင်တော့ သူဘယ်လို ဆေး ကုသမှုမျိုး ဆက်လုပ်ရပါ့မလဲ။ ဆေးပညာလောကစကားကို သိပ်နားမလည်လို့ ရိုးရှင်းစကားနဲ့ပြောမိတာပါ။

စာထဲမှာ ပါပါတယ်။ မေးခွန်းထဲမှာလဲ ဆေးစာတွေပါထည့်မေးတာမို့ အဲလိုဖြေထားတာဖြစ်ပါတယ်။ Dilution နည်းလာခြင်းဟာ ဆေးကုသမှုကောင်းနေတယ်လို့ဆိုလိုတယ်။ ဆေးကုသမှု ပြီးပြည့်စုံပေမဲ့ အနုတ်ပြမှာမဟုတ်ပါ။ ခုခံအားတွေကိုသာ စမ်းရတာဖြစ်လို့ပါ။ ဆစ်ဖလစ်စမ်းသပ်နည်းတွေက တခုမက ရှိတာလဲ တွေ့မှာပါ။ (ကွန်ဖမ်မေးရှင်း) သေချာအောင်စစ်နည်း ဆက်လုပ်ဘို့လိုနိုင်ပါတယ်။ ဒါပေမဲ့ဆေးကု ထားတာမို့ အဖြေတွေက ဆေးမကုသူ၊ ရောဂါရှိနေသူတွေလို အတူမဟုတ်နိုင်ပါ။ ဆေးကုပေးတဲ့ ဆရာဝန် ကိုလည်း မေးမြန်းနိုင်ပါတယ်။

Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ
http://dts-medicaleducation-adult.blogspot.in/2012/03/syphilis-treatment.html

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.