ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ

Posted by Black Magic | Posted in | Posted on 3:51 PM




(မှတ်ချက် - သရော်စာဖြစ်ပါသည်။ သတင်းဆောင်းပါး မဟုတ်ပါ။)

တနေ့တ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားအမည်ခံထားသူကိုအင်း
Dismissစိန်ထောင်သို့ပို့ရေးမပို့ရေးကို ငြင်းခုံနေသောကြောင့်ဖြစ်လေ၏။

အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။

ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကို မဲခွဲကြရသည်အထိ ငြင်းခုံချက်က ပြင်းထန်သည်ကို တွေ့ရ၏။

မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။

မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။

ဗိုလ်ချုပ်လေးခင်ညွန့်တို့ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာ
ဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။

ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှတဆင့်ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။

ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။

လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။

သတင်းအချက်အလက်မှာ ခိုင်လုံ၏။ ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။

အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်းဒေါက်တာဆိတ်ဖွား သတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။


မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။

မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။

 ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား - လူမည်းရပ်ကွက်အတွင်း
 ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။


မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက
 ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။

သူ ရုပ်ပြောင်းရုပ်လွဲ တနာရီတမျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကို တွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ် ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။



သို့သော်လည်း သူ၏ လုံခြုံရေးအတွက် သေနတ် ၂ လက်ကို သူကျက်စားသည့် လူမည်းရပ်ကွက် မှောင်
ခိုဈေးမှ ၀ယ်ထားသည်ဟု ဆို၏။ သေနတ် တကားကားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးယူနေသည့် ပုံတစ်
ပုံကိုလည်း ဖေ့ဘုတ်တွင် တင်လိုက်သေး၏။

ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ....


အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား ... လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။

အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။

ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။

အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။


သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။

သူ့လွတ်မြောက်ရေးကိုဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစ ခြံစည်းရိုးမရှိသတင်းစာဆရာများအဖွဲ့အထိ
 တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။

ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိ
အဖြစ် ခန့်အပ်လိုက်သေးသည်။ အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။

ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရ
မည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်
လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။

မိုးမခ http://moemaka.com/ တွင် ဖော်ပြထားသော သရော်စာကို ကူးယူ ဖော်ပြသည်။

ရန်လိုကျွဲ ~

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.