Posted by Black Magic | Posted in ကျန်းမာရေး | Posted on 3:27 PM
Photo - Google :)
ခုခေတ်မှာ ဒေါက်ဖိနပ်စီးသူတွေက
ရိုးရိုးဖိနပ် စီးသူတွေထက် များပြားလှပါတယ်. . . . အလှအပပစ္စည်းများ
ဟာ လည်း နေ့ချင်းညချင်း
တိုးတက်လာသလို အလှအပကို ရှာဖွေပြီး လှပအောင် နေလာသူတွေလည်း
များလှပါတယ်. .. ဒေါက်ဖိနပ်မြင့်မြင့်စီးတဲ့
မိန်းမပျိုများကို နောက်ပြောင်ကျီစယ်မိလိုက်ရင်
"ဒေါက်ဖိနပ်စာမိမယ်" လို့
အရင်က ခေတ်တစ်ခေတ်ရှိပေမယ့် ခုခေတ်မှာတော့ အမျိုးသားရော( High
Heeled Shoe) ၊ အမျိုးသမီးတွေပါ
ဒေါက်ဖိနပ် တွေကို စီးနေကြပါပြီ. ဒေါက်ဖိနပ်စီးရင်
ဖော်ပြချင်ပါတယ်.
. . .
ဒေါက်ဖိနပ်စီးရင် ဘာတွေဖြစ်နိုင်လဲ???.
. . .
ဒေါက်ဖိနပ်စီးတဲ့လူတွေဟာ
လမ်းလျှောက်ရင် ယိုင်လဲတတ်ပါတယ်. . . ခြေလှမ်းကျဲကျဲ လှမ်းလို့မရသလို (
ရေအိုင်၊ ဗွက်အိုင်)များကို
ကျော်ခွဖို့ခက်ပါတယ်. . . အရေးအကြောင်းရှိရင် ပြေးရမယ်ဆိုရင် လည်း
မလွယ်ပါဘူး. . .
နေလောင်ထားတဲ့ ကတ္တရာလမ်းတွေပေါ်မှာ လမ်းလျှောက်ရင်လည်း ဒေါက်ဖိနပ်က
နစ်ကျန်ရစ်ခဲ့အုံးမှာပါ.
. . . ကော်ဇောတွေပေါ်လျှောက်ရင် တော့ ကော်ဇောတွေပေါက်ပြဲကုန်မှာပါ. . .
ဒေါက်ဖိနပ်စီးတဲ့ အတွက်
ကျန်းမာရေး ထိခိုက်နိုင်ပါသလား ?
ဒေါက်ဖိနပ်စီးတဲ့ အခါ
ခြေချောင်းလေးတွေ ကြပ်သိပ်နေတဲ့အတွက် ဖိနပ်ပေါက်ပြီး
မီးလောင်ဖုလေးတွေလည်း ဖြစ်တတ်ပါတယ်
. . ဘောဒီဝိတ်ဟာ ခြေဖ၀ါးဦးပိုင်းကို ကျရောက်နေလို့
ခြေဖ၀ါးမာတာ တွေ၊ ဖ၀ါးမှာ အသားမာတက်လာ
နိုင်သလို ခြေမအရင်းကြီးထွားလာပြီး
ခြေချောင်းလေးတွေဖက်ကို ကပ်သွားတဲ့ ခြေဖ၀ါးပုံ
ပျက်ပန်းပျက်တာတွေ ဖြစ်လာနိုင်ပါတယ် . . .
ခြေသကြွယ်နဲ့ ခြေခလယ်ကြားမှာ တစ်သျှူးအာရုံကြော
တွေမာတောင့်လာတဲ အဖုကြီးတွေလည်း
ပေါ်လာတတ်ပါတယ်. . ခြောက်လလောက် ဒေါက်ဖိနပ်ကို တောက်လျှောက်
စီးလာရင်တော့
ခြေမျက်စိတွေတောာင့်တင်းတဲ့ (Angle Sprain) တွေဖြစ်လာနိုင်ပါတယ်. . .
ခြေချောင်းလေးတွေကလည်း
တူပုံသဏ္ဖ္ထန် ကိုပြောင်းသွားနိုင်ပါတယ်. . . ဒူးခေါင်းအပေါ်မှာ ဘော်ဒီဝိတ်
တစ်ချို့ကိုလွှဲထားပေးလိုက်ရ
တဲ့အတွက် ကြာရှည်ဒေါက်ဖိနပ်စီးသူတွေမျာ ဒူးဆစ်စားတဲ့ရောဂါ
ဖြစ်လာနိုင်ပါတယ်. . .ဘော်ဒီဝိတ်အရှေ့ကို
အားစိုက်ကျနေလို့ ခါးကို နောက်ကော့ပေးထားရပြန်ပါတယ်
ကြာရင် ခါးနာလာပါတယ်. . . ဒါ့အပြင်
ခေါင်းကိုက်တာ၊ ခြေထောက်သွေးကြောပိတ်တာတွေဖြစ်
လာတတ်ပါတယ်. . . . အဆိုးဆိုးကတော့ ဖနောင့်အရွတ်ကြီး
နဲ့ ခြေသလုံးကြွက်သားတွေကို
တိုတောင်းသွားစေ တာပါပဲ ဒီအရွတ်ကြီး ၀င်သွားပြီဆိုရင် ဖနောင့်တွေ
အမြဲနာနေတော့မှာပါ. . .
ရိုးရိုးဖိနပ်ကို ဘယ်လိုပဲပြောင်း စီးစီး ဂွင်မကျတော့ပါဘူး.
. . .
ဒေါက်ဖိနပ်ကို ဘယ်လောက်မြင့်မြင့်စီးသင့်ပါသလဲ ???
ဒေါက်ဖိနပ်ကို ဘယ်လောက်မြင့်မြင့်စီးသင့်ပါသလဲ ???
ကျန်းမာရေး ရှူဒေါင့်အရ
ဒေါက်ဖိနပ်ကို ၂လက်မဒေါက်ကို တစ်နေ့ နှစ်သုံးနာရီထက်ပိုမစီးသင့်ဘူး
လို့ဆိုပါတယ်.
. ..
ဒေါက်ဖိနပ်စီးလို့ အကျိုးရှိပုံများ. . .
အမျိုးသမီးများ ဟာ ကလေးမွေးလိုက်တဲ့အခါမှာ
တင်ပုဆုံရိုးထဲက ကြွက်သားတွေ
လျော့ရွဲကုန်တတ်ပါတယ် . .. ဒီကြွက်သားတွေ ပြန်လည်သန်မာလာဖို့
အတွက်လေ့ကျင့်ခန်းများ
လုပ်ပေးရပါတယ်. . . .အဲလိုလုပ်တဲ့ အခါမှာ လေ့ကျင့်ခန်းလုပ်ရခက်သူတွေကို
နှစ်လက်မဒေါက်ဖိနပ်
တွေစီးပြီး လမ်းလျှောက်ခိုင်းပါသတဲ့. . . . လို့ ဖော်ပြထားပါတယ်.
. .
ဒေါက်တာမြင့်ဦး
(Beauty Magazine)











Myanmar Kyat Converter
Comments (0)
Post a Comment