ဟပ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ

Posted by Black Magic | Posted in | Posted on 3:22 PM




ခေတ်သစ် သင်ပုန်းကြီး (၃၂)
  • နိုင်ငံအတွင်းမှာ ခေတ်စားသည်က ပြဿနာ။
  • ဖြေရှင်းနည်းက ကော်မရှင်ဖွဲ့ခြင်း။
  • ကော်မရှင် ရှင်းသည်က ထုတ်ပြန်ချက်။
  • အစီရင်ခံစာဟူသည် လွယ်လွယ်နှင့် မထွက်။
  • ထွက်လာသည့် ထုတ်ပြန်ချက်ကား
  • ကြားဖြတ်အစီရင်ခံစာဖြစ်သဖြင့် ထုတ်ပြန်ခြင်း မပြုရန်တဲ့။

အစီရင်ခံသည့် အကြောင်းများက
  • ထိုင်းသွားပြီး ငွေကုန်လူနွမ်း ဒုက္ခထမ်းသံဃာများအကြောင်း မပါ
  • သက်သာပြီး ဆေးရုံက ဆင်းသည့် သံဃာများအကြောင်းသာ
  • ကော်မရှင့်လုပ်ပိုင်ခွင့်မှာ မြန်မာနယ်နိမိတ်ကို ကျော်ဟန်မတူ
  • ပြဿနာများသာ နယ်ကျော်နိုင်ဘိအလား
  • နောင်တော့်နောင်တော် ကော်မရှင်များ၏ ခြေရာအား
  • ထပ်ချပ်မကွာ လိုက်ပါစွာဖြင့် မိုဟာ(MOHA ministry of home affairs) နံ့သင်းသင်း
  • သတင်း ထုတ်ပြန်ချက်နှင့် မဆလ၊ နအဖနံ့မကင်းမကင်း အစီရင်ခံစာတို့အား
  • နိုင်ငံသားများက အံ့ကြီးပင် အောကြကုန်၏။

ဟပ်ချိုး ဆိတ်ဖွား အသက်တစ်ရာ အနာမရှိဆိုသော်လည်း
  • ဆိတ်ဖွားခင်မျာ ကော်မရှင်ဖွဲ့၍ပင် ထောက်လှမ်းခံနေရ
  • ဥပဒေအထက်မှာ မည်သူမျှ မရှိဆိုသော်လည်း
  • ဥပဒေပြုရေးမဏ္ဍိုင်သားများ၏ လက်တွင်မူ
  • ကော်မရှင်ဖွဲ့ အရေးယူခွင့်က ရှိနေရာ
  • လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
  • လေလှိုင်းကြား ဖိုင်ဘာအော့ပတစ်ကြား
  • ဘယ်အကြိုအကြားမှ မကျန်ရလေအောင်
  • အွန်လိုင်းပင် သုံးလေ့မရှိသော ခေါင်းပေါင်းတော်များက
  • မောင်စံရှားမှန်ဘီလူး ငှားကူပြီး ရှာလေတော့မည်။
  • အသင် ဆိတ်ဖွား သက်တော်ရာကျော် ရှည်ပါစေသတည်း။

အံ့သြရပါ၏။

နိုင်ငံကြီးသားများလည်း မြန်မာ့မီဒီယာအဖုံးအဖွင့်ကို
  • အံ့အားတွေ သင့်ကြ။
  • လွတ်လပ်စွာ ထုတ်ပြောခွင့်မရသဖြင့်
  • ပြဿနာဖြစ်ရဟုဆိုလျက်က
  • လွတ်လပ်စွာ ရေးသားခွင့်ဆိုကာ
  • ပြဿနာဖြစ်ရာဖြစ်ကြောင်းတွေ ပေါ်ထွက်လာပြန်ရာ
  • သတင်းမရေးတတ်သူများနှင့်
  • သတင်းမဖတ်တတ်သူများအကြား
  • သတင်းမှန်နှင့် အတွေးမှား
  • အတွေးမှန်နှင့် သတင်းမှား
  • လုံးလားထွေးလား ခရီးဆက်သွားနေလေ၏။

အံ့သြရပါသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေက ပူပူနွေးနွေး
  • စီမံကိန်းတကာက တစ်ပတ်နွမ်းရော ဖုတ်ပူမီးတိုက်ပါ ပေါများ
  • မြေသိမ်းဇယားက အတောမသတ်
  • အမှုပတ်ခံရသူတွေလည်း များသထက်များလာ
  • လယ်သမားက အားကိုးရှာ
  • လှုပ်ရှားသူက ကယ်တင်ရှင်ရှာသူကို ရှာ
  • ကုမ္ပဏီက စီမံကိန်း ရှာ
  • အိုးအိမ်က ဆိတ်ငြိမ်စွာ
  • နိုင်ငံခြားသားက ဈေးကွက်ရှာ
  • သည်နှယ်သာ ဆက်ဖြစ်
  • တိုင်းပြည်တိုးတက်ရစ်စေဖို့
  • မည်သူက မည်သို့ကူညီကြမည်နည်း
  • အဖြေက အချည်းအနှီး ဖြစ်မှာစိုး
  • ကိုယ်ကျိုးနည်းဥပဒေများ မပြဋ္ဌာန်းကြပါနှင့်
  • အံ့အားမသင့်နိုင်ပါတော့အံ့။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများ
ဥပဒေအကျိုးကို ကော်မရှင်တန်ခိုးမပါ
ခပ်ရိုးရိုးသာလျှင် ခံစားနိုင်ကြပါစေ။ ။

ပြောင်းဖူးရိုး

The Myanmar Independent News Journal

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.