Mozilla ကို ပိုကောင်းစေမယ့် Tweaks 'n' Addons
Posted by Black Magic | Posted in , | Posted on 8:52 PM
clip_image001
“I’ll be careful.I promise”  ကို နှိပ်ပါ။ပြုပြင်ချင်တဲ့ Entry ကို Search Box ကနေရှာပြီး Double Click နှိပ်ပြီး ပြောင်းလဲပေးရမှာပါ။ 
Continue At Your Own Risk
clip_image002
Extension တွေ အင်စတောလုပ်တဲ့အခါ မှာ အချိန်စောင့် ခိုင်းတာကို Disable လုပ်ပါ။
clip_image003
Extension တစ်ခုကို အင်စတောလုပ်တဲ့အခါမှာ Firefox  က သင့်ကို ငါးစက္ကန့် စောင့်ခိုင်းပါတယ်။အဲလို မစောင့်ချင်ရင် about:config page မှာ အောက်က စာသားကိုရှာပါ။security.dialog_enable_delayသူ့ ရဲ့ Value ကို 0  ပြောင်းလဲပေးပါ။
Awesomebar Dropdown က  Number of Suggestions ကို တိုးမြှင့် ပါ။
clip_image004
Firefox ရဲ့ Awesomebar မှာ တစ်ခုခုရိုက်လိုက်ရင် Suggestions (၁၂) ခုကိုပဲဖော်ပြပေးပါတယ်။ဒီထက်ပိုပြီးဖော်ပြစေချင်ရင်အောက်က Entry ကိုရှာပါ။
browser.urlbar.maxRichResults
Search Results တွေကို New Tab မှာ ဖွင့်ပါ။
clip_image005
Firefox ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Search Box ကနေ တစ်ခုခုကိုရှာလိုက်ရင် လက်ရှိဖွင့်ထားတဲ့ Tab မှာ Search Results တွေကို ပြပေးမှာပါ။အဲဒီအတွက် လက်ရှိဖွင့်ထားတဲ့ Tab ကိုဆုံးရှုံးမှာပါ။ Search Box ကနေရှာလိုက်ရင် Tab အသစ်တစ်ခုဖွင့်ပြီး Search Results တွေကို ပြပေးဖို့ ပြုလုပ်နိုင်ပါတယ်။ဒီိလိုလုပ်ဖို့ 
browser.search.openintab
ကိုရှာပြီး Double Click နှိပ်ပါ။ သူ့ ရဲ့ Setting ကို True ပြောင်းပေးပါ။
Extensions တွေအတွက် Compatibility Checking လုပ်တာကို Disable လုပ်ပါ။
clip_image006
Firefox က Extension တွေအတွက် Compatibility Checking ပြုလုပ်ပါတယ်။Compatibility Checking မပြုလုပ်စေချင်ရင် Disable လုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် about:config page ကိုသွားပါ။လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New>Boolean  ကိုနှိပ်ပါ။ပြီးရင်အောက်ကစာသားကိုဖြည့်ပေးပါ။
extensions.checkCompatibility
သူ့ ရဲ့  Value ကို False သတ်မှတ်ပေးပါ။
Tabs တွေကို Preview ကြည့်ပါ။
clip_image007
Windows Programs တွေကို Alt+Tab နှိပ်ပြီးပြောင်းလဲ ကြည့်လို့ ရသလို Firefox မှာလည်း Tabs တွေကို  Ctrl + Tab နှိပ်ပြီးပြောင်းနိုင်ပါတယ်။ဒါပေမယ့် Tabs တွေကိုပဲပြောင်းပေးမှာဖြစ်ပြီး Preview ကြည့်လို့ ရမှာမဟုတ်ပါဘူး။ Preview ကြည့်ချင်ရင်တော့
browser.ctrlTab.previews
ရဲ့ Value ကို True ပြောင်းပေးပါ။
New Tab Page မှာ Rows,Columns တွေကို ထပ်ဖြည့်ပါ။
clip_image008
Default အားဖြင့် Firefox New Tab Page မှာ Websites ကိုးခုကိုပဲဖော်ပြပေးပါတယ်။Websites တွေပိုပြီးပြပေးစေချင်ရင်
browser.newtabpage.rowsbrowser.newtabpage.columnsအဲဒီနှစ်ခုရဲ့ Numbers တွေကို ပြောင်းလဲသတ်မှတ်ပေးပါ။အပေါ်မှာဖော်ပြပေးထားတဲ့ Tweaks တွေက ကောင်းနိုးရာရာ အနည်းငယ်ကိုသာဖော်ပြပေးထားတာပါ။ About:config Entries တွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်ရင် Mozilla ၀က်ဆိုက်မှာလေ့လာနိုင်ပါတယ်။
ဒါကတော့ About:config နဲ့ ပါတ်သက်တဲ့ Tweak တွေပါ....၊ နောက်တစ်ခုကတော့ Firefox အတွက် အသုံးဝင်မယ် Add-ons တွေကို ပြောပေးမှာပါ...၊
Firefox For Android အတွက် အသုံးဝင် Addons များ။
Ashampoo_Snap_01
Firefox Browser က Desktop ရော Android Version မှာပါ Addons တွေကိုအသုံးပြုလို့ ရတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Android အတွက် Addons တွေကတော့ Desktop လောက်မများသေးပေမယ့် အသုံးဝင်တဲ့ Addons တွေ ရှိပါတယ်။
Full Screen Mobile
Mobile Devices တွေမှာ Screen ကသေးငယ်တဲ့အတွက် ကြည့်ရတာအဆင်မပြေလှပါဘူး။ Full Screen Mobile Addon က Firefox Menu မှာ Full Screen ကြည့်ဖို့  Option ကို ဖြည့်ပေးမှာဖြစ်ပြီး Website တွေကို Full Screen ကြည့်နိုင်ပါတယ်။Full Screen ကြည့်ရင် Android Noti Bar နဲ့  Firefox’s Interface ကို Hide လုပ်ပေးထားမှာဖြစ်တဲ့အတွက် ၀က်ဆိုက်တွေကို ကောင်းမွန်စွာကြည့်နိုင်ပါတယ်။Full Screen Mode ကနေ Exit လုပ်ဖို့ အတွက် Menu Button ကနေ ပြုလုပ်နိုင်သလို Screen ကို Long-Press ဖိထားလို့ ရပါတယ်။
clip_image001
PhonyPhony
က User Agents ကိုပြောင်းပေးနိုင်တဲ့ Addon ဖြစ်ပါတယ်။ သင့် Android Phone မှာ ၀က်ဆိုက်တွေကို ကြည့်ရင် Android Version အနေနဲ့ ပဲကြည့်နိုင်မှာပါ။ Desktop , iPhone,iPad Versions တွေ နဲ့  ကြည့်ချင်ရင် Phony ကိုသုံးပါ။ Phony ကိုသုံးရင် သင့် Android Phone ကနေ ၀က်ဆိုက်တွေကြည့်နေပေမယ့် iPhone,iPad,Desktop ကနေကြည့်သလို မြင်တွေ့ ရမှာပါ။နောက်အသုံးဝင်တဲ့ အချက်တစ်ခုကတော့ တစ်ချို့ ဝက်ဆိုက်တွေက iPhone,iPad စတဲ့ Device တွေကနေကြည့်မှကြည့်လို့ ရတာဖြစ်ပါတယ်။ Phony ကိုသုံးရင် သင့် Android Device မှာ အဲဒီကြည့်မရတဲ့ဆိုက်တွေကို ကြည့်နိုင်မှာပါ။Phony ကို အင်စတောလုပ်ပြီးရင် Firefox Menu ကနေ Phony ကိုနှိပ်ပါ။Desktop Firefox,Android(Phone),Android(Tablet),iPhone,iPad စတဲ့  User Agents တွေကိုတွေ့ မြင်နိုင်ပြီး အသုံးပြုနိုင်ပါတယ်။
clip_image002
URL Fixer
Android Device တွေ ဟာ Screen သေးငယ်တဲ့အတွက် စာရိုက်ရတာ အဆင်မပြေလှပါဘူး။ စာမှားပြီးရိုက်မိတဲ့ အဖြစ်အပျက်တွေ ခနခန တွေ့ ကြုံရမှာပါ။ URL Fixer က မှားရိုက်မိတဲ့ Web Address တွေကို အလို လို ပြုပြင်ပေးနိုင်ပါတယ်။
clip_image003
YouTube Embed2Link
Firefox Browser ကနေ YouTube Video တွေကြည့်ရတာ YouTube App ကနေကြည့်ရသလောက်အဆင်မပြေလှပါဘူး။YouTube Embed2Link က Browser က YouTube Video တွေကို YouTube App ကနေကြည့်လို့ ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။
clip_image004
RememberPass
Firefox မှာ Passwords တွေကို မှတ်သားပေးနိုင်ပြီး Websites တွေ Login ၀င်တဲ့အခါအလိုလို ဖြည့်ပေးနိုင်ပါတယ်။ဒါပေမယ့် တစ်ချို့ ဝက်ဆိုက်တွေက အဲဒီ Option ကို Block လုပ်တတ်ကြပါတယ်။RememberPass ကအဲဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ဝက်ဆိုက်တွေမှာ Login  ၀င်တဲ့အခါမှာ Firefox က Password ကိုမှတ်သားပေးဖို့  Message ကျမလာတဲ့အခြေအနေကြုံတွေ့ နေရရင်တော့ RememberPass ကိုသုံးပါ။ 
clip_image005
Stylish
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Facebook အပါအ၀င် ၀က်ဆိုက်တွေကို သင်နှစ်သက်ရာ ဒီဇိုင်းနဲ့ ကြည့်လို့  ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။Stylish က Desktop Browsers တွေမှာလည်းသုံးနိုင်ပြီး အသုံးပြုနည်း ကိုရေးပေးဖူးပါတယ်။ Android မှာလည်း Stylish ကို သုံးလို့ ရလာပြီဖြစ်ပါတယ်။
clip_image006
Adblock Plus
နာမည်ကြီး Addon တစ်ခုဖြစ်ပြီး Desktop Browsers တွေမှာလည်းသုံးလို့ ရပါတယ်။ Desktop Browsers တွေမှာအသုံးပြုနည်းကိုရေးပေးထားပြီး ဒီဆောင်းပါး မှာလေ့လာပါ။အခုတစ်ခါ Firefox Android  မှာသုံးလို့ ရလာပါပြီ။ Adblock Plus က ၀က်ဆိုက်တွေ က ကြော်ညာတွေကို Block လုပ်ပေးနိုင်တဲ့အတွက် ၀က်ဆိုက်တွေ ကြည့်ရတာအဆင်ပြေသလို ၊ ကြော်ညာတွေကို ပိတ်ထားခြင်းအားဖြင့် ကွန်နက်ရှင်ကို ကောင်းစေမှာပါ။Adblock Plus က ကြော်ညာတွေကို အလိုလို Block လုပ်ပေးမှာပါ။ တစ်ခြား အနှောင့်အယှက်ဖြစ်စေတဲ့ ပုံတွေ ၊ Elements တွေကိုလည်း Manual Block လုပ်နိုင်ပါတယ်။
clip_image001
Android အတွက် Firefox Addons တွေကို Firefox Browser က Menu > Add-ons ကနေ ဒေါင်းလုပ်လုပ်နိုင်သလို ၀က်ဆိုက်ကနေ တစ်ဆင့်လည်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Visit Firefox Addons Page For Pc
Visit Firefox Addons Page For Android
REF : Ko Thura
Comments (0)
လိုချင်တာရှိရင်အော်ခဲ့နော် !
Don't Forget to Like & Follow
Daily Email Updates
Subscribe to Get Latest Updates Free
Check IP
IP
ask4linksask4pc
ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?
ယနေ့ငွေလဲနှုန်း
DMCA.com Protection
Powered By:
Black Magic © 2013 - All Rights Reserved.