3D Printed အသဲအတု အစားထိုးနိုင်မည်

Posted by Black Magic | Posted in , | Posted on 6:26 PM


printer

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ က Organovo အမည်ရ ဆေးပညာနဲ့ နည်းပညာ အဖွဲ့အစည်း တစ်ခုက ဖန်တီးလိုက်တဲ အသဲအတု ဖြစ်ပါတယ်။
ယင်းအသဲအတုဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ရက် ၄၀ တိတိအသက်ရှင် လုပ်ကိုင်နိုင်ပြီး အရေးတကြီး အစားထိုး ကုသုလိုသူများအတွက် အဆင်ပြေကြောင်း သိရပါတယ်။ 3D Printed ဆိုတာ အရွယ်အစား၊ ပုံစံ အားလုံးကို အချိုးအစားတူ ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဒါကို 3D Printed လို့ဆိုပါတယ်။ စင်တီမီတာ၊ မီလီမီတာ အစိတ်အပိုင်းက အစ ကွဲလွဲမှုမရှိအောင် သုံးဖက်မြင် စနစ်သုံး လေစာ ပရင်တာက ဘက်ပေါင်းစုံကို မိတ္တူပွားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ အသဲအတုကို ဖန်တီးပေးထား ပါတယ်။ အသဲရဲ့  ထုံးစံ အတိုင်း သွေးလည်ပတ်မှုကို သာမန်လူတစ်ယောက် လိုပဲ ထောက်ပံ့ပေးပါမယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးပါမယ်။ အခြားသော အသဲလုပ်ဆောင်ချက်များလည်း ပါဝင်ပါမယ်။
လက်တလော ဖန်တီးထားချက်က ရက် ၄၀ သာ ခံပေမယ့် အနာဂတ်မှာ တစ်သက်လုံးခံမယ့် အသဲဖန်တီးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီတော့ အသဲ အစစ်နေရာမှာ အသဲအတုတောင် ထည့်သွင်းနိုင်ပြီဆိုတော့ အခြား အစိတ်အပိုင်းများလည်း အစားထိုးလို့ရနိုင်လာတော့မှာပါ။ နည်းပညာ နဲ့ ဆေးပညာ ပေါင်းစပ်မှုကြောင့် လူ့အသက်ရှည်လာရမှာတော့ အမှန်ပါပဲ။ 3D Printed Liver များကို လက်တလော အမေရိကန် ဆေးလောကတွင် စတင် အသုံးပြုသွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref:pocketlint

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.