Posted by Black Magic | Posted in Browsers , နည်းလမ်းများ | Posted on 7:01 PM
Facebook,Gmail,Google စတဲ့ဝက်ဆိုက်တွေကို နေ့ စဉ်နေ့ တိုင်း
အကြိမ်ကြိမ်အသုံးပြုတဲ့သူတွေအတွက်တော့ TabCross ဆိုတဲ့ Firefox Add-On ကိုနှစ်သက်ကြမယ်လို့ 
ထင်ပါတယ်။TabCross က Tab Management Add-On တစ်ခုဖြစ်ပြီးတစ်ခြား Add-On တွေနဲ့ မတူဘဲ
နည်းနည်းထူးခြားပါတယ်။ တစ်ခြားဝက်ဆိုက်တွေ ကြည့်နေရင်းနဲ့  ပဲ သင့် Favorite Site တွေကို
Sidebar ကနေအသုံးပြုနိုင်တဲ့အတွက် Multitasking လုပ်ဖို့ အဆင်ပြေစေပါတယ်။
TabCross ကိုအင်စတောလုပ်ပြီးရင် ညာဘက် မှာ Sidebar တစ်ခုတွေ့ မြင်နိုင်ပြီး
Google,Gmail,Facebook,YouTube,Dropbox,Yahoo,Favorites စတာတွေကို တွေ့ 
နိုင်ပါတယ်။Favorites ကတော့ သင်နှစ်သက်တဲ့ တစ်ခြား ၀က်ဆိုက်တွေကို Add လုပ်ဖို့ 
အတွက်အသုံးပြုနိုင်ပါတယ်။အဲဒီအတွက် Tab မှာဝက်ဆိုက်တစ်ခုကိုအသုံးပြုနိုင်သလို Sidebar မှာလည်း
TabCross က Favorite တွေကို Cloud နဲ့  Sync လုပ်ပေးနိုင်ပြီးတစ်ခြား Device တွေ
ကနေအသုံးပြုရင်လည်းသင်ပြုလုပ်ထားတဲ့ Customization အတိုင်းအသုံးပြုနိုင်မှာပါ။Sync လုပ်ဖို့ 
အတွက် Facebook အကောင့်နဲ့  Integrate လုပ်ပေးရပါမယ်။ ၀က်ဆိုက်တွေ Add လုပ်ဖို့ အတွက် +
Button ကိုနှိပ်ပြီး အောက်ကပုံအတိုင်းပြုလုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် Sidebar ကို အဖွင့်အပိတ်လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။

နောက်ထပ်ကောင်းမွန်တဲ့ Feature တစ်ခုကတော့ Sidebar ကို အကျယ်ချဲ့ 
ပြီးကြည့်နိုင်ပါတယ်။ဘယ်ဘက်အောက်က မျှားပုံကို နှိပ်ရမှာပါ။

TabCross က အခုလောလောဆည်တော့ Firefox မှာသာအသုံးပြုလို့ ရနိုင်ပြီး Chrome User တွေ
အတွက်တော့ "ဒီမှာ" တင်ပေးထားပါတယ်...၊
Comments (0)
Post a Comment