VideoBee နဲ့ (Wifi + Cellular) လိုင်းနှစ်လိုင်းပေါင်းပြီး Video ကြည့်မယ်.၊

Posted by Black Magic | Posted in , , | Posted on 7:20 PM


clip_image001

Android Device တွေကနေ YouTube လို Online Video တွေကြည့်ရင် ကွန်နက်ရှင်မကောင်းလို့  
ထစ်တာတွေ၊ လုံးဝကြည့်မရတာတွေ ဖြစ်တတ်ပါတယ်။အဲဒီ ပြဿနာကို ဖြေရှင်းပေးဖို့ အတွက် 
VideoBee App ပေါ်ထွက်လာပါပြီ။ VideoBee က Wifi + Cellular ကွန်နက်ရှင် နှစ်ခုလုံးကို 
တစ်ပြိုင်နက်တည်း အသုံးပြုလို့ ရအောင်ပြုလုပ်ပေးပြီး ကွန်နက်ရှင် ကိုပေါင်းစည်းပေးတဲ့အတွက် 
Video တွေကို မထစ်ဘဲ ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် VideoBee အင်စတောလုပ်ထားတဲ့ 
ဖုန်းနှစ်လုံး ကို Bluetooth နဲ့ ချိတ်ဆက်ပြီး ဖုန်း တစ်လုံးက ကွန်နက်ရှင်ကို အခြားဖုန်းတစ်လုံး ကနေ 
အပြန်အလှန်အထောက်အပံ့ပေးလို့ ရပါတယ်။ ဖုန်း တစ်လုံးကနေ နောက်ဖုန်းတစ်လုံးကိုလည်း Video 
တွေ Share လုပ်လို့ ရပါသေးတယ်။လောလောဆည် Support ပေးတဲ့ Video ၀က်ဆိုက်တွေကတော့ 
YouTube, Metacafe,NBC တို့ ဖြစ်ပါတယ်။ VideoBee က ဒီလို စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံး App 
တစ်ခုဖြစ်ပြီးအလွန်အသုံးဝင်ပါတယ်။

VideoBee ကို Android 2.3 နဲ့ သူ့ အထက်ဖုန်းတွေမှာ သုံးနိုင်ပါတယ်။ VideoBee က Beta 
အဆင့်ပဲရှိသေးပြီး Access Code လိုအပ်ပါတယ်။  Access Code ရဖို့  အပေါ်က လင့် ကိုနှိပ်ပြီး Sign 
Up Button ကိုနှိပ်ပါ။ အီးမေးကိုဖြည့်ပေးပြီး  Send နှိပ်ပါ။ကျွန်တော် စမ်းကြည့်တာတော့ Access 
Code က ချက်ချင်းမပို့ ပါဘူး။ အဲဒီအတွက် စိတ်ရှည်ရှည်နဲ့ စောင့်ပါ။

clip_image002clip_image003clip_image004
VideoBee ရဲ့  အလုပ်လုပ်ပုံကို အောက်က Video မှာလေ့လာနိုင်ပါတယ်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.