Posted by Black Magic | Posted in သတင်းများ | Posted on 7:33 PM
လက်ခံတော့မှာဖြစ်ပါတယ်။ Telenor နဲ့ ပူးပေါင်းပြီးပြုလုပ်ပေးလိုက်တာဖြစ်ပြီး ၂၀၁၄
ခုနှစ်မှာစတင်အသုံးပြုနိုင် မှာဖြစ်ပါတယ်။ Wikipedia Zero အစီအစဉ် က Mobile ဖုန်းတွေကနေ
Wikipedia ၀က်ဆိုက် ကို အသုံးပြုတဲ့ ဒေတာ ပမာဏ ကို ငွေကောက်ယူခြင်းမရှိဘဲ အခမဲ့
အသုံးပြုခွင့်ရအောင်ပြုလုပ်ပေးထားတာဖြစ်ပါတ ယ်။
ဇွန်လ တုန်း က နော်ဝေ အခြေစိုက် Telenor ဟာ မြန်မာပြည်ရဲ့  ဆက်သွယ်ရေး လိုင်စင်
ရရှိပြီးတဲ့အချိန်မှာ ဖုန်းပြောဆိုမှုနဲ့ အင်တာနက် ၀န်ဆောင်မှု တွေကိုနောက်နှစ်မှာပြုလုပ်သွားမယ်လို့ 
ပြောခဲ့ပါတယ်။ အရှေ့ တောင်အာရှ နိုင်ငံတွေ က Telenor အသုံးပြုသူတွေဟာ လည်း Wikipedia ကို
အခမဲ့ အသုံးပြုခွင့်ရရှိနေကြပါတယ် ။
Wikipedia Zero ဟာ လူသားတွေ အခမဲ့ ပညာဗဟုသုတ ရရှိစေဖို့ ပြုလုပ်ပေးထားတဲ့
အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ မြန်မာ နိုင်ငံက ပြည်သူတွေဟာလည်း ဒီ အကျိုးကျေးဇူးကို
ခံစားရရှိတော့မှာဖြစ်ပါတယ်။ အခုလောလောဆည်မှာ ဒီအစီအစဉ်ကို အာရှ နိုင်ငံတွေ အများစုပါရှိတဲ့
နိုင်ငံ (၂၁) နိုင်ငံမှာပြုလုပ်ပေးထားပါတ ယ်။
တစ်ခုမှတ်ထားရမှာက Mobile Phone ရဲ့ Browser ကနေ http://m.wikipedia.org/
orhttp://zero.wikipedia.org/ ကိုသွားပြီးအသုံးပြုမှသာ ဒေတာပမာဏကို
ငွေကောက်ခံခြင်းပြုလုပ်မှာမ ဟုတ်တာဖြစ်ပါတယ်။ Wikipedia Mobile App ကနေအသုံးပြုရင်တော့
ဒေတာပမာဏ ကို ငွေကောက်ခံမှာဖြစ်ပါတယ်။
Comments (0)
Post a Comment