၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

Posted by Black Magic | Posted in | Posted on 2:37 AM

၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

နေပြည်တော်၊ ၂၀၁၃ နိုဝင်ဘာလ (၁၆) ရက်
 
ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၂ ခုနှစ် အတွင်း ထုတ်ဝေခဲ့ သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။
 
ဝတ္တုရှည်စာပေဆုတွင် ထက်နိုင် (တလုပ်မြို့) ရေးသားသည့် မပြောဖြစ်ခဲ့တဲ့စကား၊ ဝတ္တုတိုပေါင်းချုပ် စာပေဆု တွင် ခင်မြဇင် ရေးသားသည့် ကောင်းကင်မိုးတိမ် ဝတ္တုတိုများ၊ ကဗျာပေါင်းချုပ်စာပေဆုတွင် ကို (တက္ကသိုလ်) ရေးသားသည့် မြကန်သာ ကဗျာပေါင်းချုပ်၊ စာပဒေသာစာပေဆုတွင် ဒေါက်တာခင်လက်ျm ရေးသားသည့် ဖေဖေဗိုလ်လက်ျာ၊ မြန်မာ့ ယဉ်ကျေးမှုနှင့်အနုပညာ ဆိုင်ရာစာပေဆုတွင် စတီဗဲန်နီကိယို ရေးသားသည့် ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ကလေးစာပေဆုတွင် ရွှေမြိုင်ပြုံးလဲ့မော် ရေးသားသည့် အရုဏ်ဦးမှာ ဖူးတဲ့ပန်း ကလေးကဗျာများ၊ ဘာသာပြန်(သုတ) စာပေဆုတွင် မောင်မြင့်ကြွယ် ရေးသားသည့် မြန်မာပြည်မှနေ့ရက်များ၊ ဘာသာပြန် (ရသ) စာပေဆုတွင် တင်မောင်မြင့် ရေးသားသည့် ပြစ်မှုနှင့် ပြစ်ဒဏ်၊ သုတပဒေသာ (ဝိဇ္ဇာ) စာပေဆု တွင် မောင်ဟုန်ဝမ် (ကထိက) ရေးသားသည့် မင်းသုဝဏ်နှင့်ကဗျာ (ကဗျာလေ့လာချက်)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ) စာပေဆုတွင် ကျော်ဦး ရေးသားသည့် ရေကြည်တစ်ပေါက်၊ သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုတွင် ဒေါက်တာ ခင်စန်းမော် ရေးသားသည့် တိရစ္ဆာန်များမှ လူကိုကူးစက်တတ်သည့် ရောဂါများ၊ နိုင်ငံရေး စာပေဆုတွင် ကျော်ဝင်း ရေးသားသည့် မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈-၁၉၈၈)၊ အင်္ဂလိပ် ဘာသာ (သုတ) စာပေဆုတွင် မြင့်အောင် ရေးသားသည့် Revealing Myanmar's Past: An Anthology of Archaeological Articles စာအုပ်တို့ကို ဆုရွေးချယ် ချီးမြှင့်ကြောင်း ကြေညာသည်။
 
အမျိုးသားစာပေဆုဘာသာရပ်များကို ချီးမြှင့်ခဲ့ရာတွင်၂၀၁၀ ခုနှစ်မှ စတင်၍ အင်္ဂလိပ် ဘာသာစာအုပ်ဆုကို တိုးမြှင့်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်မူ အဆိုပါ အင်္ဂလိပ်ဘာသာစာအုပ်ဆုကို သုတနှင့် ရသဟူ၍ ခွဲခြားချီးမြှင့်ခဲ့သည့် အတွက် စုစုပေါင်းဘာသာရပ် (၁၆) မျိုးဖြစ်လာခဲ့ရာ ယင်းတို့အနက် ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေဆု တွင် လူငယ်စာပေဆု၊ ပြဇာတ်စာပေဆုနှင့် အင်္ဂလိပ်ဘာသာ စာအုပ် (ရသ) စာပေဆုတို့အတွက် ဆုများ ရွေးချယ်ချီးမြှင့် နိုင်ခြင်းမရှိကြောင်း သိရသည်။
 
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူ စသည့်ပုဂ္ဂိုလ် (၉၅) ဦးပါဝင်သော အဖွဲ့ဖြင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနမှ ပေးပို့လာသော ၂၀၁၂ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့်  စာအုပ်ပေါင်း (၂၃၂၉) အုပ်မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့်၊ ဆန်ကာတင်အဆင့်၊  အတည်ပြုအဆင့် စသည့် အဆင့် (၃) ဆင့်ဖြင့် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ 
 
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဆုများချီးမြှင့်ရေး အတွက် အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၇၆၅၆၉၊ စီမံရေးရာဌာန ဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် ၅" x ၇" ရောင်စုံ ဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ်ဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ (တစ်ပတ် အတွင်း) ပေးပို့ရန်နှိုး ဆော်ထားကြောင်း သိရ သည်။
 
ဆုရစာအုပ်များကို ထုတ်ဝေသည့် စာပေတိုက်များကိုလည်း ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ရေး အတွက် ဖိတ်ကြားသွားမည်ဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် (အင်္ဂါနေ့)၊ ၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း (၁) ရက်၊ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free

Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.