တစ်ဘဝစာအလွဲများ

Posted by Black Magic | Posted in | Posted on 3:24 AM



မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့လိုက်ရတယ်။

" ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လား " လို့ သူကမေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး … “အဆင်ပြေပါတယ်ရှင် … အားလုံးချောချော မောမောပါပဲ ”

“ကျွန်တော်က ခွဲစိတ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ ၊ စိုးရိမ်စရာ ဘာဆိုဘာမှမရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့  အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ကို မွေးစကတည်းက လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့အသက် ဆယ်နှစ်သား လောက်အထိ အာရှသား တရုတ်လင်မယားကို သူ့မိဘလို့ပဲ မှတ်ယူခဲ့ရတယ်တဲ့ ။ သူ့မိဘဆိုသူတွေကလည်း သူတို့ရဲ့ကလေးဟာ ဘာလို့ အသားတွေ ဒီလောက်ဖွေးပြီး မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့ မတတ်ခဲ့ကြဘူးတဲ့ ။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ကို သူ့ ရဲ့ မိရင်းဖရင်းတွေဆီ ပြန်သွားပို့ပေးကြသတဲ့ ။ အတိအကျပြောရရင်တော့ သူ့မိခင်ဆီပြန်ပို့ပေးတာပါ။ သူ့အဖေက သူ့အမေကို နှစ်အတော်ကြာကြာကတည်းက ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့မိန်းမက တရုတ်ရုပ်နဲ့ ကလေးလေး မွေးလာလို့ပါတဲ့လေ။

“ကျွန်တော့်နာမည်ကလည်း မှားပြီး ရထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်ထားတာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူ ကျောင်းတက်တော့လည်း သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခဏခဏမှားပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့  အောင်ပေမယ့်  ကွန်ပြူတာက စာရင်းမှားထုတ်လို့ သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့  တယ်လီဖုန်းအခွန်တွေကို ဆောင်နေရတယ်ဗျ။ ရှေ့လတုန်းကဆို တယ်လီဖုန်းခ ဒေါ်လာ ၃၀၀ / - ဆောင်ခဲ့ရတယ် ”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ် ”
“ဘယ်ကလာဗျာ … ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

“မိန်းမရတော့လည်း မှားပြီးရပြန်ောရာ။ သူ့မိန်းမက သူ့ကို တခြားတစ်ယောက်နဲ့  မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို့ အဆင်မပြေဖြစ်ရတာလဲ … ”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့  သူ့ချစ်သူဆီပဲ အမြဲတမ်း သွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သူမယူဖူးတဲ့ အကြွေးတွေအတွက် အတိုးတောင်းတဲ့ စာတွေ ခဏခဏရဖူးတယ်။

ဆရာဝန်ကသူ့ကို အခုလို ပြောတော့ သူ ပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
“ခင်ဗျား လူ့လောကမှာ သိပ်ကြာကြာနေခွင့်မရတော့ဘူးဗျာ ”

ဒါလည်း ဆရာဝန်က သူ့ကို လူနာမှားပြီး ပြောမိတာတဲ့ ။ တကယ်က ဘာမှဖြစ်လောက်တဲ့  ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်း မှမရှိဘူးဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း ညှိုးကျသွားပါတယ်။

“အူ . . အူအတက်ပေါက်တာ … ဟုတ်လား …”
“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုတ်ဖို့ အတွက် ဆေးရုံတက်ရတာလေ .. . ဘာဖြစ်လို့လဲ ……… ”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့  …”

ငင်


From Myanmar jokes

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.