ဗီယက်နမ်မများ ဘာလို့ အသားအရေ နဲ့ ခန္ဓာကိုယ်လှပရသလဲ

Posted by Black Magic | Posted in | Posted on 2:46 AM

ဗီယက်နမ် နိုင်ငံသူ၊ နိုင်ငံသား အများစုက အသက် ကြီးငယ်မရွေး အသား အရေ ကြည်လင် လှပပြီး ခန္ဓာကိုယ် အဆီမရှိဘဲ သွယ်လျ လှပကြတာကို တွေ့ရှိ ရပါတယ်။

ဘာကြောင့် သူတို့အနေနဲ့ အသားအရေ လှပပြီး ခန္ဓာကိုယ် ကြည့်ကောင်း နေရသလဲ ဆိုတဲ့ အကြောင်း ကတော့ စားသောက်တဲ့ အစား အသောက်အများစုက ဆီမပါတဲ့ ဟင်းလျာတွေ၊ ငါး၊ ပုစွန်၊ ကမာ၊ ခရုစတဲ့ ပင်လယ် စာတွေ၊ ကစွန်းရွက်၊ သခွားသီးစတာတွေ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် ဗီယက်နမ် လူမျိုးတွေကို ကျန်းမာလှပစေတဲ့ အဓိက ဟင်းလျာ တွေအကြောင်းကို ပြောပြ ချင်ပါတယ်။

၁။ ဗီယက်နမ် ဟင်းလျာထဲတွင် အဓိက ပါဝင်ပစ္စည်းများ

ဗီယက်နမ် ဟင်းလျာ တွေထဲမှာ ငါးနဲ့လုပ်ထားတဲ့ ဆော့စ်၊ ပဲပိစပ်ဆော့စ်၊ ဆန်၊ လတ်လတ် ဆတ်ဆတ် ဟင်းခတ် အမွှေးအကြိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အဓိက အသုံးပြုပါတယ်။ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ ပူရှိန်း၊ ပင်စိမ်းရွက်၊ နံနံပင်၊ ရှောက်သီး၊ သံပရာသီး၊ ဆလတ်၊ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း) စတာတွေကို သုံးလေ့ရှိပါတယ်။ ဗီယက်နမ် လူမျိုးတွေက ဟင်းလျာ တစ်မျိုးထဲကို ထည့်သွင်း ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေရဲ့ လတ်ဆတ် သန့်ရှင်းမှုနဲ့ ဆေးဖက်ဝင်ပုံ တို့ကို အထူး အလေးထား ပါတယ်။

၂။ ဗီယမ်နမ် မိသားစုများ စားသောက်ပုံ

ပျမ်းမျှအားဖြင့် ဗီယက်နမ် မိသားစုတွေက ထမင်းဖြူ ပန်းကန်လုံးတစ်ခွက်စာ၊ ငါး ဒါမှမဟုတ် ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက် ရောပြုတ်ထားတဲ့ ဟင်းရည်၊ ဟင်းသီးဟင်းရွက်သနပ်၊ ဟင်းသီး ဟင်းရွက်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်ကြော် တစ်မျိုး၊ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲ စွပ်ပြုတ်တွေ ပါဝင်ပါတယ်။ အဲဒီအစာတွေ နဲ့ တွဲစားနိုင်ဖို့ ငါးဆော့စ် ဒါမှမဟုတ် ပဲပိစပ်ဆော့စ်၊ ကြက်သွန်ဖြူ၊ ငံပြာရည် စတာတွေကိုလည်း ပြင်ဆင်ထားပါတယ်။ ထမင်းစားပြီး အချိုပွဲ အနေနဲ့ စားတတ် တာကတော့ သင်္ဘောသီး၊ ပဲသုပ်နဲ့ ရာသီပေါ် အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၃။ ဗီယက်နမ်ရိုးရာ ခေါက်ဆွဲစွပ်ပြုတ်

ထမင်းစားတိုင်း မပါမဖြစ်ပါခဲ့တာက ကြက်သား ဒါမှမဟုတ် ဝက်သား ဒါမှမဟုတ် အမဲသား ပါတဲ့ ခေါက်ဆွဲ စွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ အဲဒီ စွပ်ပြုတ်ရဲ့ နာမည်က Pho ဖြစ်ပါတယ်။ အဆီမပါဘဲ ပြုတ်ရည်ကို အရသာရှိပြီး ချိုမွှေး နေအောင် ပြုလုပ်ထားပါတယ်။ အဲဒီစွပ်ပြုတ်ကို အနီရောင် ငရုတ်သီး၊ ပင်စိမ်း၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောထည့် စားရပါတယ်။

၎။ ဗီယက်နမ် ကြက်ဥကြော်

ကြက်ဥကြော် ကလည်း ဗီယက်နမ်တွေရဲ့ ရိုးရာ အစားအသောက်ထဲမှာ တစ်မျိုး အပါအဝင် ပါပဲ။ ကြက်ဥကို မွှေပြီး အခွံခွာထားတဲ့ ပုစွန် ဒါမှမဟုတ် ကမာ၊ ကြက်သွန်နီပါးပါး၊ တစ်ခါတစ်ရံ မှိုထည့်ပြီး အုန်းဆီ၊ နနွင်းမှုန့်တို့နဲ့ ရောပြီးကြော်တာ ဖြစ်ပါတယ်။ အုန်းဆီ (Coconut Oil) က ဗီယက်နမ်မှာ အသုံးများတဲ့ဆီ ဖြစ်ပါတယ်။

၅။ ဗီယက်နမ် ထမင်းလိပ်

ဒါကို Vietnamese Fresh Roll လို့ခေါ်ပြီး ဆန်ကို စက္ကူပုံစံ အလိပ်လေး လုပ်ပြီး အထဲမှာ ပုဇွန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ မြေပဲဆော့စ် စတာတွေ ထည့်ပါတယ်။ အများအားဖြင့် ဂျုံခေါက်ဆွဲ ဒါမှမဟုတ် ဂျုံကြာဆံနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်း ပြုလုပ်ကြပါတယ်။

၆။ဗီယက်နမ်ရိုးရာ ဆေးနည်းများ

လူ့ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းတွေ မျှတနေဖို့အတွက် ဟင်းလျာတစ်မျိုးထဲ ထည့်မယ့် ပါဝင်ပစ္စည်းတွေကို ရွေးချယ် သုံးစွဲကြပါတယ်။

- ဘဲသားကို အအေးစာလို့ ယူဆပြီး နွေရာသီမှာ စားကြပါတယ်။ ချင်း(ဂျင်း)ပါတဲ့ ငါးဆော့စ်နဲ့ တွဲစားပေးရင် နွေးတယ်လို့ ယူဆပါတယ်။ ကြက်သားကို အနွေးစာ၊ ဝက်သားကို အပူစာလို့ ယူဆပြီး ဆောင်းရာသီမှာ အစားများ ပါတယ်။

- ပင်လယ်စာကို အအေးစာလို့ ယူဆပြီး ချင်း(ဂျင်း)နဲ့ တွဲစားပါတယ်။

-ဟင်းခတ် အမွှေးအကြိုင်တွေကို ချဉ်တဲ့ ဆော့စ်တွေနဲ့ တွဲဖက်ပြုလုပ်ပြီး ယင်ဓာတ်နဲ့ ယန်ဓာတ် မျှတအောင် ပြုလုပ်ပါတယ်။

- အအေးမိနေသူ၊ တုပ်ကွေး ကွေးနေသူတွေကို ချင်းပြုတ်ရည် သောက်ခိုင်း ပါတယ်။

By ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.