ကောက်ရိုးပြာနဲ့ ကျစ်တဲ့ကြိုး

Posted by Black Magic | Posted in | Posted on 3:20 PM



``` ကောက်ရိုး ပြာနဲ့ ကျစ်တဲ့ကြိုး ´´´

`` သားတော်... ယခင် မင်းကြီးဆီက ခမည်းတော် ထီးနန်းသိမ်းပိုက်စဉ်အခါက နန်းတွင်းမှာ အင်မတန်ကြော်ကြားတဲ့ လူငယ်ပညာရှိအမတ်ကြီးတစ်ပါးဟာ တိတ်တဆိတ် ပျောက်ဆုံးသွားဘူးတယ်... သူပျောက်ဆုံးသွားတာဟာ နန်းလုပွဲမှာ အသက်စတေးရမှာ ကြောက်လို့လား.... ခမည်းတော်ရဲ့ သစ္စာကို မခံယူလိုတဲ့ အတွက်လားဆိုတာ သေသေချာချာ မသိခဲ့ဘူး... အဲဒီပညာရှိကြီးက အခုဆိုရင် အသက် ၇၀ လောက်ရှိရော့မယ်...´´

`` မှန်လှပါ ခမည်းတော် ဆက် အမိန့်ရှိပါ´´

`` အေး အဲဒီ ပညာရှိကြီးကို ခမည်းတော် အင်မတန်လိုချင်ခဲ့တယ်... သတင်းကိုလည်း အဆက်မပြတ်စုံစမ်းခဲ့တယ်...၊ ဘာသတင်းမှလည်း မရခဲ့ဘူး... ဒါပေမယ့် ခမည်းတော် စိတ်ထဲမှာ ဒီပညာရှိကြီးဟာ သက်ရှိထင်ရှား ရှိနေဆဲပဲလို့ ခမည်းတော် ထင်နေတယ်... တစ်နေ့ ရောက်လာနိုးနဲ့ မျှော်လင့်ခဲ့တာလည်း အခု သားမောင် အရွယ်ရောက်လို့ ထီးနန်း ဆက်ခံရမယ့် အချိန် အထိပါပဲ...´´

`` မှန်လှပါ ´´

`` အခု ခမည်းတော်ရဲ့ နန်းသက် နှစ်ပေါင်း ၃၀ကျော် အတွင်းမှာ တိုင်းပြည်ဟာလည်း တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး...၊ အကြောင်းကတော့ ယခင်မင်းကြီးရဲ့ သစ္စာတော်ခံတွေရဲ့ ရန်...၊ တိမ်မြုပ်နေပြီး ခမည်းတော်ကို မလိုလားတဲ့ ပညာရှိများ၊ မှူး/မတ်များရဲ့ အန္တရာယ်... ဒါတွေကို ကာကွယ်ရင်းနဲ့ပဲ.... အချိန်တွေ ကုန်ဆုံးခဲ့ရတယ်...၊ ဒီတော့... အခု သားတော် ထီးနန်းစံမြန်းတဲ့အခါ... အနားမှာ ပညာရှိများကို နေရာပေးချီးမြှောက်ပြီး အကြံကောင်း ဥာဏ်ကောင်းများ ရယူပါ...၊ အခုဆိုရင် ထီးနန်းလုယူနိုင်လောက်တဲ့ အန္တရာယ်တွေလည်း ကင်းပါပြီ.... အကယ်၍ ခမည်းတော် ပြောတဲ့ ပညာရှိကြီးကို မရခဲ့သည့်တိုင်အောင် သူ့ရဲ့ မျိုးဆက် ပညာရှိများကို ရယူပြီး တိုင်ပင်ဆွေးနွေး အုပ်ချုပ်ပါ...´´

`` ကောင်းလှပါပြီ ဖခင် သားတော် တသဝေမတိမ်း လိုက်နာ ဆောင်ရွက်ပါ့မယ်..´´

=============================

`` မင်းကြီးများ....´´
`` ဘုရား...´´

``တိုင်းပြည်အ၀ှမ်း မောင်းကြေးနင်းလည်ခတ်စေ.... ယနေ့မှ လွန်၍ သုံးရက်မြောက်သော် ရွှေနန်းတော် ရင်ပြင်၌ မြို့စားအရာ အပ်နှင်းပွဲ ကျင်းပမည်... ကောက်ရိုးကို မီးရှို့ကာ ကြိုးကျစ်၍ ဆက်သနိုင်သူသည် နှစ်သက်သော မြို့ကို အပိုင်စားရစေမည်...´´

`` မှန်လှပါ.... အမိန့်တော် မြတ် အတိုင်းပါဘုရား......´´

==============================

`` ဒူ.... ဒူ.... ဒူ... တိုင်းသူပြည်သားလူအများတို့လေး.... ယနေ့မှစ၍ xxxxx ကောက်ရိုးကို မီးရှို့၍ xxxxx အပ်နှင်းပါမည် xxxx ဒူ..... ဒူ... ဒူ´´

`` ဟယ်... ကောက်ရိုးကို မီးရှို့တဲ့ ပြာကို ဘယ်လို ကြိုးကျစ်ရမတုံး ´´
`` အံ့... အံ့ ပါရဲ့တော်..´´
`` ထူးထူးဆန်းဆန်းပါလား ´´
`` မစဉ်းစားတတ်အောင်ပါပဲဗျာ ´´
`` စဉ်းစားရင်းနဲ့ လယ်ထဲ မဆင်းဖြစ်တော့ဘူး...´´
`` ရှင်မရေ... ထမင်းလေးတော့ ချက်ဦးဟ ကလေးတွေကျောင်းလွှတ်တော့မယ်´´

===============================

`` မြေးလေး´´
`` ခင်ဗျာ အဘိုး´´
`` မြေးလေး အခု အသက် ဘယ်လောက်တုံး´´
`` ၁၇ နှစ်ပါ အဘိုး ´´
`` ကဲကွာ ကောက်ရိုးကို မီးရှို့ပြီး ပြာကို ကြိုးကျစ်နိုင်ရင် မင်း မြို့စားမင်း ဖြစ်လိမ့်မယ်..၊ မြို့စားကနေမှတဆင့် နန်းတွင်း ပညာရှိ အမတ် ဖြစ်လိမ့်မယ်..မလုပ်ချင်ဘူးလား..´´

`` ကျွန်တော် ပညာရှိအမတ်ဖြစ်ဖို့ မပြည့်စုံသေးပါဘူး အဘိုးရယ်.. လောဘကြီးလို့ မဖြစ်သေးပါဘူး... လောဘကြီးရင် အန္တရာယ်ကြုံတတ်တယ်လို့ အဘိုး ဆုံးမဘူးတယ်လေ..၊ နောက်တစ်ခုက ထင်ပေါ်ကြော်ကြားမှုက လူ့စိတ်ကို ပြောင်းလဲစေတယ် သတိထားသင့်တယ်လို့ အဘိုးမှာဘူးတာပဲ နေပါစေ အဘိုးရယ်... သင့်တင့်လျောက်ပတ်စွာပဲ အေးအေးချမ်းချမ်းနေပါ့မယ်...´´

`` ဟုတ်တယ်မြေး... သို့သော်လည်း သတိကြီးစွာထားရင်း နံ့သာမည်သည် ၀န်းကျင်ကိုတော့ဖြင့် မွှေးပျံ့စေရမယ်လေ... ဒီလိုမွှေးပျံ့စေဖို့အတွက်လည်း နံ့သာတုံးလေးကို သွေးပြီး လိမ်းကျံတာပဲဖြစ်ဖြစ်... မီးရှို့ ပူဇော်ခြင်းအားဖြင့် ဆောင်ရွက်နိုင်တယ်...´´

`` ဟုတ်...အဘိုး မှတ်သားထားပါ့မယ်... အချိန်တန်တဲ့အခါ... မွှေးပျံ့စေပါ့မယ်..´´

`` ဒါနဲ့ မြေးလေး မင်း ကောက်ရိုးကို မီးရှို့ပြီး ကြိုးကျစ်တတ်သလားကွ...´´

`` ဟဲဟဲ... အဘိုးရယ်... ဒီအတိုင်း စဉ်းစားရင်တော့ ဘယ်ဖြစ်လိမ့်မတုံး.. သူလိုချင်တာက ပြာနဲ့ ကျစ်ထားတဲ့ ကြိုးလေ... ဘယ်ကရတဲ့ပြာလဲဆိုတော့ ကောက်ရိုးက ရတဲ့ပြာ.. အဲဒီတော့.. ကောက်ရိုးကို ကြိုးအရင်ကျစ်မယ်... ပြီးမှ အဲဒီကြိုးလေးကို လေငြိမ်ပြီး လုံခြုံတဲ့ ခွက်တစ်ခုထဲမှာ ထည့်ပြီး မီးရှို့လိုက်မယ်... ပုံစံမပျက် ကြိုးလေးက ပြာလေး ဖြစ်သွားပြီပေါ့... သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး...´´

`` ကောင်းလေစွ မြေးရေ... ဒီလို ပညာရှိကိုစမ်းသပ်ဖော်ထုတ်တာဟာ နန်းစွန့် ဘုရင်ကြီးရဲ့ အကြံဥာဏ် ဖြစ်လိမ့်မယ်... အဘိုးကိုသော်လည်းကောင်း... အဘိုးရဲ့ မျိုးဆက်ကိုသော်လည်းကောင်း သူ့ရဲ့ သားတော် လက်ရှိမင်းကြီးအတွက် ၀န်းရံစေလိုတာပါပဲ.... ´´

`` အန္တရာယ်ကင်းပါ့မလား အဘိုး... ´´

`` ဘုရင်ကြီးကို ၀န်းရံရင်တော့ ကင်းပါလိမ့်မယ်... အဘိုးကိုတောင် ရအောင်ရှာပြီး မသတ်ခဲ့တော့ အခုလည်း ဆန့်ကျင်မှုမပြုရင် ချီးမြှင့်မြောက်စားပါလိမ့်မယ်...´´

`` ကျွန်တော် သွားပြီး ဆက်သသင့်သလားအဘိုး´´

`` ဆက်သသင့်တယ်... လိုချင်တပ်မက်မှုမကြီးကြောင်း ပြသတဲ့ အနေနဲ့ နောက်ဆုံးလူအဖြစ်နဲ့သာ ဆက်သပါ... ´´

`` လိုက်နာဆောင်ရွက်ပါ့မယ် အဘိုး´´

==========================

တိုင်းပြည်ကို အုပ်ချုပ်နေသော.... တိုင်းပြည်ကို အုပ်ချုပ်လိုသော.... ပုဂ္ဂိုလ်များတွင် တိုင်းပြည်တိုးတက်စေလိုသော စေတနာမှန်ကန်ခြင်း၊
ပညာရှိကို ချီးမြင့်မြှောက်စားခြင်း၊
ပစ္စုပ္ပန်ကို တည့်တည့်ရှုမြင်တတ်ခြင်း၊
မိဘ ဆရာသမားနှင့် ပညာရှိစကားအား လိုက်နာကျင့်ဆောင်ခြင်းသည် တိုင်းပြည် တိုးတက်ခြင်း အကြောင်းများ ဖြစ်ကြောင်း တင်ပြရင်း...

တစ်စုံတစ်ခုကို ရရှိခံစားရင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ....

(ကွန်ဆူးမား)(၂၉-၁၀-၂၀၁၃)
"သားတော်... ယခင် မင်းကြီးဆီက ခမည်းတော် ထီးနန်းသိမ်းပိုက်စဉ်အခါက နန်းတွင်းမှာ အင်မတန်ကြော်ကြားတဲ့ လူငယ်ပညာရှိအမတ်ကြီးတစ်ပါးဟာ တိတ်တဆိတ် ပျောက်ဆုံးသွားဘူးတယ်... သူပျောက်ဆုံးသွားတာဟာ နန်းလုပွဲမှာ အသက်စတေးရမှာ ကြောက်လို့လား.... ခမည်းတော်ရဲ့ သစ္စာကို မခံယူလိုတဲ့ အတွက်လားဆိုတာ သေသေချာချာ မသိခဲ့ဘူး... အဲဒီပညာရှိကြီးက အခုဆိုရင် အသက် ၇၀ လောက်ရှိရော့မယ်..."

"မှန်လှပါ ခမည်းတော် ဆက် အမိန့်ရှိပါ"

"အေး အဲဒီ ပညာရှိကြီးကို ခမည်းတော် အင်မတန်လိုချင်ခဲ့တယ်... သတင်းကိုလည်း အဆက်မပြတ်စုံစမ်းခဲ့တယ်...၊ ဘာသတင်းမှလည်း မရခဲ့ဘူး... ဒါပေမယ့် ခမည်းတော် စိတ်ထဲမှာ ဒီပညာရှိကြီးဟာ သက်ရှိထင်ရှား ရှိနေဆဲပဲလို့ ခမည်းတော် ထင်နေတယ်... တစ်နေ့ ရောက်လာနိုးနဲ့ မျှော်လင့်ခဲ့တာလည်း အခု သားမောင် အရွယ်ရောက်လို့ ထီးနန်း ဆက်ခံရမယ့် အချိန် အထိပါပဲ..."

"မှန်လှပါ"

"အခု ခမည်းတော်ရဲ့ နန်းသက် နှစ်ပေါင်း ၃၀ကျော် အတွင်းမှာ တိုင်းပြည်ဟာလည်း တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး...၊ အကြောင်းကတော့ ယခင်မင်းကြီးရဲ့ သစ္စာတော်ခံတွေရဲ့ ရန်...၊ တိမ်မြုပ်နေပြီး ခမည်းတော်ကို မလိုလားတဲ့ ပညာရှိများ၊ မှူး/မတ်များရဲ့ အန္တရာယ်... ဒါတွေကို ကာကွယ်ရင်းနဲ့ပဲ.... အချိန်တွေ ကုန်ဆုံးခဲ့ရတယ်...၊ ဒီတော့... အခု သားတော် ထီးနန်းစံမြန်းတဲ့အခါ... အနားမှာ ပညာရှိများကို နေရာပေးချီးမြှောက်ပြီး အကြံကောင်း ဥာဏ်ကောင်းများ ရယူပါ...၊ အခုဆိုရင် ထီးနန်းလုယူနိုင်လောက်တဲ့ အန္တရာယ်တွေလည်း ကင်းပါပြီ.... အကယ်၍ ခမည်းတော် ပြောတဲ့ ပညာရှိကြီးကို မရခဲ့သည့်တိုင်အောင် သူ့ရဲ့ မျိုးဆက် ပညာရှိများကို ရယူပြီး တိုင်ပင်ဆွေးနွေး အုပ်ချုပ်ပါ..."

"ကောင်းလှပါပြီ ဖခင် သားတော် တသဝေမတိမ်း လိုက်နာ ဆောင်ရွက်ပါ့မယ်.."
=============================

"မင်းကြီးများ...."
"ဘုရား..."
"တိုင်းပြည်အ၀ှမ်း မောင်းကြေးနင်းလည်ခတ်စေ.... ယနေ့မှ လွန်၍ သုံးရက်မြောက်သော် ရွှေနန်းတော် ရင်ပြင်၌ မြို့စားအရာ အပ်နှင်းပွဲ ကျင်းပမည်... ကောက်ရိုးကို မီးရှို့ကာ ကြိုးကျစ်၍ ဆက်သနိုင်သူသည် နှစ်သက်သော မြို့ကို အပိုင်စားရစေမည်...´´ `` မှန်လှပါ.... အမိန့်တော် မြတ် အတိုင်းပါဘုရား......"

 ==============================
" ဒူ.... ဒူ.... ဒူ... တိုင်းသူပြည်သားလူအများတို့လေး.... ယနေ့မှစ၍ xxxxx ကောက်ရိုးကို မီးရှို့၍ xxxxx အပ်နှင်းပါမည် xxxx ဒူ..... ဒူ... ဒူ"

" ဟယ်... ကောက်ရိုးကို မီးရှို့တဲ့ ပြာကို ဘယ်လို ကြိုးကျစ်ရမတုံး"

" အံ့... အံ့ ပါရဲ့တော်.."
" ထူးထူးဆန်းဆန်းပါလား "
" မစဉ်းစားတတ်အောင်ပါပဲဗျာ"
"စဉ်းစားရင်းနဲ့ လယ်ထဲ မဆင်းဖြစ်တော့ဘူး..."
" ရှင်မရေ... ထမင်းလေးတော့ ချက်ဦးဟ ကလေးတွေကျောင်းလွှတ်တော့မယ်"
===============================
"မြေးလေး"

"ခင်ဗျာ အဘိုး"

" မြေးလေး အခု အသက် ဘယ်လောက်တုံး"

" ၁၇  နှစ်ပါ အဘိုး"

"ကဲကွာ ကောက်ရိုးကို မီးရှို့ပြီး ပြာကို ကြိုးကျစ်နိုင်ရင် မင်း မြို့စားမင်း ဖြစ်လိမ့်မယ်..၊ မြို့စားကနေမှတဆင့် နန်းတွင်း ပညာရှိ အမတ် ဖြစ်လိမ့်မယ်..မလုပ်ချင်ဘူးလား.."
"ကျွန်တော် ပညာရှိအမတ်ဖြစ်ဖို့ မပြည့်စုံသေးပါဘူး အဘိုးရယ်.. လောဘကြီးလို့ မဖြစ်သေးပါဘူး... လောဘကြီးရင် အန္တရာယ်ကြုံတတ်တယ်လို့ အဘိုး ဆုံးမဘူးတယ်လေ..၊ နောက်တစ်ခုက ထင်ပေါ်ကြော်ကြားမှုက လူ့စိတ်ကို ပြောင်းလဲစေတယ် သတိထားသင့်တယ်လို့ အဘိုးမှာဘူးတာပဲ နေပါစေ အဘိုးရယ်... သင့်တင့်လျောက်ပတ်စွာပဲ အေးအေးချမ်းချမ်းနေပါ့မယ်..."

"ဟုတ်တယ်မြေး... သို့သော်လည်း သတိကြီးစွာထားရင်း နံ့သာမည်သည် ၀န်းကျင်ကိုတော့ဖြင့် မွှေးပျံ့စေရမယ်လေ... ဒီလိုမွှေးပျံ့စေဖို့အတွက်လည်း နံ့သာတုံးလေးကို သွေးပြီး လိမ်းကျံတာပဲဖြစ်ဖြစ်... မီးရှို့ ပူဇော်ခြင်းအားဖြင့် ဆောင်ရွက်နိုင်တယ်..."

"ဟုတ်...အဘိုး မှတ်သားထားပါ့မယ်... အချိန်တန်တဲ့အခါ... မွှေးပျံ့စေပါ့မယ်.."

" ဒါနဲ့ မြေးလေး မင်း ကောက်ရိုးကို မီးရှို့ပြီး ကြိုးကျစ်တတ်သလားကွ..."

"ဟဲဟဲ... အဘိုးရယ်... ဒီအတိုင်း စဉ်းစားရင်တော့ ဘယ်ဖြစ်လိမ့်မတုံး.. သူလိုချင်တာက ပြာနဲ့ ကျစ်ထားတဲ့ ကြိုးလေ... ဘယ်ကရတဲ့ပြာလဲဆိုတော့ ကောက်ရိုးက ရတဲ့ပြာ.. အဲဒီတော့.. ကောက်ရိုးကို ကြိုးအရင်ကျစ်မယ်... ပြီးမှ အဲဒီကြိုးလေးကို လေငြိမ်ပြီး လုံခြုံတဲ့ ခွက်တစ်ခုထဲမှာ ထည့်ပြီး မီးရှို့လိုက်မယ်... ပုံစံမပျက် ကြိုးလေးက ပြာလေး ဖြစ်သွားပြီပေါ့... သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး..

"ကောင်းလေစွ မြေးရေ... ဒီလို ပညာရှိကိုစမ်းသပ်ဖော်ထုတ်တာဟာ နန်းစွန့် ဘုရင်ကြီးရဲ့ အကြံဥာဏ် ဖြစ်လိမ့်မယ်... အဘိုးကိုသော်လည်းကောင်း... အဘိုးရဲ့ မျိုးဆက်ကိုသော်လည်းကောင်း သူ့ရဲ့ သားတော် လက်ရှိမင်းကြီးအတွက် ၀န်းရံစေလိုတာပါပဲ.... "

"အန္တရာယ်ကင်းပါ့မလား အဘိုး... "

"ဘုရင်ကြီးကို ၀န်းရံရင်တော့ ကင်းပါလိမ့်မယ်... အဘိုးကိုတောင် ရအောင်ရှာပြီး မသတ်ခဲ့တော့ အခုလည်း ဆန့်ကျင်မှုမပြုရင် ချီးမြှင့်မြောက်စားပါလိမ့်မယ်..."

"ကျွန်တော် သွားပြီး ဆက်သသင့်သလားအဘိုး"

"ဆက်သသင့်တယ်... လိုချင်တပ်မက်မှုမကြီးကြောင်း ပြသတဲ့ အနေနဲ့ နောက်ဆုံးလူအဖြစ်နဲ့သာ ဆက်သပါ... ´´ `` လိုက်နာဆောင်ရွက်ပါ့မယ် အဘိုး"

==========================
တိုင်းပြည်ကို အုပ်ချုပ်နေသော.... တိုင်းပြည်ကို အုပ်ချုပ်လိုသော.... ပုဂ္ဂိုလ်များတွင် တိုင်းပြည်တိုးတက်စေလိုသော စေတနာမှန်ကန်ခြင်း၊ ပညာရှိကို ချီးမြင့်မြှောက်စားခြင်း၊ ပစ္စုပ္ပန်ကို တည့်တည့်ရှုမြင်တတ်ခြင်း၊ မိဘ ဆရာသမားနှင့် ပညာရှိစကားအား လိုက်နာကျင့်ဆောင်ခြင်းသည် တိုင်းပြည် တိုးတက်ခြင်း အကြောင်းများ ဖြစ်ကြောင်း တင်ပြရင်း... တစ်စုံတစ်ခုကို ရရှိခံစားရင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ....

 (ကွန်ဆူးမား)
(၂၉-၁၀-၂၀၁၃)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.