ဝမ်းချုပ်ခြင်းကို ကာကွယ်မည့် ယောဂကျင့်စဉ်

Posted by Black Magic | Posted in | Posted on 1:33 PM





တစ်ချို့လူတွေဟာ မကြာခဏ ၀မ်းချုပ်တတ်ကြပါတယ်. .. .၀မ်းချုပ်ရင် နေရထိုင်ရတာ မအီမသာ ဖြစ်စေသလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကလည်း ဖြစ်နိုင်ပါတယ်. . မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ” ၀မ်းတစ်လုံးကောင်း ခေါင်းမခဲဘူး ” ဆိုတဲ့ စကားပုံအတိုင်းပဲ လူတစ်ယောက်အတွက် ၀မ်းမှန်နေဖို့လိုပါတယ်. . .
ဒါကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေရှိတဲ့ အထဲက ယောဂကျင့်စဉ်ဖြင့် ကာကွယ်နည်းကို ကျွန်တော့်အီးမေလ်းတွင်တွေ့ သဖြင့် ဘလော့ဖတ်တဲ့သူတိုင်းအတွက် ဖော်ပြလိုက်ပါတယ်. . . .

အဆင့်(၁)
ကြမ်းပြင်ပေါ်သို့ ၀မ်းလျားမှောက်လိုက်ပါ. .

အဆင့်(၂)
ခြေထောက် နှစ်ဖက်ကို အပေါ်ဘက်သို့ ကွေးနိုင်သမျှ ကွေးပြီး လက်နှစ်ဖက်ဖြင့် ကွေးထားသော ခြေကျင်းဝတ်များကို ဆုပ်ကိုင်ပါ. . နဖူးကို ကြမ်းပြင်နှင့် ထိထားပါ. . .

အဆင့်(၃)
အသက်ကို ပြင်းပြင်းရှူသွင်းပြီး ခေါင်းကို မော့၍ ခြေဖျားများကို အပေါ်သို့ လက်ဖြင့် ဆွဲမလိုက်ပါ. . . ပခုံးနှစ်ဖက်ကို အပေါ်သို့ ကြွလိုက်ပါ. . .လက်နှစ်ဖက်က ခြေကျင်းဝတ်များ ကိုင်ထားသည်ကို မလွှတ်ရပါ. . ပေါင်များနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်မှ အထက်သို့ ကြွတက်လာသည်အထိ ဆွဲပေးရမယ်. . .

အဆင့်(၄)
ဤပုံစံအတိုင်း ထိန်းထားပြီး ပုံမှန်အသက်ရှူပါ. . . . ၀င်သက်၊ ထွက်သက် ကို တစ်ကြိမ်မှတ်ယူပြီး ၁ မှ ၁၀ ထိမှတ်ပါ. . .

အဆင့်(၅)
ပြီးလျှင် အသက်ရှူ ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ ပြန်ချပါ. . . အသက်ရှူထုပ်ပါ. . .

ဤကျင့်စဉ်ကို ပြုလုပ်ပါက . အစပိုင်းတွင် တချို့သည် ခြေဖျားများကို မြှောက်နိုင်ပြီး ပခုံးကို မ မနိုင် ဖြစ်တတ်သည်. .. တချို့သည်. . ပခုံးကို မြှောက်နိုင်ပြီး ခြေဖျားများကို မမြှောက်နိုင်ဖြစ်တတ်သည်. . . ထို့ကြောင့် တဖြေးဖြေး ကြိုးစား ၍ပြုလုပ်ရပါမည်. . .

ဤကျင့်စဉ်ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်သလို . . . . ၀မ်းဗိုက်ရှိ ကြွက်သားများကို အားကောင်းစေပါသည်. .
မှ - (nayphyozaw.com - ယောဂကျင့်စဉ်)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.