History Of X-Max

Posted by Black Magic | Posted in , | Posted on 6:48 AM

Christmax နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းလေးတွေကို တွေ့မိသလောက်ဖော်ပြပေးလိုက်ပါတယ်...၊ အမြင်ကွဲလွဲမှု..၊ မတိကျမှုတွေရှိခဲ့ရင်လည်း မသေချာဘဲ ဖော်ပြခဲ့မိတဲ့ကျွန်တော်အမှားသာဖြစ်ပါကြောင်း..၊

၁ ။ လူအများထင်သလို ယေရှုခရစ်တော် (Jesus Christ ) ရဲ့မွေးနေ့ဟာ ဒီဇင်ဘာလ (၂၅)ရက်မဟုတ်ပါ ဘူး။ သမ္မာကျမ်းစာ (Bible )မှာလ်း အတိအကျ ဖော်ပြထားခြင်း၊ ညွှန်းဆိုထားခြင်းမရှပါ။ သမိုင်းပညာရှင်အ များလေ့လာတွေ့ရှိထားမှုအရ ခရစ်တော်မွေးဖွားသော ကာလမှာ ဆောင်းတွင်းမဟုတ်ဘဲ နွေးဦးရာ သီဖြစ်ပါတယ်။

၂ ။ ခရစ်သက္ကရာဇ် (၄) ရာစမှာ ကက်သလစ်ကျောင်းတော် (Catholic Church) က ခရစ်တော် ရဲ့မွေးနေ့ကို တရား ၀င် အလုပ်နားရက်အဖြစ် သက်မှတ်ဖို့ စီစဉ်ရာမှာ ထိုစဉ်က ပုပ်ရဟန်းမင်း ဂျူးလီးယက် (၁) (Pope Julius I ) ကဒီဇင်ဘာလ (၂၅)ရက်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ထိုပိတ်ရက်ဟာ နတ်ကိုးကွယ်သူ ရောမတွေ ရဲ့ saturnalia လို့ခေါ်တဲ့ ပွဲတော် ရက်နဲ့တထပ်တည်း ကျရောက်နေပါတယ်။။

၃။ (၁၆၅၉)ခုနှစ်မှ (၁၆၈၁) ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ (Boston ) မှာ ခရစ်စမတ် ပြုလုပ်ကျင်းပခြင်းဟာ တရားမ၀င်ဘဲ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားခဲ့ဖူးပါတယ်။
ထိုခေတ်အခါက ပြုပြင်ပြောင်းလဲရေးဝါဒီ ခရစ်ယာန် တစ်ချို့က ခရစ်စမတ်ဟာ ခရစ်တော်ရဲ့မွေးနေ့ အစစ်အမှန် မဟုတ်ဘဲ အတုအယောင် ပြုလုပ်တာမို့ဆန့်ကျင်ခဲ့ကြခြင်းပါ။

၎။ ကတ်သလစ်ကျောင်းတော်ကို ဆန့်ကျင်တဲ့ အယူရှိသူ ပရိုတက်စတင့် အများစုရှိရာ အမေရိကန် နိုင်ငံမှာ နိုင်ငံ တည်ထောင်ပြီး နှစ်ပေါင်း တစ်ရာကျော်ကြာ (၁၈၈၉) ခုနှစ်မှသာ ဒီဇင်ဘာလ
(၂၅) ရက်ခရစ်စမတ်နေ့ကို တရားဝင် ရုံးပိတ်ရက် ပွဲတော်နေ့ အဖြစ် အတည်ပြုသက်မှတ်ခဲ့ခြင်းဖြစ် ပါတယ်။

၅။ ခရစ်စမတ်သစ်ပင် ထားရှိခြင်းဟာ ခရစ်ယာန်ဘာသာ မပြန့်နှံ့မီကပင် ဂျာမနီနိုင်ငံ (Germany ) မှာ ဆောင်းရာသီ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ (၁၇) ရာစုရောက်တော့မှသာ strasbourg ဒေသက
ဂျာမန်လူမျိုးများက ခရစ်စမတတ်သစ်ပင်ရယ်လို့ စတင်ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး (၁၈၂၀ ) ခုနှစ်များတလျှောက် ဂျာမန်လူမျိုးများ အမေရိကန်နိုငငံ Pennsylvania သို့ရွှေ့ပြောင်းအခြေချစဉ် ထိုယဉ်ကျေးမှု အစဉ်
အလာကို သယ်ဆောင်လာခဲ့ကြတာပါ။

၆။ (၁၈၄၀ ) ခုနှစ်မှာ ဗြိတိသျှ ဘုရင်မ Queen Victoria ဟာ ဂျာမန်မင်းသား Prince Albert ကိုလက်ထပ်ချိန်ကြမှသာ ခရစ်စမတ်သစ်ပင် ယဉ်ကျေးမှုဟာ အင်္ဂလန်နိုင်ငံ (England) ကိုရောက် ရှိခဲ့တာ ဖြစ်ပါတယ်။ (၁၈၄၈ ) ခုနှစ်မှာ ပထမဆုံး အမေရိကန် သတင်းစာက အင်္ဂလန်တော်ဝင် မိသားစုရဲ့ ခရစ်စမတ်သစ်ပင်ကို ဓါတ်ပုံရိုက်ပြီး ဖော်ပြလိုက်တဲ့အခါ အမေရိကန် နိုင်ငံတစ်ဝှမ်းမှာ ခရစ်စမတ်သစ်ပင် ယဉ်ကျေးမှုဟာ အလွန်ကို ပေါ်ပြုလာဖြစ်လာခဲ့ခြင်းပါ။

၇။ ဒီဇင်ဘာလ (၂၅)ရက်မှာ ခရစ်စမတ် ကျင်းပခြင်းဟာ အနောက်ဥရောပ ကို လွှမ်းမိုးသြဇာညောင်းတဲ့ ကတ်သလစ်ကျောင်းတော်က စတင်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံ (Russia ) အပါအ၀င် အရှေ့ ဥရောပ နိုင်ငံများမှာ ကျင့်သုံးတဲ့ အော်သိုဒေါ့ (Orthodox) ခရစ်ယာန်ဂိုဏ်းဝင်များရဲ့ ခရစ်စမတ်ကတော့ ဇန်န၀ါရီလ (၇) ရက်ဖြစ်ပါတယ်။

၈။ ခရစ်စမတ်ပွဲတော်နဲ့ ခွဲခြားလို့မရတဲ့ ဘိုးဘိုးကြီး စန်တာကလော့ (Santa Claus) ဟာ တူရကီနိုင်ငံ (Turkey) မှ ဂရိမျိုးနွယ် (Greek) ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး အသားဖြူဖြူ ၀၀ဖိုင့်ဖိုင့် မဟုတ်ဘဲ တကယ်တမ်းမှာတော့အသားညိုညို ပိန်ပိန်ရှည်ရှည် ဖြစ်ပါတယ်။


၉။ စန်တာကလော့ ရိုးရာဓလေ့ကို ဒတ်ခ်ျ (Dutch) လူမျိုးများက စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အမေရီကန်နိုင်ငံကို ပြောင်းရွေ့ အခြေချခဲ့တဲ့ ဒတ်ခ်ျလူမျိုးများက ဆက်လက်ယူဆောင် ကျင်းပရာမှ ပေါ်ပြူလာ ဖြစ်ခဲ့ခြင်းပါ။ ဘုန်းတော်ကြီး Saint Nicholas ဟာ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုမှ ဆင်းသက်မွေးဖွားခဲ့သူ ဖြစ်ပြီး အလွန်တရာ အလှူအတန်းပြုလုပ်သူတစ်ဦး ဖြစ်တဲ့အပေါ် အခုလို ပုံပြင်တီထွီခဲ့ခြင်းပါ။

၁၀။ ယေရှုခရစ်တော်ဟာ အများထင်ရောက်နေသကဲ့သို့ အနောက်တိုင်းသာ လူဖြူလူမျိုးမဟုတ်ဘဲ အရှေ့တိုငးပါလက်စတိုင်းနိုင်ငံ ( Palestine ) ဂျူးအနွယ်ဝင် (Jewish) မိသားစုမှ မွေးဖွားခဲ့သူ တစ်ဦး ဖြစ်ပြီး သမိုင်း ပညာရှင်များရဲ့ သုတေသန် ရှာဖွေတွေ့ရှိမှုများအရ အသားညိုကာ ဆံပင်ကောက်သူ တစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။

ကိုးကား >>>> မောင်စီမံ (မဟာသိပ္ပံ)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.