Posted by Black Magic | Posted in ဗဟုသုတများ , ဘုရားစာများ | Posted on 6:52 AM
ဗုဒ္ဓဘာသာကို Religion ( ဘာသာတရား ) လို့ဆိုနိုင် ပါသလား?* ဗုဒ္ဓဘာသာဟာ Religion မဟုတ်ဘူး။
မဟုတ် ရင် ဘာလဲ?
* ဗုဒ္ဓဘာသာဟာ ကျင့်စဉ်တစ်မျိုးပါ။
Religion ဆိုတဲ့ဘာသာတရားမှာကျင့်စဉ် မပါ
ပါဘူး။Religion မှာ ယုံကြည်ခြင်း၊ရှိခိုးခြင်း၊ဆုတောင်းခြင်း
တို့ပဲရှိတယ်။
မ ကောင်းတာတွေ အကုန်လုပ်၊အပြစ်မှလွတ်ဖို့ရန်ဆုတောင်း၊
ကောင်းမှုတွေ လုပ်ချင် လည်းလုပ်၊မလုပ်ချင် လည်းနေ၊ချမ်းသာသုခကို ဘုရားက ချပေးပါလို့ဆုတောင်း၊
အဲလိုယုံကြည်မှုနဲ့ ဆုတောင်းခြင်းသာလျှင် ပဓါနထားတဲ့
ဘာသာကို Religion လို့ခေါ်ပါတယ်။
ယုံကြည်မှုနဲ့ ဆုတောင်းမှုကို ပဓါနမထားပဲ အကျင့်ကိုသာ
ပဓါန ထားတဲ့ဘာသာဟာ ဗုဒ္ဓဘာသာပါ။ဲ့
ဗုဒ္ဓဘာသာကို philosophy ( ဖီလိုဆိုဖီ )လို့ဆိုရင် ရော ဆိုနိုင် ပါသလား?
* မဆိုနိုင် ပါဘူး။ဖီလိုဆိုဖီ ဆိုတာ အသိသက်သက်ပဲဖြစ်တယ်။
ဖီလိုဆိုဖီ မှာ အကျင့်(စရဏ)မပါဘူး။
Religion က ယုံကြည်မှုသက်သက်၊Philosophy က
အသိဥာဏ်သက်သက် အဲဒီနှစ်ခုလုံးမှာ အကျင့်တရား မပါဘူး။
*ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုနဲ့ အသိဥာဏ် ပေါင်းစပ်ပြီးတော့
ကျင့်ရတဲ့ တရား။
ယုံကြည်မှုနဲ့ အသိဥာဏ်ကို ပေါင်းစပ်ပြီး ကျင့်တော့ မိမိရဲ့
နှလုံးသားထဲက ယုတ်ညံ့တဲ့ ကိလေသာတွေ အကုန်
ရှင်းသွားတယ်။အဲဒီ ယုတ်ညံ့တဲ့ ကိလေသာတွေရှင်းသွားတဲ့
အခါချမ်းသာသုခကို တကယ် ရတာပါပဲ။
မိမိရဲ့ ယုတ်ညံ့မှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်
လုပ် ရပါတယ်။မိမိစိတ်ဓါတ် ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိ
ကိုယ်တိုင် ကြိုးစားယူရပါတယ်။ အဲဒါ ဗုဒ္ဓဘာသာပဲ။
ဒေါက်တာ အရှင် ညာဏိဿရ










Myanmar Kyat Converter
Comments (0)
Post a Comment