Posted by Black Magic | Posted in သတင်းများ | Posted on 9:19 PM
JBL တံဆိပ် Portable Speaker ဟာ အခြား Speaker တွေနဲ့ မတူတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ Portable Charger အနေနဲ့ပါ အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။ Cylinder ပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ဒေါင်လိုက်ဖြစ်ဖြစ် အလျားလိုက်ဖြစ်ဖြစ် ထားထားလို့ရပါတယ်။ 12 နာရီ ဆက်တိုက်အသုံးပြုနိုင်တဲ့ 6000 mAh Li-ion rechargeable battery ပါရှိပါတယ်။ အဲဒီ Battery ကနေတစ်ဆင့် Charger အနေနဲ့ပါ အသုံးပြုလို့ရပါတယ်။ LED မီးဖြင့် recharging ကို အချက်ပြပေးမှာဖြစ်ပါတယ်။ Speaker အတွက်ကိုတော့ bluetooth ဖြင့် ချိတ်ဆက်နိုင်တာဖြစ်ပါတယ်။ တန်ဖိုးအနေနဲ့ $169 ဖြင့် ရောင်းချထားတာဖြစ်ပါတယ်။
Comments (0)
Post a Comment