Nokia BH-121 Bluetooth Stereo Headset

Posted by Black Magic | Posted in | Posted on 9:23 PM

Nokia BH-121 Bluetooth Stereo Headset


Nokia မှ Bluetooth Headset တွေကို မထုတ်ခဲ့တာ အချိန်အတန်ကြာပြီဖြစ်ပါတယ်။ အခုတော့ BH-121 ဆိုတဲ့ Bluetooth Stereo Headset လေးကို ထုတ်လုပ်ပေးခဲ့ပြီဖြစ်ပါတယ်။ တန်ဖိုးငွေ $55 ခန့်ဖြင့် India ဈေးကွက်မှာ စတင်ဖြန့်ချီမယ်လို့ ခန့်မှန်းရပါတယ်။ အရောင်အသွေး စုံလင်လှတဲ့ ဒီ Headset လေးတွေဟာ Smartphone တွေကို Bluetooth နဲ့ကော NFC technology ကိုပါ နှစ်မျိုးလုံးအသုံးပြုပြီး ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ multi-point ကို support ပေးတဲ့အတွက် Device တစ်ခုထက်ပိုပြီး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Nokia BH-121 Headset တွေဟာ Bluetooth feature တွေအနေနဲ့ A2DP/ACRCP, HFP/HSP profiles တွေကို အသုံးပြုနိုင်ပါတယ်။ Nokia phone တွေဖြစ်တဲ့ Asha 501 & 503, Lumia 525, 625, 925, 1020, 1320 & 1520 အစရှိတာတို့နဲ့ Compatible ဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အ၀ါရောင်၊ အနီရောင်၊ အနက်ရောင် နဲ့ အပြာရောင် ဆိုပြီး 4 မျိုးရရှိနိုင်ပါတယ်။ Built-in battery က 110 mAh ပါရှိတဲ့အတွက် ၆နာရီခန့် ဆက်တိုက် အသုံးပြုနိုင်မှာပါ။ iPod Shuffle လိုမျိုး ပုံစံရှိတဲ့အတွက်ကြောင့် အ၀တ်အစားတွေမှာ ညှပ်ထားလို့ အဆင်ပြေပါတယ်။ အရွယ်အစားကတော့ 39x39x12mm ရှိပါတယ်။ ဒီ Device လေးပေါ်မှာကတော့ Volume buttons တွေ၊ ON OFF key တွေ၊ 3.5 mm headphone jack နဲ့ micro USB port တို့ပါရှိပါတယ်...၊

Nokia-Unveils-BH-121

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.