Redo Backup & Recovery [75 MB]

Posted by Black Magic | Posted in , | Posted on 3:10 PM

bare metal backup and restore

Computer ကိုလုံးဝဖွင့်လို့မရတော့ဘူး..Format ချရတော့မယ်..၊ အထဲမှာလည်း အရေးကြီးတဲ့ Data တွေကျန်နေတယ်ဆိုရင်ဘယ်လိုလုပ်မလည်း..၊
Backup ယူထားလို့ရပါတယ်.. အခုကျွန်တော်တင်ပေးမယ့် Redo Backup & Recovery Software လေးနဲ့ပါ..၊
၁၀ မိနစ် အတွင်း အရေးကြီးတဲ့ Data တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ Backup လုပ်ပြီးသား ဖြစ်မှာပါ။

Redo Backup & Recovery က Bootable ဖြစ်တယ်။ Windows OS ဖြစ်ဖြစ် Linux OS ဖြစ်ဖြစ၊် ဘယ် OS နှင့်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ် ပြီးတော့ GPL လိုင်စင်နှင့် ထုတ်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် ကိုယ်ပိုင်ပဲ သုံးသုံး၊ လုပ်ငန်းမှာ အခကြေးငွေ ယူပြီးတော့ပဲ သုံးသုံး တရားဝင်ပါတယ်..၊

Redo Backup & Recovery ဟာ install လုပ်စရာ မလိုဘူး ထည့်လိုက်ပြီး စက်ဖွင့်တာနှင့် Computer ရဲ့ Hard disk ထဲကို ပြန်ဝင်လို့ ရတယ်။ ကွန်ပျူတာကို Network ချိတ်လို့ရသလို CD နှင့် USB လည်း ထည့်လို့ရတယ်။ Internet ပါ သုံးလို့ရတယ် ဖျက်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့ရသလို ပြန်ကူးထားလို့ရတယ်။

ဘာကြောင့် တခြား Backup Software တွေထက် ကောင်းရသလဲဆိုတော့ GPL လိုင်စင်နှင့်ဖြစ်တာရယ်၊
လိုင်စင်အတွက်ကြောင့် ကန့်သတ်တာမျိုး မရှိတာရယ်၊ ဘယ် OS နှင့် မဆို အသုံးပြုနိုင် တာရယ်၊ Hard
disk ထဲကို Username တွေ Password တွေ မလိုဘဲနဲ့ ၀င်လို့ရတာရယ်၊ ပြီးတော့ အချိန် ၁၀ မိနစ်
လောက် နှင့် backup လုပ်လို့ ရနိုင်တာကြောင့်ဖြစ်တယ်။

Go Offical Site And Download Latest Version Of Redo Backup & Recovery 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.