Posted by Black Magic | Posted in Crime | Posted on 9:09 PM
ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု၊ မရင်းကုန်းကျေးရွာတွင် အရက်သောက်စားပြီး မူးယစ် ကာ အသိစိတ်ပျောက်နေစဉ် မိမိ၏ရင်သွေး ကလေးငယ်(၁၁)လသားအား ဒီဇင်ဘာ၂၂ညနေတွင်ဖခင် ကိုယ်တိုင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။
မရင်းကုန်းကျေးရွာနေ သိန်းစိုး (ခ)အိုက်စိုးသည် ညနေ၆း၃၀တွင်နေအိမ်မှ မိမိရင်သွေးသားငယ် ကို ခေါ်ဆောင်၍ ဆိုင်ကယ်ဖြင့် အိမ်အပြင်သို့ထွက်သွားခဲ့သည်။ ဇနီးဖြစ်သူဒေါ်လဲ့လဲ့ဝင်းထွန်းမှ စိတ်မချ သဖြင့်ဦးလေးဖြစ်သူ ဦးထွန်းရီနှင့်အတူ ၎င်း၏ခင်ပွန်း စိုင်းသိန်းစိုးအားရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်း ကုန်းတွင် တွေရှိခဲ့ကြောင်း ဒေါ်လဲ့လဲ့ဝင်းထွန်းမှပြောသည်။
ကလေးငယ် အအေးပတ်မည်ကို စိုးရိမ်၍ အိမ်သို့အိမ်ပြန်ရန် ပြောခဲ့သဖြင့် မိမိရင်သွေးငယ်(၁၁)လသား အား ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး ဝှေ့ရမ်းကာ ဆိုင်ကယ်ဖြင့် ရိုက်ချလိုက်သည်ဟုဆိုသည်။
ကလေးငယ်မောင်ထွန်းမြင့်အောင်အားမိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ခဲ့ရာ ည၈နာရီတွင် သေဆုံးခဲ့သည်။ ကလေးငယ်၏ ဦးခေါင်းယာဘက်ချို စောင်းတွင် ပေါက်ပြဲဒဏ်ရာ၁ချက် ရရှိပြီး ဒဏ်ရာပြင်း ထန်သဖြင့် သေဆုံး သွားခဲ့ကြောင်း ပြည်သူ့ဆေးရုံမှတ်တမ်းအရ သိရသည်။
အရက်သေစာ သောက်စားမူးယစ်ပြီး လတ်တလောအသိစိတ်ပပျောက်နေသဖြင့် မိမိ၏သားငယ်မှန်း မသိနိုင်တော့ဘဲ ရိုက်သတ်ခဲ့ကြောင်း အမှုစစ်ဒုရဲမှူးဦးလှထွေးထံမှသိရသည်။
မိုးညှင်းမြို့နယ်အတွင်း ပထမဦးဆုံးမိမိရင်သွေးကို သတ်မိသည့် အမှုဖြစ်ကြောင်း၊ ဒေါ်လဲ့လဲ့ဝင်းထွန်းမှ တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မ ရဲစခန်းတွင်ခင်ပွန်းဖြစ်သူအား အရေးယူဆောင်ရွက်ပေးရန် တိုင်ကြား ထား ကြောင်း ဒုရဲအုပ်စောအောင်ဝင်းဝင်းမှပြောခဲ့သည်။
အသက်၂၁နှစ်ရှိ တရားခံစိုင်းသိန်းစိုး(ခ)အိုက်စိုးအား မိုးညှင်း မြို့မရဲစခန်းမှ(ပ)၈၁/၂၀၁၃ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူထားကြောင်း သိရသည်။
By The Myanma Age

Myanmar Kyat Converter
Comments (0)
Post a Comment