Posted by Black Magic | Posted in ထူးထူးခြားခြား , သတင်းများ | Posted on 1:46 PM

တယ်လာဆီ၊ ဒီဇင်ဘာ ၂၁
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါသား တစ်ဦးဟာ လေးပေလောက်ရှိတဲ့ မိကျောင်း တစ်ကောင်နဲ့ ဘီယာဘူးတွေကိုလဲဖို့ ကြိုးစားခဲ့တာကြောင့် သားရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု တားမြစ်ထားတဲ့ ပြည်နယ်ဥပဒေနဲ့ ထောင်ကျဖွယ် ရှိတယ်လို့ Sky news သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဖာနန်ဒိုအဂူလီယာလို့ အမည်ရတဲ့ ဒီဖလော်ရီဒါ နယ်သားဟာ မိကျောင်း တစ်ကောင်အတွက် ၎င်းဟာ မီယာမီ စတိုးဆိုင် တစ်ဆိုင်မှာ ဘီယာ ၁၂ ဖာ တောင်းခဲ့တာ ဖြစ်ပါတယ်။
ဖာနန်ဒိုအဂူလီယာဟာ အနီးအနားက ပန်းခြံတစ်ခုထဲမှာ မိကျောင်းကို ထုပ်ပိုးပြီး ထားခဲ့တယ်လို့ ဖလော်ရီဒါသား ငါးနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အရာရှိ ဂျော့ပီနိုက ဒေသခံ မီဒီယာများကို ပြောကြားခဲ့သည်။
စတိုးဆိုင်စာရေးက ဆိုင်ထဲကို မိကျောင်းကိုတုပ်ပြီး သယ်လာသူကို တွေ့ရှိပြီးနောက် အာဏာပိုင်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေအရ ယင်းပြစ်မှု ကျူးလွန်သူသည် ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ် ဒေါ်လာ ၅၀၀ အထိ ကျခံရစေနိုင်သည်။
မိကျောင်းမှာ ဒဏ်ရာ တစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ တောထဲသို့ ပြန်လည် စေလွှတ် ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
The Voice Weekly Myanmar










Myanmar Kyat Converter
Comments (0)
Post a Comment