မျက်မမြင်ကို သရဲမခြောက်ရတဲ့အကြောင်း

Posted by Black Magic | Posted in | Posted on 9:54 PM


တစ်ခါကလူနှစ်ယောက်ရှိတယ် တစ်ယောက်ကမျက်စိမမြင်တဲ့သူ ဒါပေမဲ့ဥာဏ်တော့ရှိတယ် သူ့နာမည်က ဥာဏ်ကောင်းတဲ....့ နောက်တစ်ယောက်ကတော့ ဗလကောင်းကောင်းနဲ့လူပဲသူကတော့ဥာဏ်မရှိဘူး သူ့နာမည်က ဗလ တဲ့...သူသိတာက ဖိုးဥာဏ်ကောင်း ကိုဆရာတင်ရမယ်ဆိုတာပဲ...

ဗလ က ဖိုးဥာဏ်ကို ကုန်းပိုးပြီးသွားတတ်သလို...ဖိုးဥာဏ်ကတော့ ဗလ ပြောတာနားထောင်ပြီးဆုံးဖြတ်ပေးတတ်တယ်.... ဘယ်လောက်တောင်လဲဆိုတော့ တစ်ခါကသူတို့ညပိုင်းကြီးပြန်လာလာတာ ဗလ က...
ဟေ့ကောင် ..ဖိုးဥာဏ်..ငါတို့ဆီကို ခပ်လင်းလင်းဟာကြီး..နှစ်ခုဝင်လာတယ်ကွ...

ဖိုးဉာဏ်ကစဉ်းစားပြီး.....ဘယ်လိုဟာလဲဟ...

ခပ်လင်းလင်းနဲ့ပြီးတွောအသံတွေလည်းထွက်နေတယ်... အသံကြီးနဲ့ငါတို့နဲ့တောင်နီးလာပြီး...လင်းလည်းလင်းတယ်....အသံလည်း ထွက်နေတယ်...
" ဟုတ်လား,"
" အေ....ငါတို့နဲ့တောင်သိပ်မကွာတော့ဘူး..... ဘယ်လိုအသံလဲကွ.... တတီတီ တပွမ်ပွမ်နဲ့ကွ....""
ဟား..မင်းအဘ....အဲဒါကားဟ....ရှောင်ရှောင်...အသေအလဲရှောင်လို့...မ တိုက်မိပေမဲ့....နှစ်ယောက်လုံးလမ်းဘေးကို ဒိုင်ပင်ပစ်လိုက်တာ...အကွဲကွဲအပြဲပြဲ.ဖြစ်ကုန်တယ်...အဲ့လို..နှစ်ယောက်ပါ..... ဒါပေမဲ့...အပေးအယူကဖြောင့်လို့.....

အဲလိုနဲ့....ညတစ်ညမှာ..သူတို့အိမ်အပြန်မှာအပင်ကြီးတပင်အောက်ကနေ ဖြတ်ပြန်ရတယ်.... အဲဒီအပင်မှာ ညဂျုတီကျတဲ့....သရဲတစ်ကောင်ရောက်နေတယ်....သူ့တာဝန်က ဒီညမှာ...ဒီအပင်အောက်ဖြတ်တဲ့လူနှစ်ယောက်ကိုခြောက်ရမှာ........ တစ်ခါတည်း နှစ်ယောက်ကိုတွေ့တော့...ပိုင်ပြီပေါ့......ဒါကြောင့်ဝုန်းကနဲ...အပင်ပေါ်မှခုန်ချပြီး..သရဲက.. .ဲကြောက်စရာကောင်းတဲ့ လက်တွေကိုဆန့်ထုတ်လိုက်တယ်...
ဗလက..သူ့ရှေ့ရောက်လာတဲ့သရဲကို သေချာကြည့်ပြီး..... ဖိုးဥာဏ်ရေ....ငါတို့ရှေ့ကို အဖြူရောင်အဝတ်နဲ့လူတစ်ယောက်...လက်ကားယားလုပ်နေတယ်ဟ... ""

ဟေ...မော်တော်ပီကယ်နေမှာပါကွာ...သူတို့ဖလားကြီးတောင်ပါဦးမယ်... ""

အဖြူရောင်အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ကွ....

"" အော် ဝန်ထမ်းနေမှာပေါ့""

မျက်လုံးပြူးကြီးနဲ့ဟ.....

"" ဝေဖန်ရေး ဆရာနေမှာပါဟ""..

လျှာကလည်း...တတောင်လောက်ထွက်နေတယ်... ""

ကြူရှင်ဆရာနေမှာပါကွား.."

" သူတို့တွေပြောနေတာတွေ ကြားပြီး...ကြာတော့သရဲလဲ စိတ်မရှည်တော့ဘူး..
"" ဟိတ်..လူတွေကြောက်ကျလေဗျာ .....ကျုပ်က သရဲပါ...ခင်ဗျားတို့ကို ခြောက်နေတာ ......

ဖိုးဥာဏ်ရေ ငါတို့ကိုသူက သရဲခြောက်နေတာတဲ့...... "" အာ..သူကသရဲဆိုတိုင်း..ယုံလို့မရဘူးကွ...ဒီခေတ်ကြီးကအလိမ်အညာတွေများတယ်... သူ့မှာဘာအထောက်အထားပါလဲ.....မေးကြည့်ကွား....

သရဲလည်းအတော်တင်းနေပြီး..ဒါနဲ့ သူ့ရဲ့...သရဲမှတ်ပုံတင် ကဒ်ပြားကိုပြလိုက်တယ်.....

ဗလကမှတ်ပုံတင်ကိုကြည့်ပြီး...."" ကဒ်ပြားကတော့ဟုတ်တယ် ပုံကဝါးနေတယ်ကွ ....
" အင်း...ပုံကဝါးနေတော့ယုံလို့မရသေးဘူး"
" ဗလ ဒီကောင်ကိုကြည့်ရတာ မသင်္ကာစရာပဲကွ.....ကြာတယ် ဒီကောင်ကို မင်းချုပ်ထားလိုက်စမ်း...
ဒါမျိုးကတော့ ဗလတို့ ဘာသွက်သလဲမမေးနဲ့ ချုပ်ထားလိုက်တာ သရဲခမျာ ယက်ကန်းယက်ကန်နဲ့မိပါလေရော.... ....
" ဟေ့. လူတွေကျုပ်ကသရဲနော်...ကျုပ်ကိုင်လိုက်ရမလား.... " အောင်မာ...ခုထိသရဲကတစ်ပြားမှလျှော့မပေးသေးဘူး.....အေး...မင်းကို ငါမေးမယ်...
မင်းသရဲဆိုသိရမယ်...လူတွေသေရင် ဒွါရကိုးပေါက်ကအသက်ထွက်တယ်....
မင်းကသေဖူးတဲ့သရဲဆိုတော့သိရမယ်. ပြောမင်းဘယ်အပေါက်ကထွက်သလဲ...အသက်"

သရဲလည်းအတော်ညစ်သွားတယ် ကိုယ့်ဟာကိုဘယ်ကထွက်မှန်း....မသိဘူး ဒါနဲ့ရမ်းပြီးပြောလိုက်တယ်.... နား....နား....နားကထွက်တာ..

ဒီတစ်ခါဖိုးဥာဏ်က"" တောက်"" တစ်ချက်ခေါက်ပြီး... "" လူ့ရဲ့မြင့်မြက်တဲ့နား..နှားခေါင်းကထွက်ရင်ကောင်းကင်ဘုံရောက်တယ်ကွ.....

ဟေ့ကောင်ဗလ...ဒီကောင်လူလိမ်ကွ ...ချကွာ.... ဘာပြောကောင်းမလဲ...ဗလ ဗျင်း လိုက်တာသရဲခမျာ ခွေခွေလေး မြော့ပီးကျန်ခဲ့တယ်.....
ဒီဇာတ်လမ်းကပြီးမသွားခဲ့ဘူး.... သရဲတွေရဲ့ လောကမှာ ဂယက်ထသွားခဲ့တယ်..... သရဲတွေကကိုယ့်ကိုကိုယ်ပြန်မေးနေကြတယ်....ငါတို့ကဘာတွေလည်း...ဘာကောင်တွေလည်း...ကွာ....ဆောက်တည်ရာမရဖြစ်ကုန်တယ်..စုံစမ်းရေးကော်မရှင်တွေဖွဲ့ တယ်..နိုင်ငံတကာ သရဲ အဖွဲ့ အစည်းတွေနဲ့ တိုင်ပင်တယ်

သရဲအကြီးအကဲကတော့ဖြေရှာတယ်... တိုတွေဟာ သရဲတွေပါသံသယမရှိကြပါနဲ့..... ဒါပေမယ့်...သူ့စကားကို ဘယ်သူမှနားမထောင်ကြဘူး....ခေါင်းဆောင်ကြီးလည်းတဖွဖွပြောရင်း သူ့ဘဝနောက်ဆုံးအချိန်ရောက်တော့.....သေတမ်းစာမှာ မှာခဲ့တယ်......

မျက်စိမမြင်တဲ့သူနဲ့ဥာဏ်နည်းတဲ့သူတွေကိုဘယ်တော့မှမခြောက်ပါနဲ့တဲ.........
ဒါကြောင့် ခုချိန်ထိဘယ်မျက်မမြင်...ဘယ်အရူး..ကိုမှ သရဲခြောက်တယ်လို့မကြားတာအမှန်ပါပဲ......,

Credit - Htut Myat

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Powered By:

Black Magic © 2013 - All Rights Reserved.