ဟာသ Collection

Posted by Black Magic | Posted in | Posted on 9:51 PM

တစ်နေကုန် ပင်ပမ်းထားသမျှ အိပ်ခါနီးလေးမှာ အမောပြေအောင်လို့ ဟာသလေးတွေ တင်ပေးလိုက်တယ်ဗျာ..၊ အားလုံးပျော်ရွှင်နိုင်ကြပါစေ..၊







အရူးမှမဟုတ်တာ

စိတ်ေ၇ာဂါ ခံစားနေရသော လူနာများကို ခရိုင်စည်းရုံးရေးမှူးမှ ပြည်ခိုင်ဖြိုးပါတီ ကောင်းကြောင်းကို အာဘောင်အာရင်းသန်သန်ဖြင့်ဟောပြောသည်။
စည်းရုံးပီး မဲဆွယ်၏။လွတ်တော့မဲ့ လူနာများကလည်း ပါတာကိုးဗျ။

ဟောပြောပွဲ ပီးသောအခါ နားထောင်သူ ပရိတ်သတ်များ.. အားလုံးလိုလို လက်ခုပ် တီးကြသည်။

တယောက်သော သူ သာ လက်ခုပ် မတီး ပဲနေ၏။

ဒါကို အမာခံ မြို့နယ် စည်းရုံးရေးမှူးမှ မြင်သောအခါ ၌ မေး၏။

” ခင်ဗျား။ ဘာဖြစ်လို့ လက်ခုပ် မတီး ပဲနေတာလဲ ”

ထိုအခါ ထိုသူ ပြန်ပြောလိုက်တာက…….

” ကျနော်က အရူးမှ မဟုတ်တာ…..ဆေးရုံမှာ မီးပျက်တာကိုလာပြင်တဲ့ လျှပ်စစ်မီးပြင်သမား ဗျ “

Credit - Original Writer


 
ကိုယ်ချင်းစာတဲ့ သူ

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။

မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။

ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။

မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။

အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစား လိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

နိုင်းနိုင်းစနေ


ကိုယ့်အတတ်ကိုယ်စူး

လူတစ်ယောက်ဆီကို သေမင်းရောက်လာပီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေ၊ ဒီနေ့ဟာ မင်းလူ့လောကကို စွန့်ခွာရမယ့်အချိန်ပဲ"

ဒါနဲ့ ယင်းလူသားဟာ "ဟင့်အင်း။ ကျနော် အဆင်သင့်မဖြစ်သေးဘူး" လို့ ပြန်ပြောပါတယ်။

ဒီတော့ သေမင်းက "မတတ်နိုင်ဘူး။ မိတ်ဆွေရဲ့ အမည်က ထိပ်ဆုံးမှာပဲလေ" လို့ဆိုပါတယ်။

ဒါကြောင့် လူသားက သေမင်းကို ယခုလို မျက်နှာချိုသွေးပြီး ဧည့်ခံစကား ဆိုပါတယ်။

"ဟုတ်ပြီလေ။ ဒါနဲ့ ခဏစောင့်ပါအုံး။ ထိုင်ခုံမှာ အေးဆေးထိုင်ပါအုံးဗျာ။ လူကြီးမင်းကို ကျနော်ပြုစုချင်သေးလို့ပါ"

ဒါနဲ့ သေမင်းကလည်း ထိုင်ခုံမှာထိုင်ပြီး လူသား ကျွေးသမျှ မုန့်၊အစားအစာ များကို စားသုံးပါတယ်။  အချိုရည်ထဲမှာ အိပ်ဆေးတစ်လုံး ထည့်ထားလိုက်ပါတယ်။ ဒါကြောင့် အိပ်ဆေးမိတဲ့ သေမင်းဟာ အိပ်ပျော်သွားပါတယ်။

ဒါနဲ့ လူသားက သေမင်းရဲ့  စာအုပ်ကို ယူပြီး သူ့နာမည်ကို ဖျက်လိုက်ပါတယ်။ ပြီးတော့ အောက်ဆုံးမှာ ပြန်ထည့်ရေးလိုက် ပါတယ်။

နောက်တော့ သေမင်းက အိပ်ယာက နိုးလာပြီး ယခုလို စကားဆိုပါတယ်။

"မိတ်ဆွေဟာ ကျနော့အပေါ် အင်မတန်ကောင်းမွန်တဲ့ လူသားပဲ။ ဒါကြောင့် စာရင်းကို အောက်ကနေပဲ စကောက်ပါတော့မယ်"

Ref:everyjoke

 
မောင်ကျွမ်း

ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း မောင်မြက မေးတယ်။

မောင်မြ ။ ။ ” ကျောင်းမှာ ဘာတွေ သင်သလဲကွ ”

မောင်လှ။ ။ “မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ”

မောင် မြ ။ ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား ”

မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။ “

“တတ်တာပေါ့ကွ”

မောင် မြ ။ ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ ”

မောင်လှ။ ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ် ”

မောင် မြ ။ ။ “အလဲ့  တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော ”

ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့သွားတယ်။ ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။

“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ပြောလိုက် ”

ဟဟ
========================

စောင့်နေသူ

တစ်ခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက် စမ်းသပ်မှုတစ်ခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ ပေးလိုက်တယ်။

“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ ”

လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ ပုံစံလုပ်လိုက်ပြီးတော့ …

“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံး သောက်လို့ရပြီ ” လို့ ပြောလိုက်တယ်။ လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။

အဲဒီအထဲမှာ လူနာတစ်ယောက်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို ဆေးရုံအုပ်ကြီးကမြင်တော့
“အင်း ဒီလူနာကတော့ အတော်လေးရောဂါသက်သာသွားပြီ ထင်တယ်”လို့တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။

“သူများတွေ အားလုံး လ္ဘက်ရည် သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”

လူနာက ပြန် ဖြေလိုက်တယ်။

“ပူနေသေးလို့ခင်ဗျ ”

တိန်

TL

တော်ချက်

“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”

cr & thz>>> original writer


အဲ့လိုအငြင်းခံခဲ့ရတာပါ

ဘာ............ကျွန်မကိုချစ်တယ်ဟုတ်လား...နေစမ်းပါဦး
ရှင်က လန်ခရူဆာ စီးနိုင်လို့လား
ကျွန်တော် >> မ..မ...စီးး..
ကောင်မလေး>> နေဦး လုံးချင်းတိုက် နဲ့ ကော နေနိုင်လို့လား
ကျွန်တော် >> ဟိုဟို...ဟိုလေ....
ကောင်မလေး>> ဟို တွေ ဒီတွေ မလုပ် နဲ့ လစာက ကော ဘယ်နှပြားရလို့လဲ
ကျွန်တော် >> လစာရယ်လို့တော့ သတ်သတ်မှတ်မှတ်မ မ... ရှိပါဘူး
ကောင်မလေး >>အဟက်....... ဒါနဲ့ များ ကျွန်မကို ချစ်တယ် ပြောသေး ရှင့်လို လူမျိုးတစ်သက်လုံးမစဉ်းစားဘူး ဟုဆိုကာ ချာကနဲ လှည့်ထွက်သွားသည်။

ကောင်မလေးထွက်သွားတော့ ကျွန်တော် ခေါင်းကုတ်ပြီး
စဉ်းစားတယ်... နေပါဦး ငါ့မှာ အဖေ၀ယ်ပေးထားတဲ့ ဖာရာရီ ကား ၂ စီး Bmw x6 တစ်စီး နဲ့Porsche Cayman တစ်စီးရှိနေတာလန်ခရူဆာ ဘာလို့ထပ်ဝယ်ရမှာလဲ ဧက ၁၂၀ Villa နဲ့ ခြောက်ထပ် ကွန်ဒို ရှိနေတာ လုံးချင်းတိုက် နဲ့ နေဖို့လိုလို့လား
နောက်ပြီးငါကကုမ္ပဏီမှာChairmanပဲလေဘယ်သူကငါ့ကို
လစာပေးမှာလဲ...ဟူးးးး
cr >> original writer

ဘော်ဒါတွေ

ခရီးသည်တစ်ယောက်က သဲကန္တာရထဲမှာ ရေငတ်နေတဲ့အတွက် ရေရှာရင်းနဲ့ တဲလေးတစ်လုံးဆီကို ရောက် လာ ပါတယ်။ အဲဒီတဲမှာ ခုံလေးတစ်လုံးနဲ့ လည်စီးတွေ ထိုင်ရောင်းနေတဲ့ လူတစ်ယောက်ကိုပဲ တွေ့လိုက် ရတယ်။

ခရီးသည် ကျေးဇူးပြု၍ဗျာ၊ ကျွန်တော်သေမလောက်ကို ရေငတ်နေပါတယ်။ ရေလေး များ ရနိုင်မလားလို့ပါ။

ဆိုင်ရှင် ရေတော့မရှိဘူးဗျ၊ ဒါပေမယ့် လည်စီးလေး ဝယ်သွားပါလားဗျာ။ ဒီတစ်ခုက ဆိုရင် ခင်ဗျားအခုဝတ် ထားတဲ့ ဝတ်စုံနဲ့လဲ သိပ်လိုက်တာပဲ။

ခရီးသည် (စိတ်တိုစွာဖြင့်) အရူးလားဗျ။ လည်စီးလိုချင်တာမှ မဟုတ်တာ။ ရေသောက် ချင်နေပါတယ် ဆိုမှ။

ဆိုင်ရှင် ရပါတယ်။ မဝယ်နဲ့ပေါ့။ ဒါပေမယ့် ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ ခင်ဗျားမကြာခင် သိလာမှာပါ။ ဟောဟိုမှာ တောင်ကုန်းကလေး တွေ့တယ်မဟုတ်လား။ အဲဒီ အပေါ်မှာ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ။ (၅)မိုင်လောက်တော့ ဝေးတယ်။ အဲဒီအထိ လျှောက်သွား ရင်တော့ ခင်ဗျားရေသောက်ရမှာပါ။

ခရီးသည် ကျေးဇူးတင်တယ်ကွာ။

ခရီးသည်ဟာ တောင်ကုန်းလေးဆီကို လျှောက်သွားခဲ့တယ်။ နောက် (၃)နာရီလောက်ကြာတဲ့အခါ တဲလေးဆီ ကို ခရီးသည် ရေဆာနေတဲ့ပုံစံနဲ့ပဲ ပြန်ရောက်လာပါတယ်။

ဆိုင်ရှင် ကျွန်တော်ပြောတာက စားသောက်ဆိုင်က (၅)မိုင်လောက်ပဲ ဝေးတာပဲလေ။ ခင်ဗျားရှာမတွေ့ခဲ့ ဘူးလား။

ခရီးသည် တွေ့ပါတယ်ဗျာ။ ဒါပေမယ့် သူတို့ဆိုင်က ကျွန်တော့်ကို လည်စီးမပါလို့ဆိုပြီး ပေးမ၀င်ဘူးဗျ .

cr & thz >>original writer

လိုက်လျောမိလို့ ( 18 + ) (funny)

အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကို အပျင်းပြေတူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။ ပထမတော့ ကောင်မလေးက ခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကို စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့် ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ် ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။ အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ ဘုရင်လေးကိုကြည့်ရင်း သနားသွားသည်။ သူမမျက်လုံးထဲမှ မျက်ရည်များစီးကျလာပြီး ဘုရင်ကလေး၏ ရင်ဘတ်ပေါ်သို့ကျသွားသည်။ အလွန်အံ့ဩစရာကောင်းသော အရာများဖြစ်လာသည်။

ဖာရိုးဘုရင်လေးသည် မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ ထထိုင်သည်။ ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး ညင်သာသောအသံဖြင့် မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။ မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။ မင်းအလိုရှိရာ ဆု (၁၀) ခုတောင်းပါ။ ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေမယ်။

အလွန်အံ့ဩနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး စကားတစ်ခွန်းမျှပြန်မပြောနိုင်ချေ။ နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့် တိုးတိုးလေးပြောသည်။ ဆု (၁၀) ခုဆို များလွန်းပါတယ်။ ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့် (၁၀) ခါ ဖြည့်ဆည်းပေးရမယ်နော် ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင် ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။

Credit - Original Writer


တပတ်ရိုက်ချက်

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က
"ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်"
လို့ ကမ်းလှမ်းလိုက်တယ်။

ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က "အောက်က ဘယ်သူလဲ" လို့ လှမ်းမေးလိုက်တယ်။ "တစ်အိမ်ကျော်က မောင်ဇော်ပါ" လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက
"ဟေ ... ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ" တဲ့။


ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...
ငရဲပြည်မှာက နိုင်ငံအလိုက်ငရဲခန်းတွေရှိတယ်
ကိုယ်ကြိုက်တဲ့ ငရဲခန်းကို ရွေးချယ်ခွင့် ရှိတယ်။

ငရဲမင်းကြီးက ဆဒမ်ဟူစိန်ကို ငရဲပြည်အနှံ့လိုက်ပြပြီး ကြိုက်တဲ့ငရဲခန်းကို ရွေးချယ်ခိုင်းတယ်

ပထမဆုံးတွေ့တာက အမေရိကန်ငရဲ
ဒီငရဲမှာနှိပ်စက်နည်းက...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး အမေရိကန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်တခုက ဂျာမဏီငရဲ
ဒီငရဲမှာနှိပ်စက်နည်းကလည်း...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး ဂျာမန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်ငရဲတွေလိုက်ပြတော့လည်း နှိပ်စက်ပုံတွေက အတူတူချည်းဆိုတော့ ဘာရွေးရမှန်းမသိဘူး ဖြစ်နေတယ်

အဲ
တနေရာရောက်တော့ လူတွေအများကြီး တန်းစီနေတဲ့ ငရဲတခုကို တွေ့ပါလေရော
နှိပ်စက်နည်းတွေများ သက်သာလို့လားဆိုတော့ မသက်သာဘူး
ရှေ့ကငရဲတွေနဲ့ ပုံစံတူနှိပ်စက်နည်းတွေပဲ

ဒါနဲ့ ငရဲမင်းကြီးကို မေးကြည့်တာပေါ့... ...

"နှိပ်စက်တဲ့နည်းခြင်း အတူတူကို ဘာလို့ဒီငရဲကျမှ လူကြိုက်များရတာလဲ"

ဒီတော့ ငရဲမင်းကြီးက ရှင်းပြတယ်... ...

"ဒါမြန်မာပြည်ငရဲကွ၊ ဘာလို့လူကြိုက်များလဲဆိုရင် လျှပ်စစ်ကုလားထိုင်က မီးမလာတော့ ရှော့တိုက်လို့ မရဘူးကွာ၊ သံချွန်တွေကလည်း ဈေးကောင်းရလို့ ပိသာချိန်နဲ့ ရောင်းစားလိုက်ကြပြီကွာ"
"ဒါဆို ကြာပွတ်နဲ့ပဲ အရိုက်ခံရတာပေါ့နော်"
"မခံရဘူး"
"ဘာလို့လဲဗျ"
"ကြာပွတ်နဲ့ ရိုက်တဲ့ ငရဲသားတွေကလည်း ဝန်ထမ်းတွေဆိုတော့ ရုံးတက်လက်မှတ်ထိုးပြီးတာနဲ့ တနေကုန် လဘက်ရည်ဆိုင် သွားထိုင်နေကြရော"
"ကောင်းဗျာ"

ဦးမောင်ကြီး
cr>> သန်၎ကို


ဗေဒင်

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ
ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ပေါ့လေ။

~ပေါ့ပေါ့ပါးပါး ဟာသများ~
----------------------------------------

ခင်ဗျားအထက်လူကြီးကိုကုလားထိုင်တွေနဲ့ဝိုင်း
ရိုက်နေကြတာကိုဒီအတိုင်းကြည့်နေခဲတယ်ဆို...

ဟုတ်ပါတယ်ကုလားထိုင်နောက်ထပ်မရှိတော့လို့ ပါ

မှက်လေ


အာဏာရှင် ခေတ်ကဖြစ်သည်။ တောရွာမ အဘွားအို သည် အာဏာရှင် ဦးသန်းရွှေ ၏ လုပ်ရပ်များကို အလွန်မုန်းသည်။ ထိုကြောင့် သူ တစ်ခုခုအဆင်မပြေဖြစ်တိုင်း

``သန်းရွှေ သေပါစေ´´ဟုေ၇ရွတ်တတ်သည်။ ထိုရေရွတ်သံကြားပြီး သူမွေူးထားသော ကြက်တူေ၇ွးက သံယောင်လိုက်ကာ ``သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´´ဟု အားတိုင်းေ၇ရွတ်နေတတ်သည်။

တရက်မှာတော့ ဦး သန်းရွှေ နှင့် စစ်သားများ ၄င်းရွာသို့ ချီတက်လာ၏။ စစ်တပ်ကြီးကိုမြင်သည်နှင့် ကြက်တူေ၇ွးက သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ ဟုထအော်သည်။စစ်တပ်ကြီးရပ်သွားပြီးး ဗိုလ်တစ်ဦး အိမ်ထဲဝင်လာကာ

``အဘွားကြီး ဒါခင်ဗျား ကြက်တူေ၇ွးလား?´´

``ဟုတ်ပါတယ် ဗိုလ်ကြီးရယ် နောင်မဖြစ်စေရပါဘူး အမေ တောင်းပန်ပါတယ်…´´

``အေး မနက်ဖြန် လာစစ်မယ်၊ မနက်ဖန်မှာ အဲဒီသောက်ကြက်တူရွေး အဲဒီစကားပြောရင် ခင်ဗျားကြီးရော အဲဒီကြက်တူရွေးကော နုတ်နုတ်ဆင်းပစ်မယ်…´´

စစ်တပ်သည် ပြောပြီး ဆက်လက်ချီတက်သွားသည်။ ကြံရာမရသည့်သနားစရာ အမယ်အိုက ရွာဘုန်းကြီးထံပြေးပြီး အကူအညီတောင်းသည်။ ရွာဘုန်းကြီးက သူမွေးထားသော ကြက်တူရွေးနှင့်လဲထားရန် အကြံပေးသည်။ အဘွားအိုက ကြက်တူေ၇ွးချင်းလဲထားမှာ စိတ်ချ လက်ချ နေနိုင်တော့သည်။

နာဇီတပ်နောက်တနေ့တွင်ပြန်ေ၇ာက်လာသည်။ စစ်သားများက အဘွားအို၏ အိမ်သို့ ၀င်ပြီး ကြက်တူရွေးအခြေအနေ ကို ကြည့်သည်။ ယနေ့ ကြက်တူရွေးက တဆိတ် အိနြေ္ဒရလွန်းနေသည် ။ စစ်သားများက ဆွပေးကြသည်။

``ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ သန်းရွှေ ဘာဖြစ်တယ်ဆိုလား´´
ကြက်တူရွေးက ငဲ့စောင်းတောင်မကြည့်။

``ဟေ့ကြက်တူေ၇ွး ပြောဦးလေ၊ သန်းရွှေ သေပါစေ သန်းရွှေ သေပါစေ´

ထိုသို့မှ ကြက်တူေ၇ွးက မျက်လွှာချကာအိနြေ္ဒနှင့် ခပ်အေးအေးပြောသည်။

``တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ချစ်သား….´´

Credit - Original Writer


အဲမှာ စတွေ့ တာပဲလေ. ..
အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”
ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

Credit - Original Writer




အချဉ်လေးနဲ့ကျတော့ အရသာရှိတာပေါ့စ်

ဖုန်စုပ်စက် အရောင်း/မာကတ်တင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။
အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့ သွန်ချ လိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။

အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော ကျနော်အကုန်စားမယ်။

အိမ်ရှင်မ - အင်း. အချဉ်ရည် ယူဦးမလား.။

အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။

အိမ်ရှင်မ - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။

cr >> original writer


သိပ်ကောင်း

ရထားပေါ်တွင်ဖြစ်သည်။
ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ မယူရဘူးလို့ တားမြစ်တယ်။”
“ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”


သမီးလိမ္မာ

"သမီး.... ညိ ချစ်သူက နမ်းဖို့ကြိုးစားလာရင် Don't လို့ပြော"

"ဟုတ်..မာမီ"

"လက်က ဟိုကိုင် ဒီကိုင်လုပ်လာရင်
Stop လို့ပြော...မိန်းခေးဆိုတာ ကိုယ့်ကိုကိုယ်ထိန်းမှတန်ခါကျတယ်"

"ဟုတ်ကဲ့ပါ မာမီ ...သမီးလိုက်နာပါ့မယ်"


ဒီလိုနဲ့
ဘဲဘဲ နဲ့ချိန်းတွေ့တယ့်ည

ငနဲသားက ဖက်ရက်နမ်းတယ့်အပြင်
လက်ကလည်း တပြိုင်တည်း ကမြင်း
နေရာ..

ကောင်မလေးလည်း အမေ့စကားမြေဝယ်မကျနားထောင်ရင်း
ဆင်တိုက်အော် နေတော့တယ်....

"Don't stop.. !
..Don't stop !!
Don't stoooop!!! "

>ksn




ဘယ်ကြွက်က အတော်ဆုံးလဲ ..

တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်

ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေကို ကျွှဲရိုင်းလို သောက်ပြီး ခွန်အားဖြည့်နေတာပေါ့"

ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"

တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"

Credit - Original Writer

အူကိုလှိမ့်နေတာပဲ .. ( 18+ )

ဆေးခန်းတစ်ခုတွင်ဖြစ်သည်။

“စိတ်ချပါရှင် ကျမက ပရိုဖက်ရှင်နယ်ပီသပါတယ်၊
လုပ်သက်နှစ်(၂၀)အတွင်း ဘယ်လူနာကိုမှ မရယ်ဖူးပါဘူး”
သူနာပြုဆရာမလေးက ကတိပေးသည်။
...

“ဒါဆိုလည်း ပြီးတာပဲဗျာ”

ကိုအုပ်စိုးက ဘောင်းဘီကို လျှောချလိုက်ရင်း သူ၏ ပဲမြစ်ကို ပြလိုက်သည်။
အရွယ်ကား AAA ဓါတ်ခဲအရွယ်အတိုင်း ကွက်တိ။
သူနာပြုဆရာမလုပ်သက်တလျှောက် မြင်ဖူးသမျှတွင် အသေးဆုံးပင်။

စိတ်ကိုထိန်းထားသည့်ကြားက မနေနိုင်၍ ခစ်ခနဲ ရယ်မိသဖြင့် မျက်နှာကို မနည်းထိန်းကာ
“ဆောရီးနော်၊ ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ နောက်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်။ ကဲ ပြောပါအုံး... ဘာဖြစ်လို့လဲ”

“ယောင်နေလို့ပါ”

သူနာပြုဆရာမလေးလည်း အူကိုနှိပ်လျှက် ထွက်ပြေးလေ၏။

Credit - Original Writer


အတိုဆုံးဝတ္တုတိုပြိုင်ပွဲ

ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။

ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်
ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။



ငါ့ဟာကွ

ဟိုတယ်တစ်ခုတွင် နှစ်ယောက်အိပ်ခန်းကိုငှားရမ်းပြီးမှ တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးပါရန် ဟော်တယ်မန်နေဂျာက တောင်းပန်သဖြင့် ကိုမြငွေတစ်ယောက် တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးရလေသည်။ ကိုမြငွေ ဧ။် နှစ်ယောက်ခန်းအား သမီးရည်းစားစုံတွဲအား ငှားရမ်းလိုက်လေ သည်။
ကိုမြငွေတစ်ယောက် မိမိအခန်းရောက်မှ ဟိုဘက်ခန်းတွင်မိမိ ဧ။် ထီးကောက်မေ့ကျန်နေခဲ့ကြောင်း သတိရလေဧ။် ။ ထိုအခါမှ ဟိုဘက်ခန်းသို့ ထီးပြန်ယူ ရန်သွားလေသည်။ အခန်းရှေ့ရောက်သောအခါ အခန်းတွင်းမှ သမီးရည်းစား တို့ဧ။် စကားပြောသံများကြားသဖြင် ခဏနားစွင့်ကြည့်မိလေသည်။
`ခင်ရေ... ဟောဒီ့ ရွှေရောက်မျက်လုံးလေးက ဘယ်သူ့ဟာလေးလဲ ဟင်´ ၊ အော် .... မောင့်ရယ် .. မောင့်ဟာပဲပေါ့ကွယ်´
`ခင်ရယ် .. ဟောဒီ့ သမင်မျက်လုံးလေးက ကော´ ´အော်... မောင့်ဟာပဲပေါ့´
`ဒီ နှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကကော.. ` .. `အို... မောင့်ဟာ ... မောင့်ဟာ´
`ဒီ ဆင်စွယ်ရောင် လက်မောင်းလေးကကော.. ´အို.... မောင့်ဟာပါဆို ´
ထိုသို့မေးလာရာ အားလုံးကုန်သလောက်ရှိသွားပြီ ဖြစ်ရာ ကိုမြငွေစိုးရိမ် စိတ်ဝင်လာလေသည်။ ထို့ကြောင့်အချိန်မနှောင်းခင် ကြိုတင် အော်ပြောလိုက်ပုံက
`အထဲ ကကျေးဇူးရှင်လေးရေ .... ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ထီးကောက်ကြီးကတော့ မင်းဟာမဟုတ်ဘူးကွ .. အဲဒါငါ့ဟာ... ငါ့ဟာကွ... ´









ယောက်ျား Vs မိန်းမ

နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။ ( ကျနော့်ကိုတော့ နာမည်ပြောင် လီမင်ဟို လို့ ခေါ်ကြတယ်ဗျ )
Female- သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။ ( တခါတလေ ဆို သဲ တို့ ချစ်တို့ တောင် ခေါ်သေးတယ် )

ပိုက်ဆံရှင်းချိန်
Male  - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
Female - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ပစ္စည်းဝယ်ခြင်း
Male  - လိုအပ်လာရင် ၅၀၀ တန်ပစ္စည်းကိုလည်း ၁၀၀၀ ပေးဝယ်တယ်။
Female - မလိုအပ်သော်လည်းပဲ ၁၀၀၀ တန်ပစ္စည်းကို ၅၀၀ ရရင် ဝယ်ထားလိုက်တယ်။

ရေချိုးခန်း
Male  - သွားတိုက်တံ၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပုဝါ အဲဒီ(၅)မျိုးလောက်ပဲရှိတတ်သည်။
Female - အနည်းဆုံး (၁၀)မျိုးနှင့်အထက်ရှိတတ်သည်။ အချို့ပစ္စည်းများမှာ ယောက်ျားလေးများ မသိသော ပစ္စည်းများ ဖြစ်နေတတ်သည်။ ( Cosmetic တွေ က အများသားကိုး )

အချစ်
Male  - လိုချင်တာတစ်ခုတည်း ဒါပေမယ့် မိန်းမတွေအများကြီးဆီက။
Female - လိုချင်တာအများကြီး ဒါပေမယ့် ယောက်ျား တစ်ယောက်တည်းဆီက။

လက်ထပ်ခြင်း
Male  - မိန်းမတစ်ယောက်ကို မပြောင်းလဲလောက်ဘူးလို့ ယူဆပြီးလက်ထပ်လိုက်ပေမယ့် ပြောင်းလဲသွားတယ်။
Female - ယောက်ျားတစ်ယောက်ကို ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပြီး လက်ထပ်လိုက်ပေမယ့် မပြောင်းလဲသွားဘူး။

အဝတ်အစား ကောင်းကောင်းဝတ်ခြင်း
Male - မင်္ဂလာဆောင်သွားချိန်နှင့် အသုဘလိုက်ပို့ချိန်မှာသာ ဝတ်သည်။
Female - ဈေးဝယ်ထွက်ချိန်၊ အမှိုက်သွန်ချိန်၊ ဖုန်းပြောချိန်၊ သစ်ပင်ရေလောင်းချိန်၊ စာတိုက်ပုံးထဲမှာ စာသွားယူချိန်၊ စာအုပ်ဖတ်ချိန်၊ ဖေ့ဘုတ်ပေါ် ဓာတ်ပုံတင်ချိန် ၊ မည်သည့် ပွဲလမ်းသဘင်မဆိုတက်ချိန်

ကလေးများ
Male - အိမ်မှာ ကလေးတစ်ယောက် မရှိချိန်မှပဲ ဖခင်ဖြစ်သူက သတိထားမိတယ်။
Female  - မိခင်ဖြစ်သူက ကလေးအပြင်၊ ကလေးရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသင်ခန်းစာတွေ၊ ကြိုက်တတ်တဲ့အစားတွေ၊ ဆေးခန်းရက်ချိန်းတွေကအစ မှတ်မိတယ်။

စကားများခြင်း
စကားများတိုင်း မိန်းမဖြစ်သူရဲ့ စကားနဲ့ပဲ အဆုံးသတ်တယ်။ အကယ်၍ ယောက်ျားဖြစ်သူက ထပ်ပြောမိရင် အဲဒါက နောက်ပြဿနာတစ်ခုရဲ့ အစဖြစ်သွားရော။

နေ့စဉ်ကိစ္စ
ယောက်ျားတစ်ယောက် ကအပြစ်တစ်ခုလုပ်မိရင် မေ့လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ တူညီတဲ့ကိစ္စတစ်ခုကို မှတ်မိဖို့ လူနှစ်ယောက်မလိုဘူး။ မိန်းမက အမြဲမှတ်မိနေတော့ မလိုတော့ဘူးလေ။

Credit - Original Writer

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.