Posted by Black Magic | Posted in ထူးထူးခြားခြား , သတင်းများ | Posted on 12:34 PM
ထိုင်းနိုင်ငံက ဘတ်စ်ကားမယ် တဦး၊ ဓာတ်ပုံ- အိမ့်သံစဉ် /ဧရာဝတီ
အခု ဓာတ်ပုံထဲ မြင်ရတာကတော့ လေယာဉ်မယ် မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ ချင်းမိုင်- မယ်ဆိုင်သွား အဝေးပြေး အဲယားကွန်း ဘတ်စ်ကားရဲ့ ဘတ်စ်ကား မယ် တဦးပါ။ တကယ်တော့ သူဟာ အမျိုးသမီး မဟုတ်ပါဘူး။ အမျိုးသားတဦးဖြစ်တယ် ဆိုရင် စာဖတ်သူတွေ အံ့အားသင့်သွားမယ် ထင်ပါတယ်။
ထိုင်းနိုင်ငံက အဝေးပြေး အဲယားကွန်း ဘတ်စ်ကားကြီးတွေရဲ့ ကားမယ်တွေနေရာမှာ သူတို့လို အမျိုးသမီး ဘဝကို ခုံခုံမင်မင်ဖြစ်လိုသူတွေ အတော်များများကိုတွေ့ရလေ့ ရှိပါတယ်။
ထိုင်းနိုင်ငံက ဘတ်စ်ကားမယ်တွေအဖြစ် အလုပ်လုပ်နေကြတဲ့ Gay တွေဟာ တကယ့် အမျိုးသမီးတွေအလား လှလှပပ၊ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ပြီး အပြောကလည်း အလွန်ချိုပါတယ်။ ဆက်ဆံရေးကလည်း အထူး
ပြောစရာ မလိုအောင် ပြေပြစ်ပြီး ခရီးသည်ကို စိတ်ချမ်းသာမှုဖြစ်စေဖို့ ဝန်ဆောင်မှုလည်း ကောင်းကြပါတယ်။
သူတို့လို Gay သို့မဟုတ် တတိယ လိင် တွေဟာ ထိုင်းရုပ်ရှင်တွေနဲ့ ထိုင်းလူမှုအသိုင်းအဝိုင်းမှာ နေရာတခုပင် ရနေကြတာပါ။
ဒီလို အမျိုးသမီးတွေနေရာမှာ အမျိုးသားတဖြစ်လဲ Gay တွေ ဝင်ရောက်တာဝန်ထမ်းဆောင်တာဟာ ထိုင်းနိုင်ငံ မှာတော့ မထူးဆန်းတော့ပေမယ့် မြန်မာနိုင်ငံမှာတော့ ခွဲခြားဆက်ဆံမှုတွေနဲ့ အတူ ကန့်သတ်မှုတွေ ရှိတယ်လို့ Gay Rights လှုပ်ရှားသူတွေက ပြောနေကြပါတယ်။
လူ့လောကမှာ လိင်ခွဲခြားမှုတွေ မရှိဘဲ တန်းတူအခွင့်အရေး တိုက်ပွဲဝင်သူတွေထဲမှာ တတိယ လိင်နဲ့ Gay လို သူတွေကလည်း တစု အပါအဝင်ဖြစ်ပါတယ်။
မကြာသေးမီကပဲ အမေရိကားမှာ လိင်တူ လက်ထပ်ထိမ်းမြားတဲ့ ကိစ္စကို တရားရုံးချုပ်က တားမြစ်လိုက်လို့ အကြီးအကျယ် ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း သတင်းကိုလည်း ဧရာဝတီက ချစ်ခြင်းကို မခွဲပါ နဲ့ ဆိုတဲ့ ပို့စ်တခုမှာ ဖော်ပြခဲ့ပါသေးတယ်။
အိမ့်သံစဉ် ~










Myanmar Kyat Converter
Comments (0)
Post a Comment