"မြန်မာကားနဲ့ ရည်းစား"

Posted by Black Magic | Posted in , | Posted on 1:02 AM


-ဘ၀မှာ ရှောင်လို့ လဲမရ နေ့ တဓူဝ တွေ့ နေရတဲ့ ဒုက္ခ ၂ ခု ရှိတယ်..
- ပထမ တစ်ခုကတော့ ခုခေတ်မြန်မာဇတ်ကားတွေပဲ....။ 
စစ်အစိုးရရဲ့ အုပ်ချုပ်မှုကို ဒီထုတ်ကုန်တွေမှာ ရောင်ပြန်ဟပ်ပြထားတာကိုတွေ့ ရတာပဲ..။
လူတွေကို ပြောသမျှယုံ ပြထားတဲ့အတိုင်းကြည့်ဆိုတဲ့...ပေါချာချာဗွီဒီယိုဇတ်ကားတွေပ...။ 

နေရာတကာတွေ့ နေရတယ်. .ခွေးချေးထက်ပေါတယ်ဆိုတဲ့ အရာတွေ..။ 
မြန်မာကားတွေရဲ့ အဓိက အားနည်းချက်ဖြစ်တဲ့ ရုပ်ရှင်အနုပညာကို လေ နဲ့ သရုပ်ဖေါ်လို့ ရတယ်လို့ ယူဆတာကို ဒီမြန်မာကားတွေမှာ... တွင်တွင်ကျယ်ကျယ်တွေ့ ရတာပလေ..။ 
ဒိုင်ယာလော့ခ်ဆိုတာ အတော်အသင့်ပဲ ကောင်းပါတယ်..။ မြန်မာကားတွေမှာတော့ ပေါလိုက်တဲ့လေ..။ ပေါ်လစီကားတွေဆို ပိုဆိုး..။ လေပေါသူရဲကောင်းတွေကို အဲသလိုကားမျိုးတွေမှာတွေ့ ရတာပဲ..။ ငှက်ကြီးတောင်ကြီး တ၀င့်ဝင့်...သေနတ်ကြီးတကားကားနဲ့ တော်လှန်ရေးစကား သိပ်ပြောတဲ့ လေပေါတွေပေါ့..။ ခုခေတ် ဗွီဒီယိုကားတွေကတော့ ကိုရီးယားအရိပ်နဲ့ မင်းသားသမီးတွေက ရိုမန်တစ်ဆန်ချင်ဟန်တူပါရဲ့ ...။ စကားပြောတာကို ပဲ ပျော့ပြဲပြဲ ပျစ်ချွဲချွဲနဲ့  စိတ်ကုန်စရာကောင်း..။ ဒါကြောင့်လည်း မြန်မာကားဆိုရင် ဝေးဝေးကရှောင်ကြတာပဲ...။ 
အဲ...ရှောင်လို့ မရတာက အဝေးပြေးကားတွေစီးမိရင်ပဲ..။ ကားပေါ်ကလည်း ဆင်းပြေးလို့ မရ.. အခြားသူတွေကလည်း ရှိနေတော့ ပိတ်ခိုင်းလို့ မရ... တညလုံး အောင့်အည်းသည်းညဉ်းခံပြီး ခရီးဆက်ရတာ..။ ရှိတာနဲ့ ထထုချင်စိတ်ပေါက်လည်း "ခန္တီစ..မနိုင်လို့ သည်းညဉ်းခံရခြင်းသည်၎င်း"... လုပ်လိုက်ရတာချည်းပဲ..။
မဆလ ခေတ်ကတည်းက သည်းညည်းခံခဲ့ရတဲ့ စစ်အစိုးရကို ခုထက်ထိ သည်းညဉ်းခံနေရသလိုမျိုး..

- ဒုတိယတစ်ခုကတော့ ထားဖူးတဲ့ ရည်းစားတွေ..။ ရည်စားထားမိမှပဲ... ၀ါတော်ခြောက်ဆယ်ရ ပုဂ္ဂိုလ်ကြီးလို သီလစောင့်ရတော့တဲ့အဖြစ်..။ စတုတ္တပါရာဇိက သိက္ခာပုဒ်မှာပါသလို "မ" ဆိုက အမေ၊နှမ၊ အစ်မ၊ ကစလို့ ဂျပိုးမ သန်းမ ထိရှောင်ကြဉ်ရတဲ့အဖြစ်ကို ရောက်တော့တာပဲ..။ 
ပင်စင်ယူခါနီး ဆရာမကြီးနဲ့ လည်း သ၀န်တိုလိုက်တာပဲ..။ ကိုယ့်တပည့် တူမအရွယ်နဲ့လည်းယိုးလိုက်တာပဲ။
ကလေးတွေတလှေကြီးရှိတဲ့ အသိမိတ်ဆွေတွေနဲ့ လည်းမနာလိုလိုက်တာပဲ..။ 
သူမှအပ..ကျန်တဲ့ မိန်းမများ ဖွဲဆန်ကွဲပဲ မှတ်ရမယ်ဆိုတာ ထားခဲ့ဖူးသမျှ ရည်စားတွေရဲ မူဝါဒပဲ..။ အသက်အရွယ်၊ ရုပ်ရည်၊ ပညာအရည်အချင်းသာကွာကြတယ်....ရည်းစားတိုင်းကတော့ ဒီပေါ်လစီမှာ တသံတည်းပဲ...။ သူတို့ သ၀န်တိုလွန်းလို့ စကားများရန်ဖြစ်ကြပြီဟေ့ဆိုရင်...သူတို့ ဆင်ခြေက ဒါမိန်းကလေးသဘာဝ တဲ့...။ အဲ.. ပြီးဆက်ပြောသေး..."မိန်းကလေးဆိုတာ အချော့လည်းခံချင်တာပဲလေ" တဲ့...။ အခုတလော...အွန်လိုင်းပေါ်က ဒီမိုတွေလည်း ဒီရည်စားတွေနဲ့ တပုံစံတည်းပဲ..။ သူတို့ မှအပ ကျန်တဲ့သူ ဒီမိုကရေစီနားမလည်တဲ့သူပဲ...။ အဲ အခြားသော..သူနဲ့ မတူသူကိုများသွား အရောဝင်မိရင်.. တံဆိပ်မျိုးစုံတပ် စွပ်စွဲတော့တာပဲ...."စစ်ခွေး၊ သိန်းစိန်လော်ဘီ၊ သန်းရွှေအောက်ဆွဲ" .....စသဖြင့် စုံလို့ ...။ ပြောတဲ့စကားက "Agree to Disagree" လုပ်တော့ "Freedom of Blocking"....။ အွန်လိုင်း စိတ်ကောက်ခြင်းပေါ့လေ....။...လူလည်းမမြင်ရ၊ အသံလည်းမကြားရတဲ့ ပုံရိပ်ယောင်လောကမှာတောင် ကိုယ်နဲ့ အမြင်မတူတာကို သည်းညဉ်းမခံနိုင်တာ...တကယ်ပက်ပင်းများတွေ့ ရင် တုတ်တပြက် ဓါးတပြက်နေမှာ...။ တခါတခါ စဉ်းစားမိတာက...သူတို့ ကလည်း အချော့ခံချင်ဟန်တူတယ် လို့ ...
Athenian Ahnyarthar's stats.

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.