Posted by Black Magic | Posted in ထူးထူးခြားခြား , ဗဟုသုတများ , သတင်းများ | Posted on 4:26 PM

ရေနှင့်ဓာတ်မတည့်သောရောဂါ

ဝေလပြည်မြောက်ပိုင်း ဖလင့်မြို့၌ နေထိုင်သော အသက်၂၇နှစ်အရွယ်ရှိ ကက်တီဒဲလ်အမည်ရှိ မိန်းကလေးသည် ရေနှင့်ဓာတ်မတည့်သောကြောင့် ငိုမိလျှင်ပင် မျက်ရည်ကြောင့် သေနိုင်သည်ဟုဆိုသည်။ သူသည် ပြင်းထန်သော ရေနှင့် ဓာတ်မတည့်သည့် Aquagenic urticariaဟုခေါ်သော ရောဂါရှိပြီး တစ်ကမ္ဘာလုံး၌ ယင်းရောဂါမျိုးရှိသူ ၃၅ဦးသာ တွေ့ဖူးရာ အလွန်ရှားပါးသော ရောဂါဖြစ်သည် ဟုဆိုသည်။ သူသည် ငိုလိုက်လျှင်ပင် အလွန်နာကျင်သော အနီကွက်များ ဖြစ်ပေါ်လာသည် ဟုဆိုသည်။ သူသည် အဆိုပါရောဂါကြောင့် သူ၏ အလုပ်အကိုင်ဖြစ်သော အကသင်တန်း ဆရာမအလုပ်မှ ထွက်ခဲ့ရသည်။ သူ၏ အခြေအနေသည် ပိုမိုဆိုးဝါး၍ လာနေရာ သူသည် ယင်းကြောင့် အသက်ဆုံးရှုံးမည်ကို စိုးရိမ်နေသည် ဟုဆိုသည်။ အဆိုပါ မိန်းကလေးသည် အသက်၁၆နှစ် အရွယ်တွင် အာသီးဖြတ်ပြီးနောက် ယင်းကဲ့သို့ ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်ခြင်း ဖြစ်သည်ဟုဆိုသည်။ သူ့အား ဖြန့်ချိရေး ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ အင်ဒီ(၃၂နှစ်)က အချိန်ပြည့် စောင့်ရှောက်ပေး နေရကြောင်း သိရသည်။
မြ၀တီ
တရုတ်ပြည်တွင် ချက်ပြုတ်ရန် ပြင်ဆင်ခြင်း ခံနေရ သည့် ကလေးငယ် တစ်ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့

တရုတ်နိုင်ငံ လျောင်းနင် ပြည်နယ် အတွင်းရှိ တန်တုန်း ပြည်နယ် တွင် ချက်ပြုတ်ရန် ပြင်ဆင်ခြင်း ခံနေ ရသည့် ကလေး တစ်ဦးကို အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အသက် ၃၅ နှစ် အရွယ် ဆွန် အမည်ရှိ အမျိုးသား တစ်ဦးသည် ယခု သီတင်းပတ် အကုန်တွင် ၄င်း၏ ခယ်မ ဖြစ်သူအား သတ်ဖြတ်၍ သူမ၏ နှစ်လသား အရွယ် ကလေးငယ် ကုန်းကြိုင်ရှန်း ကို ဖခင် ဖြစ်သူ၏ နေအိမ်သို့ ခေါ်ဆောင် သွားပြီး အိုးတစ်လုံး အတွင်းထည့်၍ ချက်ပြုတ်ရန် ပြင်ဆင်နေစဉ် ကလေးငယ် ၏ ငိုယိုသံကို ဖခင် ဖြစ်သူ ကြားခဲ့ပြီးနောက် ၄င်းကလေးငယ် ကို ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆွန် သည် ကလေးငယ် ကို အိုးအတွင်း ထည့်သွင်း၍ အိုးအဖုံး အပေါ်သို့ ကျောက်တုံး တစ်တုံး တင်၍ ချက်ပြုတ်ရန် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်း ကလေးငယ် ၏ မိခင်ဖြစ်သူ ရှုရှောင်လီ ကိုလည်း သတ်ဖြတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံ ပြောကြား ထားပြီး သူမကို မည်သည့် အကြောင်း အရင်းကြောင့် သတ်ဖြတ် ခဲ့ရသည်ကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။
ထို့ပြင် တာဝန်ရှိ သူများက အဆိုပါ ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း သိရှိရသည်။
The Myawady Daily
TEXT MESSAGE ပို့ခြင်းက ဥာဏ်ကောင်းစေ
ပေါက်ပေါက် ရှာရှာ လေ့လာ တွေ့ရှိမှု များထဲက တစ်ခုပါပဲ။ ယင်းကတော့ ဖုန်းနဲ့ Message ရိုက် ပို့ခြင်းဟာ ဥာဏ်ကောင်း စေတယ် ဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ အဖြစ်က ဒီလိုပါ။
Text Message (SMS) ရည်ရွယ်ချက်က စာတိုတိုနဲ့ လိုရင်း ရောက်အောင် ရေးလို့ ပို့ရတာ ဖြစ်ပါတယ်။ စာလုံး Character အလုံး ၁၆၀ ထပ်မပိုရဘူးလို့ ဆိုထားပေမယ့် တော်တော်များများ ကတော့ စာလုံး နည်းနည်းနဲ့ ရောက်အောင်ရေးလို့ ပို့ပါတယ်။
ဒါကြောင့် အင်္ဂလိပ် အတိုကောက်သုံးတာမျိုး၊ အလွယ်ဆုံး ဝါကျဖွဲ့လိုက်တာ မျိုး၊ အဓိပ္ပါယ်ချက်ချင်း သိစေနိုင်မယ့် စာတိုတို ဖြစ်အောင် ရေးစပ်တာမျိုး အစရှိသဖြင့် ဦးနှောက်စားစေပြီး ဥာဏ်ကို အသုံးချစေပါတယ်။ အင်္ဂလိပ် သဒ္ဒါ တည်ဆောက်မှု အတတ်နိုင်ဆုံးမှန်အောင်ကြိုးစားမှုလည် ရှိသလို အချို့ ကျတော့လည်း အဆင်ပြေတဲ့ အသံထွက်နဲ့ တစ်ဖက်နားလည်အောင် ကြိုးစား ရေးသား ပါတယ်။ အင်္ဂလိပ်စာနဲ့ ရိုက်တာက ပိုကောင်းပြီး အင်္ဂလိပ် စာ ဝါကျ ဖွဲ့မှုကိုလည်း ပိုမိုတိုးတက်စေပါတယ်။ သို့ပေမယ့် အခြား ဘာသာ သို့မဟုတ် ကိုယ်အဆင်ပြေတဲ့ နည်း လမ်းနဲ့ ရေးသားပေးပို့ခြင်းက လည်း ဥာဏ်သုံးရတဲ့အတွက် ဦးနှောက် ကို အလုပ်လုပ်စေပါတယ်။
ဒါကြောင့် SMS ပို့ခြင်းဟာ ဥာဏ်ကိုကောင်းစေပြီး IQ လယ်ဗယ် မြင့်စေ တယ်လို့ လေ့လာချက်များက ဆိုထားကြောင်း သိရပါတယ်။
Ref: techblog
ခန္ဓာဝန်ချသည်မှာ ခြောက်နှစ်ကြာသော်လည်း မပုတ်မသိုးရှိနေတဲ့ ဆားတောင်ဆရာတော်ကြီးရုပ်ကလာပ်





မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့အ နောက်ဘက် ငါးမိုင်ခန့်အကွာ ကသဲကုန်းကျေးရွာရှိ ဆားတောင် ပဋိပတ္တိရိပ်သာဝင်းအတွင်း ထာ ဝရဗိမာန်တော်ဖြင့် အပူဇော်ခံ ထားရှိသည့် ဆားတောင်ဆရာ တော်ကြီး ဦးပညာဏိက ၏ ဥတုဇ ရုပ်ကလာပ်တော်အား ယခုရက် ပိုင်းအတွင်း လာရောက်ဖူးမြော် လေ့လာသူများ များပြားလျက်ရှိ ကြောင်း သိရသည်။
ဆရာတော်ကြီးသည် ခန္ဓာ ဝန်ချသွားသည်မှာ ခြောက်နှစ် ကျော်ရှိပြီဖြစ်သော်လည်း ဥတုဇ ရုပ်ကလာပ် တော် သည် ယနေ့အ ချိန်အထိ မပုပ်မသိုးဘဲ တည်ရှိ နေရာ အသားအရည်မှာလည်း ဝင်းအိနေဆဲဖြစ်ကာ အကြော စိမ်းများကိုပင် မြင်တွေ့ရသဖြင့် ထူးခြားမှုများ ဖြစ်ပေါ်နေသည့် ဆရာတော်ကြီးအကြောင်းကို တပည့် ဒါယကာ များက အများ ပြည်သူသိရှိနိုင်ရန် အင်တာနက် ပေါ်သို့တင်ပြီးနောက် လာရောက် ဖူးမြော်ကြသည့် အရေအတွက် မှာ ယခင်ကာလများကထက် သိ သာစွာ များပြားနေခြင်းဖြစ် ကြောင်း ထာဝရဗိမာန်တော်ထိန်း သိမ်းစောင့်ရှောက်ရေးကော်မတီ မှ ဦးထွန်းရွှေ က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။
''ရဟန္တာမို့လို့သာ ဒီလိုမျိုး ရုပ်ကလာပ်တော် မပုပ်မသိုးဘဲ ကျန်ရစ်တာလို့ ဒီဘက်ကဒေသခံ တွေက ယုံကြည်တယ်။ ခြောက်နှစ်အတွင်းမှာလဲ ညာဘက် လက်မောင်းတော် တံတောင်ကွေး နေရာမှာ ဓာတ်တော်ကျခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ တရား တော် ကို ကျင့်ကြံရင် လက်တွေ့အကျိုးထူး ရတယ်ဆိုတာကို ဆရာတော်ကြီး က နောင်လာနောက်သားတွေ သိရှိအားထုတ်နိုင်အောင် ဒီရုပ် ကလာပ်တော်ကို ထားရှိခဲ့ပုံပါပဲ။ ဟိုးအရင်ကတည်းကတော့ ဆရာ တော်ကြီးရဲ့ ရုပ်ကလာပ် တော် ကို လာရောက်ဖူးမြော်တဲ့သူတွေ ပုံ မှန်ရှိပေမယ့် အခုရက်ပိုင်းအတွင်း မှာ ဆရာတော်ကြီးတပည့်တွေ က အင်တာနက်ပေါ်မှာတင်ထား တဲ့ ဆရာတော်ကြီးရဲ့အကြောင်း နဲ့ ဓာတ်ပုံတွေကို ဖူးလိုက်ရပြီး တော့မှ နေရာကိုစုံစမ်းပြီး မျက် မြင် ကိုယ်တွေ့ လာဖူးကြတာပါ။ လာဖူးတဲ့သူအရေအတွက်က ပုံ မှန်မရှိဘဲ ရုံးပိတ်ရက်တွေနဲ့ လ ပြည့်နေ့တွေမှာဆိုရင် ပိုပြီးတော့ များသလို တချို့ဆိုရင်း ဝေးလံ တဲ့နယ်ဒေသတွေကနေ လာကြ တာမျိုးလဲရှိပါတယ်''ဟု ယင်းက ထပ်မံ ပြော သည်။
ဗိမာန်တော်အတွင်း ဆရာ တော်ကြီး၏အကြောင်းနှင့်အတူ မှတ်တမ်းဓာတ်ပုံများ၊ ဟောကြား ခဲ့သည့် တရားစာများနှင့် ဓာတ် တော်များကို လာရောက်သူများ ကြည့်ရှုလေ့လာဖူးမြော်နိုင်ရန် ဖော်ပြပေးထားရာ အဆိုပါရိပ် သာအတွင်းတွင် ကြွင်းကျန် ရစ် သောဓာတ်တော်များဖြင့် ရွှေစေ တီတစ်ဆူကို တည်ထားကြောင်း သိရသည်။
ဆားတောင်ဆရာတော် ကြီး၏မွေးရပ်ဇာတိမှာ စစ်ကိုင်း တိုင်းဒေသကြီး ဆားတောင်ကျေး ရွာအုပ်စု သင်းတွဲရွာဖြစ်ပြီး ခမည်း တော် ဦးငွေဒင်နှင့် မယ်တော် ဒေါ်ပြောင်းမယ်တို့မှ ၂၉.၁၀. ၁၉၂၅တွင် ဖွားမြင်ခဲ့ခြင်းဖြစ် သည်။ ၁၃.၁၁.၂ဝဝရခုနှစ်တွင် ခန္ဓာတော်ဝန်ချခဲ့ရာ မပုပ်မသိုး ဘဲ ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ် တော်ကို ၁၀.၂.၂၀၀၈တွင် ထာ ဝရဗိမာန်တော်သို့ ပင့်ဆောင်အ ပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
The Yangon Times
ကမ္ဘာ့အသက်အငယ်ဆုံး မိခင်

ကမ္ဘာ့ အသက် အငယ်ဆုံး ကိုယ်ဝန်ဆောင် ကလေး မွေးခဲ့တဲ့ သူက Peru နိုင်ငံသူ Lina Medina ဖြစ်ပြီး အသက် ၅နှစ်၊ ၇လ၊ ၁၇ရက်နဲ့ သားကလေး မွေးခဲ့တာပါ။ ခုချိန်ထိ အသက် ရှင်နေဆဲ (အသက် ၈၀နှစ်) ရှိနေပါပြီ။ Lina ကရှားရှားပါးပါး Precocious Puberty လို့ခေါ်တဲ့ အခြေအနေ တစ်ခုနဲ့ မွေးဖွားလာ တဲ့သူ တစ်ယောက် ဖြစ်ပြီး အပျိုဝင်ချိန် စောပြီး သူ့ရဲ့ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်း တွေကလည်း အစောကြီး ဖွံ့ဖြိုးနေ ခဲ့တာပါ။ သူမရဲ့ မိဘတွေက သူမအသက် ၅နှစ်အရွယ်မှာ ဗိုက်ကြီးလာ တဲ့အတွက် ဆေးရုံကို ခေါ်သွားပြီး အစကတော့ tumor လို့ထင်ခဲ့ ပေမယ့် ဆရာဝန် တွေက သူမ ကိုယ်ဝန် ၇လရှိပြီလို့ ကောက်ချက် ချခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ကိုယ်ဝန်က ဘယ်သူနဲ့ ရသလဲ ဆိုတာတော့ မသိခဲ့ ရပါဘူး။ အစက သူမရဲ့ ဖခင်ကို သံသယ ရှိခဲ့ကြ ပေမယ့် သက်သေ မခိုင်လုံ တာကြောင့် ပြန်လွှတ် ပေးခဲ့ရ ပါတယ်။ သူမရဲ့ သားလေးကို Gerardo လို့နာမည် ပေးခဲ့ပြီး သူက ကျန်းကျန်းမာမာနဲ့ အသက် ရှင်ခဲ့ပေမယ့် အသက် ၄၀မှာ ရိုးတွင်းခြင်ဆီ ရောဂါ (Bone Marrow Disease) နဲ့ကွယ်လွန် ခဲ့ပါတယ်။
Myanmar Youth Media Club
ကမ္ဘာ့ကထမဆုံးအများသုံးအိမ်သာ

ဒိုင်နိုဆောတွေ ပေါ်ခါစက ကမ္ဘာဦး သတ္တ၀ါတွေ စုပေါင်း အိမ်သာအဖြစ် အသုံးပြုခဲ့တဲ့ နေရာတစ်ခုကို အာဂျင်တီးနားနိုင်ငံမှာ သုတေသီတွေက ရှာဖွေတွေ.ရှိခဲ့ပါတယ်။
နှစ်ပေါင်း သန်း ၂၄၀ လောက် ကြာပြီ ဖြစ်တဲ့ ဒီနေရာဟာ ကမ္ဘာ့ပထမဦးဆုံး အများသုံး အိမ်သာ အဖြစ် မှတ်တမ်းဝင်သွားပြီလို. ဒီသုတေသီတွေက ပြောနေကြပါတယ်။
ခုတွေ.ရှိတဲ့ တိရစ္ဆာန်တွေ စုပေါင်း အညစ်အကြေး စွန်.ရာ နေရာမှာ ကြံ့လို ပုံသဏ္ဍန်ရှိတဲ့ Megaherbivores ကောင်တွေရဲ. ထောင်နဲ.ချီတဲ့ မစင်တုံးတွေ ကျောက်ဖြစ်ရုပ်ကြွင်း အဖြစ်နဲ. တွေ.ရတယ်လို. သူတို.က ရှင်းပြပါတယ်။
ဒါဟာ ကမ္ဘာဦး တွားသွား သတ္တ၀ါတွေ အညစ်အကြေးစွန်.ရာ နေရာကို မျှဝေ အသုံးပြုခဲ့တဲ့ ပထမဆုံး အထောက်အထား ဖြစ်ပါတယ်။
ကျောက်ဖြစ်နေတဲ့ ကမ္ဘာဦးခေတ်က မစင်တွေထဲမှာ သမိုင်းမတင်မီခေတ်က အစားအသောက်၊ ရောဂါဘယနဲ. သစ်ပင် ပန်းပင်တွေ အကြောင်း ကို လေ့လာနိုင်တယ်လို. သုတေသန ပြုလုပ်နေတဲ့ သိပ္ပံ ပညာရှင်တွေရဲ. အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
BBC Burmese
နှစ် ၆၀ ကြာမှ သိရတဲ့ ကလေးမှားတဲ့အဖြစ်

ဂျပန်နိုင်ငံမှ အသက်၆၀အရွယ်အမျိုးသားကြီးတစ်ဦးသည် ဖြစ်နိုင်လျှင် သူမွေးဖွားသည့် အချိန်သို့ ပြန်ရောက်ချင်သည်ဟု ဆိုခဲ့သည်။ အမည်ဖော်ပြခြင်းမရှိသည် ယင်းအမျိုးသားသည် မွေးဖွားစဉ်က ဆေးရုံက မိဘများကို ကလေးမှားယွင်း ပေးအပ်ခဲ့သဖြင့် ချမ်းသာကြွယ်ဝသော မိသားစုမှ အကြီးဆုံးသားတစ်ဦး ဖြစ်လာရမည့်အစား ဆင်းရဲသော မိသားစုတွင် ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်။
အိမ်ထောင်မရှိသော ကုန်ကားမောင်း ဒရိုက်ဘာ ဖြစ်နေရသည့် ယင်းအမျိုးသားသည် သူနှင့် သွေးမတော်သားမစပ်သော မိခင်ထံ၏ အုပ်ထိန်းမှုအောက်တွင် နေ့တွင်အလုပ်သွား၊ ညတွင်ကျောင်းတက်ကာ ပညာရှာခဲ့ရသည်။ ရေဒီယိုတစ်လုံးသာ ရှိသော တိုက်ခန်းအတွင်း ညီဖြစ်သူ (လေဖြတ်နေသူ)ကိုလည်း ပြုစုစောင့်ရှောက်ပေးခဲ့ရသည်။
ယင်းအမျိုးသားမွေးဖွားပြီးနောက် ၁၃မိနစ်အကြာတွင် မွေးဖွားခဲ့သူမှာ သူကြွယ်မိသားစုတွင် မောင်နှမလေးယောက်အနက် အကိုကြီးဘ၀ဖြင့် ရှင်သန်ခဲ့သည်။ သူ့အောက်မှ ကလေး သုံးယောက်သည် မိဘနှစ်ပါး သေဆုံးပြီးနောက်ပိုင်း သူတို့နှင့် အသွင်မတူသည် အကိုကြီး၏ ဘ၀မှန်ကို သိရန် ဒီအင်အေ စစ်ဆေးကြည့်သောအခါ သူတို့နှင့် ကွဲပြားနေသော သူစိမ်းတစ်ယောက် ဖြစ်သည်ကို တွေ့ခဲ့ကြသည်။
ထိုသုံးယောက်သည် ဆေးရုံသို့သွားကာ ထိုနေ့က မွေးဖွားခဲ့သူများ၏ စာရင်းပြုစုပြီး ဒီအင်အေ လိုက်စစ်သည့် အခါမှ သူတို့၏ အစ်ကိုကြီး အစစ်အမှန်ကို တွေ့ခဲ့ကြခြင်းဖြစ်သည်။
၁၉၅၃ခုနှစ်က ကလေးမှားယွင်းမှုအတွက် ဆေးရုံသည် လျှော်ကြေးငွေ ယန်း၃၈သန်း (အမေရိကန် ဒေါ်လာ ၃၇၄၀၀၀) ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ အသက် ၆၀အရွယ် အမျိုးသားသည် သူ၏ဘ၀မှန်ကို သိပြီနောက်ပိုင်း ဆေးရုံအပေါ် အကြီးအကျယ် အမျက်ဒေါသထွက်ခဲ့ပြီး ရက်ကာလအတော်ကြာသည်အထိ အော်ဟစ် ကြိမ်းမောင်းနေ ခဲ့သည်။
အမျိုးသားကြီးက သူ၏ မိဘအရင်း၏ ဓာတ်ပုံကိုတွေ့ရသည့်အခါတိုင်း မျက်ရည်ဝိုင်းရကြောင်း၊ မိဘနှစ်ပါးကို သက်ရှိ ထင်ရှား မြင်တွေ့လိုစိတ် ပြင်းပြခဲ့ကြောင်း သတင်းထောက်များကို ရင်ဖွင့်ခဲ့သည်။ ယခုပြန်လည် တွေ့ဆုံကြသည့် မွေးချင်းသုံးယောက်အနက် တစ်ယောက်က သူတို့၏ ပျောက်ဆုံးခဲ့သော ဘ၀များအတွက် နှစ်ပေါင်း ၂၀ခန့် ပျော်ရွင်စွာ ဖြတ်သန်းနိုင်လိမ့်ဦးမည်ဟု နှစ်သိမ့်ကြောင်း ပြောပြခဲ့သည်။
Ref: AFP
၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ် အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။ ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။
ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင် ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်သည်။
ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊ အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည် ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။
ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ် တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။
''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။ ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။
''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။ ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့ အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က ပြောကြားခဲ့သည်။
ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည် ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။
အမျိုးသမီးထင်မှတ်ကာ အမျိုးသားပြည့်တန်ဆာကို ခေါ်ယူမိသည့် တရုတ်အမျိုးသား ဒုက္ခတွေ့ရ
ကိုယ်စီးသည့်မြင်း အထီးမှန်း၊ အမမှန်း မသိခဲ့သည့် ကိစ္စအတွက် တရုတ်အမျိုးသားတစ်ဦး အလွန်တုန်လှုပ်နေကြောင်း သိရသည်။
ဇန်ဟုသာ အမည်ဖော်ပြသော အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် ဂွမ်ဇီးရှိ လီဇူးမှ ဂျီယန်ဘင်ဥယျာဉ်တွင် အမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် အဆိုပါ အမျိုးသမီးသည် အလွန်ကြည့်ကောင်းနေပြီး ဇန်သည် အမျိုးသမီးနှင့် ညှိနှိုင်းကာ လိင်ဆက်ဆံမှု တစ်ကြိမ်အတွက် ယွမ်ငွေ ၆၀ နှင့် သဘောတူညီမှု ရရှိခဲ့သည်။
၎င်းတို့သည် နောက်ဖေးလမ်းကြား အခန်းတစ်ခုတွင် လိင်ဆက်ဆံနေစဉ် ရဲများက အလစ်ဝင်ရောက် ဖမ်းဆီးခဲ့သည်။ ဇန်သည် ပြူတင်းပေါက်မှ ခုန်ချကာ ထွက်ပြေးခဲ့သော်လည်း ရဲများက ၎င်းကို ဖမ်းမိခဲ့သည်။ တန်ဟုသာ အမည်ဖော်ပြသော ပြည့်တန်ဆာ အမျိုးသမီးမှာ အခန်းထဲတွင်ပင် ဖမ်းမိခဲ့သည်။ နှစ်ဦးလုံးကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးသည့် အခါတွင်မှ ဇန်တစ်ယောက် ခေါင်းမီးတောက်ရခြင်းဖြစ်သည်။
တန်သည် အမျိုးသမီး တစ်ဦးမဟုတ်ဘဲ ၄၂ နှစ်အရွယ် ယောက်ျားစစ်စစ်ကြီး ဖြစ်နေကြောင်း သိလာရ၍ဖြစ်သည်။ မိမိလောက် မိုက်မဲသူ မရှိဟု ဇန်က ငြီးတွားခဲ့သည်။ မှောင်မည်းနေချိန်တွင် အမျိုးသမီးဟုသာ ထင်ခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။ ယောက်ျားချင်း လိမ်လည်မှုကို ခံရခြင်းအတွက် ခံပြင်းကြောင်းလည်း ဇန်ကဆိုသည်။ တန်သည် ထိုကဲ့သို့ ပြည့်တန်ဆာ လုပ်ကိုင်ပြီး တစ်လလျင် ယွမ်ငွေ ၈၀၀ မှ ၁ဝဝဝ ခန့်ထိ ရရှိတတ်ကြောင်း သိရသည်။
လီဇူး မှ ရဲများသည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ကွန်ဒုံးများ၊ အပြာရုပ်ရှင်ခွေများနှင့် ကာမအားပေးသည့် ဆေးတောင့်များကို သိမ်းဆည်းရမိခဲ့သည်။
မုဒိမ်းကျင့်ရန် ကြိုးပမ်းသူ၏ လိင်အင်္ဂါအား အမျိုးသမီးက ဓားဖြင့်ဖြတ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မွန်ဂျုဘီဂမ် အမည်ရှိအမျိုးသမီး တစ်ဦးသည် သူမကို မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သူ တစ်ဦး၏ လိင်အင်္ဂါကို ဓားဖြင့်ဖြတ်ပစ်ခဲ့ကြောင်း သိရသည်။
ဂျာလာကာသီ ၊ မာဇာပွာ ကျေးရွာရှိ သူမ၏ နေအိမ်အတွင်း ချဉ်းနင်းဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းသူ မိုဇမ်မယ်ဟက်မာဇီ အား အသက် ၄၀ အရွယ် မွန်ဂျုဘီဂမ် က ခပ်ကြမ်းကြမ်း တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ ကလေး ၃ ဦး၏ မိခင်ဖြစ်သော မွန်ဂျုဘီဂမ် သည် အဆိုပါ လိမ်အင်္ဂါကို ဖြတ်တောက်ပြီးနောက် ရဲထံသို့ သက်သေခံ ပစ္စည်းအဖြစ် သွားရောက်ပြခဲ့သည်။သူမက အိမ်နီးချင်းဖြစ်သူ မိုဇမ်မယ်ဟက်မာဇီ သည် သူမအား မဟားဒရားကျင့်ကြံရန် ကြိုးပမ်းခဲ့ကြောင်း တိုင်ကြားခဲ့သည်။
မိုဇမ်မယ်ဟက်မာဇီ သည် မူလက ငြင်းဆိုခဲ့သော်လည်း ဆေး ရုံသို့ အလျင်အမြန် သွားရောက်ခဲ့ရသည်။ ယခုအခါ မိုဇမ်မယ်ဟက်မာဇီ ၏ အခြေအနေ သက်သာတိုးတက်လာကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် အရာရှိ အဘူခေယာ ကဆိုသည်။ မွန်ဂျုဘီဂမ် သည် မိုဇမ်မယ်ဟက်မာဇီ အား တုန့်ပြန်တိုက်ခိုက်ကာ
ဓားတစ်လက်ဖြင့် မိုဇမ်မယ်ဟက်မာဇီ ၏ လိင်အင်္ဂါကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လုပ်ခြင်းသည် မိုဇမ်မယ်ဟက်မာဇီ က သူမကို မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ခြင်းကို
သက်သေပြရန်ဟုဆိုသည်။ ယခင်ကထိုကဲ့သို့ အလားတူ ကြိုးပမ်းမှုအတွက် တိုင်ကြားခဲ့သော်လည်း
အထောက်အထား မခိုင်လုံခဲ့ သောကြောင့် မာဇီ မှာ လွတ်မြောက်သွားသည်။
မာဇီ ကမူ မိမိနှင့် မွန်ဂျုဘီဂမ် တို့မှာ တိတ်တိတ်ပုန်း ဇာတ်ရှုပ်နေပြီး မိမိက ဇနီးနှင့် ကလေးများကို
သစ္စာဖောက်နေရခြင်းကို ဆက်မလုပ်ချင်ဟု ပြောဆိုခဲ့ရာမှာ မွန်ဂျုဘီဂမ် က ယခုလို လုပ်ခဲ့ခြင်းဟု စွပ်စွဲထားသည်။
ရှာအီဘန်ဂလာ ဆေးရုံမှ ပရော်ဖက်ကဆာ ရှာဖူဇာမန်က ပြတ်သွားသော လိင်အင်္ဂါကို ဆေးရုံအရောက် ယူဆောင်ခဲ့သော်လည်း နာရီပေါင်း အတန်ကြာနေပြီ ဖြစ်နေသဖြင့် ပြန်ဆက်ပေးရန် မဖြစ်နိုင်တော့ဟု ပြောဆိုသွားသည်။
ရေမချိုး တဲ့ ခင်ပွန်းနဲ့ ကွာရှင်း လိုက်တဲ့ ဇနီး
အီဂျစ် နိုင်ငံက အင်ဂျင်နီယာ အမျိုးသမီး တစ်ဦးဟာ တရားရုံးမှာ လင်မယား ကွာရှင်းဖို့ အတွက် ဦးတိုက် လျှောက်ထား လိုက်တယ်လို့ သိရပါတယ်။ အမည် မဖော်လိုတဲ့ အဲဒီ အမျိုးသမီးရဲ့ ကွာရှင်းလိုတဲ့ အကြောင်းက လက်ထပ်ပြီး တစ်လအတွင်း ရေတစ်ခါမှ မချိုးတဲ့ သူ့ခင်ပွန်းနဲ့ ဆက်လက် မပေါင်းသင်း လိုတဲ့အတွက် ကွာရှင်းခွင့် တောင်းခံ ထားတယ်လို့ သိရပါတယ်။ ခင်ပွန်း ဖြစ်သူရဲ့ အကြောင်း ပြချက်ကတော့ ရေနဲ့ဓာတ် မတည့်လို့ ရေမချိုးတာ ပါလို့ ဆိုပါတယ်။ ဇနီးက ဆရာဝန်ထံ ပြသအကြံဉာဏ် ယူပေမယ့် တစ်ကိုယ်ရေ မသန့်ရှင်းမှုနဲ့ လင်မယား အချေအတင် အငြင်းပွား ကြပါတယ်။ အကျင့်မဖျောက်နိုင် တဲ့ခင်ပွန်းက ကွာရှင်း မပေးနိုင် ဆိုတဲ့အတွက် တရားရုံးရဲ့ အမိန့်ချ မှတ်တာကို စောင့်စားနေရတယ်လို့ ဆိုပါတယ်။
အိမ်ပေါ်တက်ကာ အကြင်နာအနမ်းပေးသူကို အရေးယူ
ကိုတင်လှိုင်(မိတ္ထီလာ)
မိတ္ထီလာ၊ မေ ၂၄- မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် အမှတ်(၁) ညောင်ပင်ရပ်နေ ရက်ကန်း အလုပ်သမ ---(၂၄)နှစ်သည် မေ၁၂ရက် ညဘက် အိမ်မှာ တစ်ဦးတည်းရှိနေစဉ် ည ၁၀နာရီက ၀မ်းတွင်းမြို့ အမှတ်(၂) ကွက်သိမ်တောင်ရပ်ကွက်နေ ကုလားကြီး(ခ) အောင် ကျော်ဆန်း ရုတ်တရက်အိမ်ပေါ်တက်လာပြီး မ..အား ပွေ့ဖက်နမ်းရှုပ်ခဲ့ကြောင်း သိရသည်။ ယင်းအတွက် ၀မ်းတွင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ ကုလားကြီး (ခ) အောင်ကျော်ဆန်း (၄၅)နှစ်အား ရဲစခန်းမှ (ပ)၆၄/ ၂၀၁၁၊ ပုဒ်မ ၄၅၁/ ၃၅၄ဖြင့် အမှု ဖွင့် အရေးယူထားသည်။
သမီးဖြစ်သူ၏ အပျိုစင်ဘဝကို ရောင်းစားခဲ့သည့် မိခင်တစ်ဦး ထောင်ဒဏ် ၁၅ နှစ် ကျခံရဖွယ်ရှိ
သမီးဖြစ်သူ၏ အပျိုရည်ကို ရောင်းစားခဲ့မှုအတွက် မိခင်တစ်ဦးသည် ထောင်ဒဏ် ၁၅ နှစ် ကျခံရမည့် အရေးနှင့် ကြုံနေရသည်။
ယူတား ရှိ ဆော့လိတ်စီးတီးမှ အမျိုးသမီး သည် သူမ၏ အသက် ၁၃ နှစ်အရွယ် သမီးလေး၏ အပျိုရည်ကို လူတစ်ဦးထံ ဒေါ်လာ တစ်သောင်းဖြင့် ရောင်းချရန် ကြိုးစားခဲ့သည်။ အသက် ၃၂ နှစ်ရှိ ဖီလီစီယာ ရေး မက်ကလူရာသည် ယူတားခရိုင် တရားရုံးတွင် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြုမူမှုဖြင့် တရားစွဲဆို ခံထားရသည်။
ဒွန်အမည်ရှိ လူတစ်ဦးအား သူမသည် ဖုန်းမှ ဆက်သွယ်ပြီးနောက် ၁၃ နှစ်အရွယ် သမီးနှင့် လိင်ဆက်ဆံရန် ခွင့်ပေးမည်ဟု ဒေါ်လာ ၁၀၀၀၀ ဖြင့် ဈေးတည့်ခဲ့ကြောင်း ရဲများကဆိုသည်။ မိန်းကလေးက မူလတွင် သူမသည် မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်း လိုက်လျောရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းကို ငြင်းဆန်ခဲ့ကြောင်း ရဲများထံ ပြောဆိုခဲ့သည်။ ဖီလီစီယာသည် သမီး ဖြစ်သူကို အဝတ်ဆိုင် တစ်ခုသို့ ခေါ်သွားကာ အဝတ်လဲခန်း တံခါးကို ဖွင့်ပြပြီး သမီးဖြစ်သူ၏ ခန္ဓာကိုယ် အချိုးအစားကို ဒွန်မြင်နိုင်ရန် တံခါးဖွင့်ပြခဲ့ကြောင်း သိရသည်။
ထို့ အပြင် မိန်းကလေး၏ မလျော်မကန် ပုံများကို လူတစ်ဦးထံ ပြသခဲ့သေးကြောင်းလည်း စွပ်စွဲခံထားရသည်။ လက်ရှိတွင် သူမသည် ဆော့လိတ်စီးတီး အကျဉ်းထောင်ထဲ ရောက်နေကြောင်း သိရှိရသည်။
အမျိုးသားများ လေးကန်ထိုင်းမှိုင်းစွာနေထိုင်ပါက ဆွဲဆောင်မှုပိုရှိ
အမျိုးသားများအနေနှင့် လေးလေးကန်ကန် ထိုင်းထိုင်းမှိုင်းမှိုင်း နေထိုင်ပါက ပိုမိုဆွဲဆောင်မှု ရှိနေတတ်ကြောင်း သုတေသန စစ်တမ်းတစ်ခုကဆိုသည်။
၎င်းတို့ အနေနှင့် ပြုံးပြုံးရွှင်ရွှင် နေခြင်းကို လျစ်လျူရှုသင့်သည်ဟု ယင်းစစ်တမ်းကဆိုသည်။ တစ်ဖက်တွင်မူ အဆိုပါ အကြံပြုချက်ကို အမျိုးသမီးများအနေနှင့် ပြောင်းပြန်လိုက်နာရပေမည်။ ပြုံးပျော်ရွှင်မြူးနေသည့် မိန်းကလေးများသည် ဆန့်ကျင်ဖက်ကို ပိုမိုဆွဲဆောင်တတ်ကြောင်း ကနေဒါ သုတေသီများက တွေ့ရှိခဲ့သည်။ ရွှင်ပြနေသော အမျိုးသားများသည် လိင်ပိုင်းဆိုင်ရာ နှိုးဆော်ဆွဲဆောင်မှု လျော့နည်းလေ့ရှိပြီး အမျိုးသမီးများတွင်လည်း သုန်သုန်မှုန်မှုန် ဖြစ်နေသူများကို အမျိုးသား အများစုက သဘောမတွေ့ဟုဆိုသည်။
ခပ် ပျော်ပျော်နေတတ်သော အမျိုးသားများကို အမျိုးသမီးများက လိင်နှင့်ဆိုင်သော စိတ်လှုပ်ရှားမှုမျိုး မရှိတတ်ကြောင်း ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီ ဂျက်ဆီကာ ထရေစီက ရှင်းပြခဲ့သည်။ ပရော်ဖက်ဆာ တစ်ဦးဖြစ်သော ထရေစီက အမျိုးသားများ အနေနှင့်မူ တည်တည်ငြိမ်ငြိမ် သိုသိုသိပ်သိပ် ဖြစ်နေခြင်းထက် ပြုံးရွှင်နေသော အမျိုးသမီးတစ်ဦးကို ပိုမိုတောင့်တ လိုလားကြောင်းဆိုသည်။
သု တေသီများက ထိုကဲ့သို့ အမျိုးသမီးနှင့် အမျိုးသား သက်ရောက်မှု ကွာခြားပုံကို ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့က ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်စွမ်းတွင် ကိုယ်အမူအရာ၏ သက်ရောက်မှုသည် အတော်အတန် အရေးပါသော ကဏ္ဍတွင် ရှိနေကြောင်း ပြောဆိုသွားသည်။
အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မိသည့် မွတ်ဆလင်မိန်းကလေး ကျောက်တုံးဖြင့်ပစ်ပေါက် အသတ်ခံရ
အစ္စလာမ်ဘာသာဝင် မိန်းကလေးတစ်ဦးသည် အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မိရုံဖြင့် ကျောက်တုံးများနှင့် ပစ်ပေါက်သတ်ဖြတ် ခံခဲ့ရကြောင်း သိရသည်။
ယူကရိန်းမှ အသက် ၁၉ နှစ်အရွယ် ကက်တာယာကိုရန်သည် ခရီမီယာဒေသရှိ ရွာတစ်ခုအနီး နေထိုင်သူဖြစ်ပြီး သူမ၏ အလောင်းကို ရွာပြင်တွင် တွေ့ရှိခဲ့သည်။ သူမ၏ မိတ်ဆွေများက ကက်တာယာသည် ဖက်ရှင်ကျနသော အဝတ်အစားများဖြင့် အလှမယ်ပြိုင်ပွဲတစ်ခုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အစ္စလာမ် ရှာရီယာ စည်းမျဉ်းများကို ဖောက်ဖျက်ကြောင်း စွပ်စွဲခံရပြီး မွတ်ဆလင် လူငယ် ၃ ဦးက ဖမ်းဆီးကာ သေဒဏ်စီရင်ခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
လူငယ် ၃ ဦးအနက် ၁၆ နှစ်အရွယ် ဘီဟယ်ဂါဇီယက် ဆိုသူကို ဖမ်းဆီးထားပြီးဖြစ်သည်။ ၎င်းက မိန်းကလေးအား ရှာရီယာ စည်းမျဉ်းများကို ဖောက်ပြန်မှုအတွက် သေဒဏ်ထိုက်သင့်ကြောင်း ပြောကြားခဲ့သည်။ အစ္စလာမ်ဘာသာရေးတွင် အိမ်ထောင်ရေးဖောက်ဖျက်ခြင်းကဲ့သို့ ပြစ်မှုများအတွက် ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်မှုများ ပြုလုပ်မှုများ ရှိနေဆဲဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောကြားခဲ့သည်။
အီရန်၊ နိုက်ဂျီးရီးယားနှင့် ပါကစ္စတန်တို့တွင်လည်း အလားတူ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်ကို မိမိတို့ သတင်းရရှိထားကြောင်း အဆိုပါ အဖွဲ့ကြီးက ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်က အဆိုပါ ပုံစံမျိုးဖြင့် သေဒဏ်ချခံရသူ ၂၇၀ ကျော်ထိ ရှိခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး ကြေးစားလူသတ်သမား
က လေးအမေ တစ်ဦးအား ပေါင်စတာလင် ၂၀၀ ယူကာ ပစ်သတ်ခဲ့ပြီးနောက် ဆန်ထရီဆန်ချက်ဂေးသည် ဗြိတိန်၏ အသက်အငယ်ဆုံး ကြေးစားလူသတ်သမား ဖြစ်လာသည်။
၎င်းသည် အသက် ၂၆ နှစ်ရှိ ဂွီစတန်ဆူဘာစီကို ပြောင်းတိုသေနတ် တစ်လက်ဖြင့် ပစ်သတ်ခဲ့သည်။ ဒုစရိုက်ဂိုဏ်းသား တစ်ဦးဟု ယူဆရသော ဂေးသည် ယခုကဲ့သို့ ရာဇဝတ်မှုများကို ထောင်ထဲရောက်နေသည့် ဖအေတူမအေကွဲ အစ်ကိုနှစ်ဦးထံမှ ဆက်စပ်မိလာခြင်းဟု သုံးသပ်ခဲ့သည်။ ဂေးသည် Riotဟူသော နာမည်ဝှက်ဖြင့် လူသိများသူဟု အိုးဘေလီရှိ တရားသူကြီး တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းအား ဆန်ထရီ၏ တူရကီလူမျိုး ခင်ပွန်းဟောင်းက ငှားရမ်းခဲ့ပြီး အမျိုးသမီးကို လုပ်ကြံစေခဲ့ ခြင်းဖြစ်သည်။
ပြီး ခဲ့သည့်နှစ် မတ်လ ၂၂ ရက်နေ့က ဆယ်ကျော်သက် တစ်ဦးသည် ဆန်ထရီ၏ တိုက်ခန်းသို့ သွားရောက်ခဲ့သည်ကို လုံခြုံရေး ကင်မရာက မှတ်တမ်း တင်ထား ခဲ့သည်။ ၎င်းသည် တံခါးခေါက်ပြီး အမျိုးသမီး တံခါးလာဖွင့်ချိန်တွင် သေနတ်ဆွဲကာ အိမ်ထဲဝင်သွားသည်ကို ကင်မရာက ရိုက်ယူခဲ့သည်။
ယခုအခါ အသက် ၁၆ နှစ် ရှိနေပြီဖြစ်သော လူသတ်သမားသည် ရရှိလာသည့် ငွေများကို အဝတ်အစား ဝယ်ယူပြီး Gucciတံဆိပ်ကို တုပထားသည့် ဦးထုပ်တစ်လုံး ဝယ်ယူရန် အသုံးပြုခဲ့ သည်ဟုဆိုသည်။ ဂေးသည် လူသတ်မှုအတွက် ပြစ်မှုထင်ရှားသည့်အတွက် မေလ ၂၄ ရက်နေ့တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း ခံလိုက်ရကြောင်း သိရှိရသည်။
မိုးပျံတိုက်ပေါ်မှ ခုန်ချနေတဲ့ တောင်ကိုရီးယား ကျောင်းသားများ
နာမည်ကြီး တောင်ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် Kaist တွင် မကြာခင်က ကျောင်းသား ၄ ဦးနှင့် လူအများလေးစားခံရတဲ့ ပါမောက္ခ တစ်ဦး အထပ် ၂၀ မြင့်
အဆောက်အဦများမှ ကိုယ်စီ ခုန်ချ အဆုံးစီရင် သွားခဲ့ကြသည်။
တောင်ကိုရီးယား ပညာရေး ၀န်ကြီးဌာန ကြေငြာချက်အရ ၂၀၁၀ ခုနှစ်တွင် အထက်တန်းနှင့် အလယ်တန်း ကျောင်းသား ၅၃ ယောက်၊ မူလတန်း ၃ ယောက်တို့ အပါအ၀င် စုစုပေါင်းကျောင်းသား ၁၄၆ ဦး အဆုံးစီရင်ခဲ့သည်ဟု ဆိုသည်။
ဖွံ့ဖြိုးပြီး အိုအီးစီဒီ ၃၄ နိုင်ငံအနက် တောင်ကိုရီးယား မှာ သုံးနှစ်ဆက်တိုက် သတ်သေမှု အများဆုံးနှင့် လူငယ်အများစုတွင် ပျော်ရွှင်မှု အကင်းမဲ့ဆုံး နိုင်ငံ ဖြစ်နေသည်ဟုလည်း ဆိုးလ်မြို့ရှိ Yonsei တက္ကသိုလ် လူမှုဖွံ့ဖြိုးရေး လေ့လာမှုဌာနက ထုတ်ပြန်ခဲ့သည်။
သတ်သေသူများရဲ့ အဓိက အကြောင်းရင်းမှာ စာမေးပွဲ ရလဒ် ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်။
ကိုရီးယား ကလေးများမှာ ကျောင်းစတက်ကတည်းက ပုံမှန် အတန်းကျောင်းအပြင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် အခြားဘာသာရပ်ပေါင်းစုံအတွက် ကျူရှင် ယူရသည်။ ကျောင်းစာအပြင် အခြားအမှတ်ရဖို့၊ အလေးစားခံရဖို့အတွက် စန္ဒယား၊ တယော စတဲ့ ဂီတ သင်တန်းများတွင်လည်း ပြိုင်ဆိုင်ရသည်။ မနက် ၅ နာရီ ကျူရှင်ထွက်၊ နေ့ကျောင်းတက်၊ ကျူရှင်ကို ည ၁၁နာရီထိ ပြန်တက်ကြရသည်။
အပြိုင်အဆိုင်ကြီးတဲ့ ကိုရီးယား မိဘတိုင်းက သူတို့ကလေး အတန်းထဲမှာ A အဆင့် ရဖို့ ပြဌာန်းထားပြီးသား ဖြစ်သည်။ B အဆင့် ကျောင်းသားမှာ အသိုင်းအ၀ိုင်းမှ အပစ်ပယ်ခံ ဖြစ်သည်။ ပုဂ္ဂလိက ကျူရှင်စရိတ်စက အရမ်းမြင့်ပေမဲ့၊ တောင်ကိုရီးယားမှာ မွေးဖွားနှုန်း ကျလာတဲ့အတွက် မိဘတိုင်းက ကလေး တစ်ယောက် နှစ်ယောက်အတွက် လက်လှမ်းမှီကြသည်။
လူဦးရေ နှုန်းထားရ ၂၀၂၆ ခုနှစ်တွင် သက်ကြီးရွယ်အို များပြီး၊ လူငယ် အရေအတွက် လျော့နည်း နေမည်ဟု ကိုရီးယား လူဦးရေ စစ်တမ်းဌာနက ခန့်မှန်းထားသည်။ ယခု သတ်သေသူ အများစု အသက်မှာ ၁၄ နှစ်နှင့် ၂၄ နှစ်ကြားများ ဖြစ်တဲ့အတွက်၊ ပညာရေးစနစ်ကြောင့် နှစ်စဉ် လူငယ် ၁၅၀၊ ၂၀၀ နီးပါး တိုက်မြင့်မှ ပုံမှန် ခုန်ချနေလျှင်၊ တောင်ကိုရီးယား လူဦးရေ အချိုးအစား ရှေ့ရေးမှာ စိုးရိမ်ဖွယ် ဖြစ်သည်။
မောက္ခ နိုင်ငံတကာသတင်း
ကံကောင်းစေရန် အရှင်လတ်လတ် မြေမြှုပ်ခံသည့် ရုရှားလူမျိုး သေဆုံးသွား
ကံကောင်းစေသည်ဟူသော အယူအဆဖြင့် အရှင်လတ်လတ် မြေမြှုပ်ခံခဲ့သော ရုရှားလူမျိုးတစ်ဦး သေဆုံးသွားခဲ့သည်။
၎င်းသည် သူငယ်ချင်း တစ်ဦးအား အကူအညီတောင်းကာ မြေအောက်တွင် တစ်ညနေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း ဘလာဂေါ့ဗက်ရှချက်တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ပုဂ္ဂိုလ်သည် အခေါင်းတစ်ခုထဲ ဝင်ရောက်ကာ လေပေါက်လေးများ ဖောက်ပြီးနောက် ဥယျာဉ်တစ်ခုအတွင်း မြေမြှုပ်ခံခဲ့ခြင်းဖြစ်သည်။
သူငယ်ချင်း ဖြစ်သူသည် အခေါင်းထဲတွင် ဖုန်းတစ်လုံးနှင့် ရေတစ်ပုလင်းကိုပင် ထားခဲ့ပေးသည်။ ဖုန်းမှာ အရေးကြုံပါက ဆက်သွယ်အချက်ပေးရန်ဖြစ်သည်။ နောက်တစ်နေ့ နံနက်တွင် သူငယ်ချင်း ဖြစ်သူမှာ ဥယျာဉ်အတွင်း သွားရောက်ပြီး အခေါင်းကို ပြန်လည်ဖော်ခဲ့ရာ အတွင်းမှပုဂ္ဂိုလ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
စုံထောက်များက သေဆုံးသူသည် ယတြာသဘောဖြင့် အခေါင်းထဲ တစ်ညဝင်အိပ်ခြင်းဖြင့် ဘဝတလျှောက် ကံကောင်းစေမည်ဟု ယုံကြည်ခဲ့ကြောင်း ပြောကြားသွားသည်။ သေသူမှာ ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးဖြစ်ပြီး ကလေးငယ်တစ်ဦးလည်းရှိကြောင်း သိရသည်။ အခေါင်းကို ပြန်ဖော်ချိန်တွင် မြေအနက်မှာ ၂၀ စင်တီမီတာမျှသာ ရှိနေကြောင်း စုံထောက်ဌာနကဆိုသည်။
ရဲများ သည် မြေမြှုပ်ပေးခဲ့သော သူငယ်ချင်းအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ယင်းဖြစ်ရပ်မျိုးသည် ရုရှားတွင် ပထမဆုံးအကြိမ် ကြုံရခြင်း မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီကလည်း မော်စကိုမြို့သားတစ်ဦး ယတြာချေပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရာ တစ်နာရီခွဲအကြာတွင် အခေါင်းကို ပြန်ဖော်ကြည့်ပြီးနောက် ၎င်း၏ အလောင်းကိုသာ ပြန်ရခဲ့ဖူးကြောင်း သတင်းများက ဖော်ပြသွားသည်။
ခုနစ်လ၌် လမ်းလျှောက် စကားပြော ..၊ တစ်နှစ်သားတွင် လက်တော့ပ်အသုံးပြုတဲ့ ကလေး

[ Ref-Daily Mail ၊ ဘာမင်ဂမ် ၊ နိုဝင်ဘာ ၂၁ ]
ဘာ မင်ဂမ်မြို့ ချဲမ်စလီဝုဒ်မှ အသက် ၂၄နှစ်အရွယ် ဟယ်သာသော့ပ် သည် လွန်ခဲ့သည့်နိုဝင်ဘာက ၅ ပေါင်ရအောင်စရှိသော ဂျိုနသန် လေးကို မယုံနိုင်စရာဖြစ်လောက် အောင် မြန်ဆန်သောမွေးဖွားမှု ဖြင့် မွေးဖွားခဲ့သည်။ယခုအခါ ၁၂လပြည့်ပြီဖြစ် သော ရှိန်လောက်သည့်နို့စို့အရွယ် ကလေးမှာ အရှိန်လျှော့ချမည့် လက္ခဏာမရှိပေ။ ဂျိုနသန်သည် အချိန်တိုအတွင်း လွန်စွာအံ့ဩ လောက်သည့် ကျွမ်းကျင်မှုများကို သင်ယူနိုင်ခဲ့သည်။ အသက်ခုနစ် လအရွယ်တွင် ၎င်းနှင့် သက်တူ ရွယ်တူများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရရုံရှိနေစဉ် ဂျိုနသန် က လမ်းတွေလျှောက် စကားတွေ ပြောနေနိုင်ပြီဖြစ်သည်။ သူသည် ထိုစဉ်ကတည်းက ကနည်းကို သင် ယူခဲ့သည်။
ထို့အပြင် ဂျိုနသန်သည် ၎င်း၏အကြိုက်ဆုံးသီချင်း ဂန်းနမ်း စတိုင် သီချင်းနှင့်အတူ ကရသည်ကိုလည်း နှစ်သက်ကြောင်း ဂုဏ်ယူနေသော မိဘများက ပြောကြားခဲ့သည်။ထို့အပြင် ၎င်း၏ပထမဆုံး မွေးနေ့မတိုင်မီ ဂျိုနသန်သည် နည်းပညာနှင့် အကျွမ်းဝင်မှုမြင့် များကြောင်းလည်း ပြသခဲ့သည်။ ဂျိုနသန်က မိခင်ဖြစ်သူ၏လက် တော့ပ်ကွန်ပျူတာကို ကိုင်တွယ် သုံးစွဲနိုင်သည့်အပြင် ရုပ်သံချန် နယ်များကို ပြောင်းလဲကြည့်ရှုရန် ရီမုတ်ကွန်ထရိုးကို မည်သို့အသုံး ပြုရသည်ကိုလည်း သိရှိနေသည်။
သားဖြစ်သူ၏ လျင်မြန်သည့် ဖွံ့ဖြိုးမှုသည် လျင်မြန်စွာမွေးဖွား ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မိခင် ဖြစ်သူ ဟယ်သာက ယုံကြည်နေ သည်။
ထို့အပြင် ဂျိုနသန်သည် One Direction ပရိသတ်တစ်ဦး ဖြစ်ပြီး ပီတာအန်ဒရေကိုလည်း နှစ်သက်ကြောင်း သိရသည်။
Yangon Media Group
Comments (0)
Post a Comment