Posted by Black Magic | Posted in ထူးထူးခြားခြား | Posted on 12:16 PM
ဖုန်းပြန်လိုချင်ပေမယ့် ရုပ်လှလို့ ဒိတ်ပဲလုပ်ခဲ့သူ

ဂျပန် နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ဖြစ်တဲ့ Matsumoto Hiroki ဟာ ထိုင်း နိုင်ငံ အလည်ရောက်စဉ် သူ့ iPhone ပျောက်သွားပါတယ်။
ဒီတော့ iPhone 5C ကိုသာ ဝယ်ပြီး ဖုန်းအဟောင်းပြန်ရဖို့အတွက် Find My iPhone, Mobileme တို့နဲ့ ပြန်ရှာပါတယ်။ ဖုန်းအဟောင်းကို ရရှိသွားတဲ့ ကလေးမလေးက သူ့ဓာတ်ပုံကို ရိုက်တော့ iCloud ပေါ်ရောက်လို့ ရောက် မှန်း မသိရောက်ပါတယ်။ ဖုန်းပိုင်ရှင် Matsumoto Hiroki ဟာ ဖုန်းလက်ဝယ် ပိုင်ဆိုင်ထားသူက စုံစမ်းထောက်လှမ်းပြီး တရားစွဲမယ် ဘာညာ ရည်ရွယ်ခဲ့ပေ မယ့် ကလေးမလေး ပုံကို တွေ့တော့ ရည်ရွယ်ချက်က တစ်မျိုး ဖြစ်သွားပါတယ်။
ဖုန်းလက်ဝယ်ယူထားတဲ့ ထိုင်းမလေးက ချစ်စရာ အတော်လေး ကောင်း တာကြောင့် ဖုန်းပြန်တောင်းမယ့်အစား အပြင်မှာ တွေ့ဆုံဖို့သာ ချိန်းလိုက် ပါတယ်။ လူပျိုလူလွတ်ဖြစ်နေတဲ့ Matsumoto Hiroki ဂျပန် လူငယ် အမျိုးသား က ဖုန်းကိုယူပါ၊ သူငယ်ချင်း အဖြစ်လက်ခံပါလို့တောင် စာပို့ လိုက်ပါသေးတယ်။ နောက်မှ သိရတာက အဲ့ ကောင်မလေးက ရည်းစား ရှိနေတာကြောင့် Matsumoto Hiroki ဟာ ဖုန်းပြန်မတောင်းဘူး လို့ ပြော ထား တဲ့ ဆုံးဖြတ်ချက်ကို ပြင်ရမလိုလို၊ မပြင်ရ မလိုလို ဖြစ်နေခဲ့ ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )

(အော် ..။ တော်တော်ဘူးတဲ့ကောင်ဘဲနော်...)

Myanmar Kyat Converter
Comments (0)
Post a Comment