Posted by Black Magic | Posted in ထူးထူးခြားခြား , ဗဟုသုတများ | Posted on 9:22 PM
အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာနေထိုင် တဲ့ အသက်(၃၃)နှစ် အရွယ် ရှိ ဆာရာမက်ဆေးဟာ ကမ္ဘာ့  အကြီးဆုံး တင်ပါးပိုင်ရှင်ထဲ မှာ တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ခံ ထား ရပါတယ်။ ဆာရာမက် ဆေး ရဲ့ တင် ပါးဟာ ခုနစ်ပေ ၀န်းကျင်အထိ ရှိပါတယ်။ ကလေး နှစ်ယောက် မိခင် ဆာရာမက်ဆေးဟာ သူ့ရဲ့ ကြီးမားလှတဲ့ တင်ပါးကြီးအပေါ် အလွန်ဂုဏ် ယူလေ့ရှိတယ်လို့သိရပါတယ်။ သူ့ရဲ့ခန္ဓာ ကိုယ် အလေး ချိန် က အလွန် ၀ဖြိုး နေတာ မို့ အ၀တ်အစားဖိုးအတွက် တစ်လကို ပေါင် (၇၅၀) နီးပါး အသုံးပြုနေရတယ်လို့ သိရပါတယ်။ သူ ဟာ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချဖို့ ကြိုး စားနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ တင်ပါး ကြီး ဟာ အလွန်ကြီး မား လွန်း တာမို့ အ၀တ်အစား ၀ယ်ယူရာမှာ များစွာအခက်တွေ့လေ့ရှိတယ် လို့ ဆိုပါတယ်လို့ သိရပါတယ်။
သူ့ရဲ့ တင်ပါးဟာ ဘယ်လောက်အထိ ကြီးသလဲ ဆိုရင် တစ် နေ့မှာ ရုပ်ရှင်ရုံ ကိုအသွား အိမ်သာဝင် တက်စဉ် အိမ်သာထိုင်ခုံပြိုကျမှု ဖြစ်ခဲ့တယ်လို့တောင် သိရပါတယ်။ ဆာရာမက် ဆေး က ကျွန်မမှာ ဒီတင်ပါးနဲ့ ပတ်သက်ပြီး ခံစားချက်နှစ်မျိုး ရရှိနေပါတယ်။ အဲဒါက တော့ အဆိုးနဲ့ အကောင်း နှစ်ခုဖြစ်ပါတယ်။ အချို့အချိန် တွေမှာ ဒီတင်ပါးကြီးနဲ့ ပတ်သက် ပြီး စိတ်အနှောင့်အယှက်ပြဿနာတွေ ကြုံ တွေ့ ခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိ အ ချိန်မှာ တော့ ဒီတင်ပါးနဲ့ ပတ်သက်ပြီး ဂုဏ်ယူ မိပါ တယ်။ ကျွန်မရဲ့ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ဖို့ ကြိုးစား နေပါတယ်။ ကျွန်မရဲ့ တင်ပါးဟာ အတုမဟုတ်ပါဘူး။ အချို့က ကျွန်မရဲ့တင်ပါးအပေါ် ယုံကြည်မှု မ ရှိကြပါ ဘူး””လို့ ပြောကြား သွား ခဲ့ပါတယ်။
By Messenger











Myanmar Kyat Converter
Comments (0)
Post a Comment