ဟိုဟို ဒီဒီ သတင်းများ

Posted by Black Magic | Posted in | Posted on 2:16 AM



' ပြင်သစ်ဖက်ရှင်ဒီဇိုင်နာနှင့် မော်လ်ဒယ်တစ်ဦးနဲ့ စေ့စပ်လိုက်တဲ့ မျက်လှည့်ပညာရှင် ဒေးဗစ်က်ာပါဖီးလ် '

မျက်လှည့်လောကတွင် အအောင် မြင်ဆုံး မျက်လှည့်ဆရာတစ်ဦးအဖြစ် တင်စားခြင်းခံထားရသည့် နာမည် ကျော် မျက်လှည့်ပညာရှင် ဒေးဗစ်က်ာပါဖီးလ်က ၎င်းသည် ပြင်သစ် ဖက်ရှင်ဒီဇိုင်နာနှင့် မော်လ်ဒယ်တစ်ဦး ဖြစ်သူ Chloe Gosselin နှင့် စေ့စပ်ထားပြီးဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ အသက်(၅၇)နှစ်အရွယ် မျက်လှည့် ပညာရှင် ဒေးဗစ်ကော်ပါဖီးလ်သည် အသက်(၂၈)နှစ်အရွယ်Chloe Gosselinွ နှင့် ချစ်သူသက်တမ်း ခြောက်နှစ်ခန့်အကြာတွင် စေ့စပ်ခဲ့ ခြင်းဖြစ်ကြောင်း အမေရိကန် မဂ်္ဂဇင်းဝက်ဘ်ဆိုက်တွင် သတင်း ဖော်ပြထားသည်။ ““ဒေးဗစ်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ကျွန်မ အရမ်းကံကောင်းပါတယ်၊ ကမ်္ဘာပေါ်မှာ သူ့လိုလူမျိုးက ရှားပါ တယ်၊ သူဟာ သူ့ရဲ့အသက်မွေးဝမ်း ကျောင်းပညာတစ်ခုဖြစ်တဲ့ မျက်လှည့် ပညာအတွက် နှစ်ပေါင်း ၃၀ လောက် စတေးခဲ့ပါတယ်”” ဟု ပြင်သစ် ဖက်ရှင်ဒီဇိုင်နာ Chloe Gosselin က မကြာမီက ဟယ်လိုမဂ်္ဂဇင်းသို့ ပြောကြားခဲ့သည်။



' ဂိုး ၄၀၀ မြောက်အဖြစ်သွင်းယူလိုက်တဲ့ စီရိုနယ်ဒို '

တိုက်စစ်မှူးး စီရိုနယ်ဒိုသည် ရီးရဲ မက်ဒရစ်က ဆဲလ်တာဗီဂိုကို သုံးဂိုး ပြတ်ဖြင့် အနိုင်ရရှိရာတွင် ၎င်း၏ ဘောလုံးသမားသက်တမ်းတစ်လျှောက် ဂိုး ၄၀၀ မြောက်အဖြစ် သွင်းယူပေးခဲ့ သည်။ ရီးရဲမက်ဒရစ်တို့ ယင်းပွဲအနိုင် ရလိုက်သဖြင့် ဘာစီလိုနာနှင့် အမှတ် ကွာခြားချက်ကို လျှော့ချနိုင်ခဲ့သည်။ ဘင်ဇီမာဂိုးမသွင်းမီ ဆဲလ်တာဗီဂိုတို့ အကောင်းဆုံးဂိုးသွင်းခွင့်များ ဆုံးရှုံး ခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် စီရိုနယ် ဒိုက ရီးရဲမက်ဒရစ်အတွက် အဖွင့် ဂိုးသွင်းယူခဲ့သည်။ လေလွင့်ချိန်တွင် စီရိုနယ်ဒိုကပင် တတိယအနိုင်ဂိုး သွင်းယူခဲ့သည်။ ရီးရဲမက်ဒရစ်တို့ ယင်းပွဲအနိုင်ရလိုက်သဖြင့် ဘာစီလိုနာ အသင်း၏နောက်မှ ငါးမှတ်ခွာ၍ လိုက်နေရဆဲဖြစ်သည်။ ပေါ်တူဂီသား စီရိုနယ်ဒိုသည် ပွဲပေါင်း ၆၅၃ ပွဲတွင် ၄၀၀ အထိ သွင်းယူနိုင်ပြီဖြစ်သည်။  




' အလှစစ်ကိုပဲ မြတ်နိုးသူ ဂျူလီယာရောဘတ် '


ဟောလိဝုဒ်မှ နာမည်ကျော် အကယ်ဒမီဆုရှင် မင်းသမီးတစ်ဦးဖြစ် သည့် ဂျူလီယာရောဘတ်အား ဒါရိုက်တာတစ်ဦးက ၎င်း၏ဇာတ်ဝင်ခန်း အတွက် သူ၏မျက်နှာပြင်ပေါ်မှ တင်းတိပ်များကို ဖယ်ရှားပေးစေလို ကြောင်း တောင်းဆိုချက်တစ်ခုရရှိထားခဲ့သည်ဟု သိရသည်။ ““အဲဒီတင်းတိပ်က ကျွန်မရဲ့ မျက်နှာကို အရုပ်ဆိုးစေတယ်လို့ အဲဒီ ဒါရိုက်တာက ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အတု အယောင်တွေထက် အလှစစ်ကိုပဲ မြတ်နိုးပါတယ်။ မှန်ရှေ့မှာ အကြာကြီး ထိုင်ပြီး အလှပြင်တာမျိုးကိုလည်း မနှစ်သက်ပါဘူး””ဟု အသက်(၄၆) နှစ်အရွယ် ဂျူလီယာရောဘတ်က ဆိုသည်။ ၁၉၉၀ ပြည့်နှစ်ကPretty Woman ဟာသဇာတ်ကားဖြင့် ဟောလိဝုဒ်တွင် ၀င်ရောက်နေရာယူလာသူ မင်းသမီး ဂျူလီယာ ရောဘတ်သည် Mirror Mirrorဇာတ်ကားဖြင့် ၂၀၁၂ ခုနှစ် ဟောလိဝုဒ်ရုံဝင်ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် အအောင်မြင်ဆုံးမင်းသမီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ 



' ကမ္ဘာ့ဖလားနှင့် လွဲချော်တော့မယ့် ဝေါကော့သ် '

အာဆင်နယ်တိုက်စစ်မှူးး သီယို ဝေါကော့သ်သည် ဒူးခေါင်းဒဏ်ရာရပြီး အနည်းဆုံးခြောက်လကြာ အနားယူ ဆေးကုသမှုခံယူရမည်ဖြစ်၍ ကမ်္ဘာ့ ဖလားနှင့် လွဲချော်မည်ဖြစ်သည်။ အသက် ၂၄ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးး ဝေါကော့သ်သည် အက်ဖ်အေဖလား တတိယအကျော့ပွဲ စပါးအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိစဉ် ယင်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၀ဲဘက်ဒူး ခေါင်းအရွတ်စုတ်ပြဲသွားသည်ဟု ဆို သည်။ ၎င်းသည် မကြာမီခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ပြီး အနည်းဆုံးခြောက် လကြာ အနားယူရမည်ဖြစ်ပြီး ရာသီကုန်အထိ အနားယူရမည်ဖြစ် ပြီး ကမ်္ဘာ့ဖလားနှင့်လည်း လွဲချော် နိုင်သည်။ ကမ်္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကို ဇွန် ၁၂ ရက်တွင် စတင်မည်ဖြစ် ပြီး အဖွင့်ပွဲတွင် အင်္ဂလန်နှင့် အီတလီတို့ စတင်ကစားရမည်ဖြစ် သည်။ ဝေါကော့သ်သည် ၂၀၀၆ ခုနှစ် မေလ ၃၀ ရက်က ဟန်ဂေရီနှင့် ချစ်ကြည်ရေးပွဲတွင် အင်္ဂလန်အတွက် မိုက်ကယ်အိုဝင်၏ လူစားအဖြစ် ပထမဆုံး ပါဝင်ကစားခွင့်ရခဲ့သည်။ ၎င်းသည် ထိုအချိန်က အသက် ၁၇ နှစ်နှင့် ၇၅ ရက်သာ ရှိသေးရာ အင်္ဂလန်ကစားသမားများတွင် အသက် အငယ်ဆုံးဖြစ်သည်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.