CEH V.8 Module 2 : Footprinting Introduction & Footprinting through Search Engine

Posted by Black Magic | Posted in , | Posted on 1:41 AM

ကျွန်တော်ကတော့ ကောင်းကောင်းနားမလည်ပါဘူး.. ဟီး..၊ လေ့လာချင်တဲ့သူတွေရှိရင် လေ့လာလို့ရအောင်လို့ Ghost Area ကနေ Share ပေးလိုက်တာပါ..၊
What is Footprinting?
Footprinting ဆိုတာကတော့ target network ရဲ့  သတင်းအချက်အလက်များကို စုဆောင်းခြင်းကို ဆိုလိုပါတယ် ။

Footprinting ဆိုတာ ethical Hacking မှာ အရေးပါတဲ့ ပထမဆုံး ဆောင်ရွက်ရမယ့် အဆင့်ဖြစ်ပါတယ် ။ Target Network ရဲ့  Information တွေရှိမှသာ သူ့ရဲ့  Vulnerability တွေကို ဆက်လက်ရှာဖွေနိုင်မှာဖြစ်ပါတယ် ။

Footprinting လုပ်ရမှာ အရေးပါတဲ့ အဆင့် 4 မျိုးရှိပါတယ် ။

အဲ့ဒါတွေကတော့


Target နဲ့ Network ရဲ့ အခြေခံ အချက်အလက်တွေအားလုံးကို ဦးစွာ သိရှိဖို့လိုပါတယ်
ပြီးရင်တော့ အသုံးပြုနေတဲ့ Operating System , Platform တွေ Web Server Version တွေကို သိအောင်လုပ်ရပါမယ်
တတိယ အဆင့်အနေနဲ့တော့ Whois လို techniques တွေ အသုံးပြုရပါမယ် ။
နောက်ဆုံး အဆင့်အနေနဲ့တော့ Attack လုပ်ဖို့ ရာအတွက် Vulnerabilities တွေနဲ့ Exploit တွေကို ရှာဖွေရမှာဖြစ်ပါတယ်
ဘာတွေကို Footprinting လုပ်ရမှာလဲ?
ကျွန်တော်တို့ Footprinting လုပ်ရာမှာ Target Organization ရဲ့ ဘယ် အချက်အလက်တွေကို Footprinting လုပ်ရမယ်ဆိုတာကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ် ။
footprinting

Footprinting Methodology
ကျွန်တော်တို့ဟာ Target Organization ရဲ့  Information ကို Footprinting လုပ်တဲ့အခါမှာ Online Tools တွေကို အသုံးပြုသလို Search Engine တွေကိုလည်း အသုံးပြုပြီး Footprinting လုပ်နိုင်ပါတယ် ။

Footprinting Method တွေကိုတော့ အောက်မှာ ကြည့်နိုင်ပါတယ် ။
footprinting methodology

1.Footprinting through Search Engine
Search Engine က တစ်ဆင့် Footprinting လုပ်တယ် ဆိုတာကတော့ google.com yahoo.com အစရှိတဲ့ Search Engine တွေကနေ မိမိရဲ့  Target Organization ရဲ့  နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေတာကို ဆိုလိုပါတယ် ။ Example : ကျွန်တော်တို့ Target Organization က Microsoft ဆိုပါစို့

microsoft googling

အပေါ်ကလို Google မှာ Microsoft လို့ ရိုက်ပြီး သူ့ရဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ပါတယ် ။ Google က ရှာဖွေလို့ရတဲ့ Support Service Phone နံပါတ်လို ဟာမျိုးက တစ်ဆင့် Social Engineering နဲ့ လည်း တိုက်ခိုက်လို့ရနိုင်ပါတယ် 

နောက် အသုံးဝင်မယ့် အရာ တစ်ခုကတော့  Wikipedia ဖြစ်ပါတယ် ။ Wiki မှလည်း Target Organization ရဲ့  အရေးပါတဲ့ သတင်းအချက်အလက်တွေကို ရယူနိုင်ပါသေးတယ် ။

ms wiki

 Extracting Internal and External Links
Target Organization ရဲ့  Public Website တွေအပြင် အခြား Restricted Website တွေကိုပါ Footprint လုပ်ဖို့လိုလာပါတယ် ။ အကြောင်းရင်းကတော့ အခြား Website တစ်ခုခုမှာများ Vulnerability ရှိနေရင် အဲ့ဒီ့ Vulnerability က တစ်ဆင့် တိုက်ခိုက်ဖို့ ဖြစ်ပါတယ် ။

ဒီလို Target Organization ရဲ့  Internal Link တွေကို External Link တွေကို Footprinting လုပ်တဲ့နေရာမှာ Google , Yahoo အစရှိတဲ့ Search Engine တွေကို အသုံးပြုလို့ရသလို

  • Link Extractor
  • Netcraft
အစရှိတဲ့ Link Extracto တွေ သုံးပြီးလည်း footprinting လုပ်ယူနိုင်ပါတယ် ။

အောက်ကပုံကတော့ Microsoft ရဲ့  Public Website အပြင် Restricted Website တွေကိုပါ Footprinting လုပ်ယူထားခြင်း ဖြစ်ပါတယ် ။

ms public & Restricted

Collecting Local Information
Search Engine တွေကို သုံးပြီး Target Organization ရဲ့ Local Information တွေကိုလည်း ရယူနိုင်ပါသေးတယ် ။ ဥပမာ Google Map ပေါ့ ။

Google Map ကို အသုံးပြုပြီးတော့ Attacker ဟာ Security camera တွေရဲ့ တည်နေရာတွေ Gate တွေကို footprinting လုပ်ယူနိုင်ပါတယ်

People Search
Search Engine တွေကို အသုံးပြုပြီးတော့ပဲ Target Company မှာ အလုပ်လုပ်နေတဲ့ Staff တွေရဲ့ Information တွေကို Footprinting လုပ်နိုင်ပါတယ် ။ ဘာကြောင့် ၀န်ထမ်းတွေရဲ့  Information တွေကို Footprinting လုပ်ယူရလဲ ဆိုတာကတော့ Social Engineering နဲ့ တိုက်ခိုက်နိုင်လို့ ဖြစ်ပါတယ် ။

ဝန်ထမ်းတွေရဲ့ သတင်းအချက်အလက်တွေကို ရှာဖွေဖို့ တော့ အောက်က People Search Service တွေကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ် ။

people search service


ဒါ့အပြင် Facebook , Twitter အစရှိတဲ့ Social Network တွေက တစ်ဆင့်လည်း ရှာဖွေနိုင်ပါတယ် ။

ဒါ့အပြင် Google Alert , Yahoo Alert အစရှိတဲ့ Service တွေ သုံးပြီးလည်း မိမိ Target Organization ရဲ့ လုပ်ဆောင်နေတဲ့ အရာတွေကို စောင့်ကြည့်နိုင်ပါသေးတယ် ။

Screen Shot 2014-01-08 at 11.06.50 PM

Credit : Ghost Area

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.