--နက်ကျော်ရဲ့ feeling--- >

Posted by Black Magic | Posted in | Posted on 9:11 PM



ကျုပ်နာမည်က နက်ကျော်ဗျ... အဲဒီနာမည် ဘယ်သူကပေးလိုက်တယ်ဆိုတာတော့ ကျုပ်လည်းမသိပါဘူး... ဒီလိုဘဲနက်ကျော်လို့ ခေါ် ကြတော့လည်း နက်ကျော်ဘဲပေါ့... အစပိုင်းတော့ ကျုပ်သခင်လို့ ပြောရမှာပေါ့ .. ရှိတယ်ပေါ့ ဗျာ.. နောက်တော့လည်း ဝန်ထမ်း ဆိုတော့ အပြောင်းအရွှေ့ တွေပါသွားတော့ ကျုပ်တကောင်ထဲ ကျန်ခဲ့တယ်.... အခုတော့ခင်တွယ်စရာလူလည်း သိပ်မရှိလှပါဘူးလေ... ကျုပ်ခင်တွယ်မိတဲ့ သခင်အသစ်ကလည်း ကျုပ်က သာသံယောဇဉ်ထားနေရတာ.. ကျုပ်ကို ခင်တွယ်လှတယ်လို့ မထင်ပါဘူး... ခါတိုင်းညဘက် တွေ တံခါးလေးသွားသွားတွန်း ရင် ဖွင့်ပြီးကျုပ်ကို ပေးဝင်တယ်ဗျ ကျုပ်လည်းအခန်းထဲဝင် အိပ်တာပေါ့ ....... နောက်တော့ သူ့ရည်စား ဆိုတဲ့ မိန်းမ က မကြိုက်ဘူးတဲ့ဗျာ... အခန်းထဲ ခွေးပေးဝင်စရာလား.. အဲဒီခွေးက ခုတင်ပေါ် တက်အိပ် ရင်ဘယ်လိုလုပ်မလည်း.. .. ညစ်တီးညစ်ပတ်နဲ့ နောက်ခါပေးမဝင်နဲ့ ဆိုပြီး အမိန့် တွေ ပေးတော့တာဘဲ ဗျာ .... ညည သူတို့ ဖုန်းပြောနေတဲ့ အချိန် ကျုပ်က တံခါးလေး သွားသွားတွန်းရင် တော်ရုံ ဆို လာမဖွင့် တော့ ဘူးဗျာ...စဉ်းစားကြည့်ပါဦး... ကျုပ်ဆိုတဲ့ကောင် ကလည်း လွယ်လွယ်နဲ့ လက်လျော့တတ် တဲ့ ကောင်မှ မဟုတ်တာ.. မဖွင့်မချင်း ကို တွန်းတာပေါ့ ..နောက်တော့ လည်းကျုပ်သခင်က စိတ်ထားနူးညံတဲ့သူ ဆိုတော့ လာဖွင့်ပေးရှာပါတယ်.. အဲလိုတံခါးလေးလာဖွင့်တာကို သူ့ရည်းစား ဆိုတာလေး က သိလည်းသိရော... ဘာလို့ ခွေးကို ပေးဝင်ရတာလည်း ဆိုပြီး ပြသနာရှာပါလေရော ဗျာ ....... ကျုပ်သခင်လည်း စိတ်ညစ် ရှာတယ် ထင်ပါရဲ့ ..... သူတို့ နှစ်ယောက်ဖုန်းပြောရင်းနဲ့ ဆူညံဆူညံ ရန်ဖြစ်နေကြတာ အကြာ ကြီးဘဲ.. ကျုပ် လည်းစိတ်မကောင်းတော့ ဖြစ်မိတာပေါ့.... နောက်တနေ့ ကျုပ်သခင်က ကျုပ်ကို အပြင်ဘက်က ကော်ရစ်တာ ဒေါင့်လေးမှာ ဂုန်နီ အိတ် အဟောင်းလေးနဲ့ ပုဆိုးအဟောင်းလေးတထည် ခင်းပေးတယ်.. သဘောကတော့ အဲနေရာမှာအိပ်ဆိုတဲ့ သဘောပေါ့လေ... ကျုပ်လည်းတော်တော် စိတ်မကောင်းဖြစ်သွားမိတယ် ဗျာ...တကယ်ပါဘဲ.. ကျုပ်ကိုအဲလောက်တောင် လက်မခံနိုင်ဘူးလား.... နောက်တော့ ကျုပ်သခင်က ခပ်တည်တည်ဘဲ အခန်းတံခါးပိတ်သွားေ၇ာ ကျုပ်လေ ရင်နာလိုက်တာ...တံခါးလေး သွားတွန်းတော့လည်း လုံးဝလာမဖွင့်ဘူး... သဘောကတော့ လုံးဝလစ်လျူ ရှု့ လိုက်တဲ့ သဘောပေါ့ ... ကျုပ်ဆို သူ့ကို ခင်တွယ် လိုက်ရတာဗျာ ... သူအိပ်ရာနိုး မနက်စာသွားစားလည်း ကျုပ် လိုက်တယ်.. သူကျွေးတဲ့ မုန့် လိုက် စားတယ်.. သူရုံးသွားလည်း လိုက်သွားတယ်... သူထမင်းစားသွား လည်းလိုက်သွားတာဘဲ... ညဘက်ပြန်အိပ်တာတောင်... သူတို့အိပ်တဲ့ အဆောင်မှာ လိုက်အိပ်တာ ... အခုတော့ သူ့ရည်းစား စကားတခွန်းနဲ့ တင် ကျုပ်ကို အခန်းထဲ လုံးဝ ပေးမဝင်တော့ဘူးလေ... အခုတော့ ကျုပ်သိပ်စိတ်နာသွား ပြီ.... ကျုပ်ခင်တွယ်ရတဲ့ သံယောဇဉ်တွေကို သူ့ရည်းစားရဲ့ "" ကိုနော်.. .. နောက်ခါ အဲ ဒီနက်ကျော်ကို အခန်းထဲ ပေးမဝင် နဲ့ "" ဆိုတဲ့ စကား လုံးတွေ နဲ့ တင် ဖြတ်ပလိုက်တာဗျ... ကျုပ်လေ စိတ်နာလွန်းလို့ အဲအဆောင်ကို လည်း မသွားတော့ ဘူး.. ညဘက်လည်း အဆင်ပြေသလို တော်ရာ နေရာမှာ ဘဲ အိပ်တော့တယ်... ထမင်းဆိုင်မှာ တွေ့ ရင်တောင် ကျုပ်မနှုတ်ဆက် တော့ဘူးဗျ... လမ်းတွေ့ရင် လည်း နှုတ်မဆက်ဘဲ နေပလိုက်တယ် ... အဲတာဘဲကောင်းတယ်.. ဂျင်းစိမ်းနဲ့မိသလင် သူကြင်မှ ကိုယ်ကြင်ဘဲ... နက်ကျော် တို့က ဟင် ဆိုရင် လုံးဝလှည့်မကြည့် ဘူး.. ဒါတောင် ဗျားးးး သူ့ရည်းစားက နက်ကျော်ကို ဓါတ်ပုံ ရိုက်ခဲ့ပေး ဆိုတာနဲ့ ကျုပ်သခင်လေ ..ကျုပ်ကို မတွေ့ တွေ့ အောင်ပတ်ရှာပြီး ဓါတ်ပုံ လိုက်ရိုက်တာ.. ကျုပ်လည်း အသည်းနာ လွန်းလို့ လုံးဝ ကို ဓါတ်ပုံ အရိုက်မခံဘူး .. ပတ်ရှောင်တာပေါ့ .. သူ့ မြင်တာနဲ့ ထွက်ပြေးတာပေါ့ ဘယ်ရမလည်း..ဟင်းဟင်းး ကျုပ် ချောင်ကြို ချောင်ကြား တိုးပြေးလိုက်ရင် သူမလိုက်နိုင်တော့ဘူးလေ... ဒါပေမဲ့လည်း သံယောဇဉ်ဆိုတာကလည်း ဖြတ်ရခက်သား ဆိုတော့ ထမင်းဆိုင်မှာ မျက်နှာချင်းဆိုင် ဆုံတော့လည်း ဓါတ်ပုံ အရိုက်ခံလိုက်ပါတယ်လေ.. နို့ မို့ ဆို မမလေးက စိတ်ကောက်တော် မူရင် ကျုပ်သခင်ဘဲ စိတ်ညစ်ရမှာလေ... အဲတာမို့ ပြောတာပေါ့..ခင်ဗျားတို့ လူတွေအချစ်ကို ကျုပ်တော့နားမလည်ပါဘူး... ကျုပ်လည်း ထမင်းဆိုင်က ဖြူ မ ကို ချစ်တာပါဘဲ.. ဒါပေမဲ့ အခုလောက်တော့ အလိုမလိုက်ပါဘူး... အင်းပေါ့လေ ..ဘယ်တူမလည်း ... နားလည်ပေးရမှာပေါ့... ကျုပ်သခင်ကလည်း သိပါတယ်..ကျုပ်စိတ်ဆိုးသွားပြီဆိုတာကို... ကျုပ်က ခင်တော့ခင်တယ်... အလိုတော့ မလိုက်တတ်ဘူး.. ခပ်ပြတ်ပြတ်ဘဲ... နောက်ဆုံးတော့လည်း သူတို့ ချစ်ခြင်းကို ကျုပ်စိတ်နာနာ နဲ့ ဘဲ နားလည် ပေးလိုက်ပါတယ်ဗျာ.. ခက်တယ် ခက်တယ်... လူတွေအချစ် တယ်ခက်သကိုးးးးးးးးးး P P P P


+ပစ်ပစ်+ 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.