Posted by Black Magic | Posted in ထူးထူးခြားခြား , သတင်းများ | Posted on 12:37 PM

Lindsay Lohan ဟာပျောက်ဆုံးသွားတဲ့သူ့ရဲ့ကျွန်ပျူတာပြန်ရဖို့အတွက် ဆုကြေးငွေကမ်းလှမ်းလိုက်ပါပြီ။
Mean Girls ဇာတ်ကားရဲ့မင်းသမီးဟာ ၇ ရက်နေ့က တရုတ်နိုင်ငံကလေဆိပ်တစ်ခုမှာ သူမရဲ့ Laptop အခိုးခံခဲ့ရတယ်လို့ဆိုပါတယ်။ ပြီးတော့ အဲဒီ့ laptop လုံခြုံစွာနဲု့ပြန်ရောက်လာဖို့အာ ဏာပိုင်တွေ ကို တောင်းဆိုခဲ့ပါတယ်။
၂၇ နှစ်အရွယ် သရုပ်ဆောင်ကို တင်္နလာနေ့ညမှာ Sohu Fashion Achievement ဆုနဲ့ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ “တရုတ်ပြည်မှာရှိနေရတာကောင်းပါတယ်။ ပြီးတော့ ရင်းနှီးဖေါ်ရွေမှုတွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့်တစ်စုံတစ်ယောက်က ကျွန်မရဲ့ ကွန်ပျူတာကို လေဆိပ်မှာခိုးသွားတယ်။ ဒီကွန်ပျူတာကိုပြန်ယူပေးနိုင်မယ့်သူ ဘယ်သူမဆို ဆုကြေးငွေပြန်ပေးပါမယ်။ ဒါမပါပဲပြန်သွားရမှာစိတ်ညစ်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ်” လို့ သူမရဲ့ Twitter မှာရေးထားပါတယ်။
သူမဟာ New York မြို့မှာနှစ်သစ်ကူးကိုဆင်နွှဲပြီး တရုတ်ပြည်ကိုလေယဉ်စီးသွားတာဖြစ်ပါတယ်။
ဒုတိယအကြိမ်မြောက်နှစ်ပါတ်လည်ဆုပေးပွဲအပြီး ရှန်ဟိုင်းမြို့က ကလပ်တွေမှာ ပါတီဆင်နွှဲနေတာကိုတွေ့ရပါတယ်။
Lindsay ဟာသူမရဲ့ တတိယမြောက် စတူဒီယို album ကိုစလုပ်နေပြီလို့ မကြာသေးခင်ကထုတ်ဖေါ်ပြောကြားလိုက်တာဖြစ်သလို့ သူမရဲ့အမှတ်တရ အတွေ့အကြုံတွေအကြောင်းစာအုပ်တစ်အလုပ်လဲရေးဦးမယ်လို့ဆိုပါတယ်။
Ref:starpulse
Trend Myanmar
Comments (0)
Post a Comment