နတ်ပြည်မှာ ချက်ထိုးဖို့ အဖော်မရှိမှာစိုးလို့ အဖော်ခေါ်သွားသတဲ့ :P

Posted by Black Magic | Posted in , | Posted on 2:43 PM

ဒီဇင်ဘာ ၃၀။

တရုတ်နိုင်ငံ ဇီကျင်းပြည်နယ်မှ  အသက် ၅၄ နှစ်အရွယ် လိုင်အိုအမည်ရှိ အမျိုးသားတစ်ဦးသည် ကောင်းကင်ဘုံ၌ စစ်တုရင် အတူကစားရန် ရည်ရွယ်ချက်ဖြင့် သူ့ကိုယ်သူ အဆုံးမစီရင်မီ အိမ်နီးချင်းကို အရင်သတ်ခဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ ကြောင်း ဒီဇင်ဘာ ၂၇ရက်ထုတ် ရှန်ဟိုင်းနေ့စဉ် သတင်းတွင်ဖော်ပြထားသည်။

လိုင်အို၏ သေတမ်းစာတွင် သူ၏ စစ်တုရင် ကစားဖော် အသက် ၅၇နှစ်အရွယ် အိမ်နီးချင်း မိတ်ဆွေကို  သူကိုယ်တိုင် သတ်ခဲ့ကြောင်း ၀န်ခံထားသည်။ ထိုသူ၏ အလောင်းကို အိမ်ပိုင်ရှင်အမျိုးသမီးက အိမ်ငှားထံ သွားရောက်လည်ပတ် အခန်းအတွင်း၌ သေဆုံးနေသည်ကို  တွေ့ရခြင်းဖြစ်သည်။

နောက်တစ်ခန်းတွင်မူ လိုင်အို၏ အလောင်းကို တွေ့ခဲ့ရသည်။ အိမ်နီးချင်း၏ အလောင်းတွင် လည်ပင်းညှစ်ထားသော အထောက်အထားများ တွေ့ရပြီး လိုင်အိုအနီးတွင်မူ သေတမ်းစာနှင့် ဆေးဝါးအချို့ကို တွေ့ရသည် ။ သေတမ်းစာအရ လိုင်အိုသည် မိသားစုပြဿနာကြောင့် ကိုယ်ကိုယ့်ကိုယ် သတ်သေ၇န် ဆုံးဖြတ်ခဲ့ပြီး နောင်ဘ၀တွင် တစ်ကိုယ်တည်း အထီးကျန်နေမည်ကို စိုးရိမ်သည့်အတွက် စစ်တုရင် ကစားဖော်ကို သတ်လိုက်ရသည်ဟု ဆိုထားသည်။



အိမ်ရှင် အမျိုးသမီး၏ အဆိုအရ လိုင်အိုသည် ယခင်ကတည်းက မူမမှန်သည့် အသွင်ပေါ်နေပြီး ပေါင်းသင်ဆက် ဆံရခက်သူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။

Ref: AP
Shared  @The Myanma Age 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.