ဘီလ်ကလင်တန် နဲ့ မင်းသမီးလစ်ဇ်ဟာလေ တို့ရဲ့ ဇာတ်လမ်း

Posted by Black Magic | Posted in | Posted on 11:44 PM

Monday, February 17, 2014


အမေရိကန်သမ္မတ ဟောင်း ဘီလ်ကလင်တန်နှင့်မော်ဒယ် သရုပ်ဆောင်မင်းသမီး အယ်လိဇဘက်ဟာလေ တို့အိမ်ဖြူတော်အတွင်း မြာပွေခဲ့ ကြပုံကို The Black Hawk Down ဇာတ်ကားသရုပ်ဆောင် တွန်ဆိုက်မိုးက ထုတ်ဖော်ပြော ဆိုခဲ့ကြောင်းသိရသည်။

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တွန်ဆိုက်မိုး ၊ ၅၂ နှစ်သည် ----
ဖြင့်အင်တာဗျူးတွင် သမ္မတက လင်တန်နှင့် အယ်လိဇဘက်တို့ ၏ လျှို့ဝှက်စွာကာလရှည်တည် ရှိခဲ့သော ဇာတ်လမ်းကို ထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။ တွန်က အိမ်ဖြူတော်သို့ ရုပ်ရှင်ရိုက် ကူးရေးဖြင့်ရောက်ရှိစဉ် ကလင်တန်က လင်ကွန်း၏အိပ်ခန်းကို လိုက်လံပြသခဲ့ကြောင်း၊ ယင်း နောက် အယ်လိဇဘက်၏ ဖုန်း နံပါတ်ကို မေးမြန်းခဲ့ကြောင်းနှင့် အိမ်ဖြူတော်သို့လာရောက်ရန် လေယာဉ်လွှတ်ပေးမည်ဖြစ် ကာ သုံးနာရီအတွင်း အရောက် လာရန် ပြောကြားခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သမ္မတကလင်တန်သည် အယ်လိဇဘက်ဟာလေနှင့် ရင်း နှီးစွာဖုန်းဖြင့် စကားပြောကြပြီး နောက် အယ်လိဇဘက်မှာ ၄င်း ၌လက်ရှိချစ်သူရှိကြောင်း ပြော ကြားခဲ့သော်လည်း ကလင်တန် က ဂရုမစိုက်ကြောင်းနှင့် သူမ၏ ချစ်သူကို လုပ်ကြံသတ်ဖြတ်ခိုင်း မည်ဟု ပြောကြားခဲ့သည်ဟုဆို သည်။

ထို့နောက်တွင် အယ်လိဇဘက်မှာ အိမ်ဖြူတော်သို့ ရောက် ရှိလာခဲ့ပြီး ကလင်တန်နှင့်အတူ အစောင့်များစောင့်ကြပ်ထား သော အခန်းတစ်ခန်းထဲ ဝင် ရောက်သွားခဲ့ကြသည်ဟုဆို သည်။ တွန်က ဗြိတိန်မင်းသမီး အယ်လိဇဘက်ဟာလေသည် အိမ်ဖြူတော်တွင် လေးရက်ကြာ နေထိုင်ခဲ့သည်ဟု ပြောကြားခဲ့ ကြောင်း Daily Express ၌ ရေး သားဖော်ပြထားသည်။

Ref: Daily Express

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Powered By:

Black Magic © 2013 - All Rights Reserved.