Free Phone Calls Application Collection For Android

Posted by Black Magic | Posted in , , , , | Posted on 5:52 PM


အခု ထပ်တင်ပေးမှာလည်း တော်တော်များများ စိတ်ဝင်စားကြမယ့် နည်းလေးပါ..၊ Phone Free ခေါ်လို့ရမယ့် Apk တွေနဲ့ နည်းလမ်းတွေကို စုပြီးတင်ပေးလိုက်တာပါ..၊

မစခင် နဲနဲလောက် ပွားဦးမယ်ဗျာ.၊ ဟိုတနေ့က သူငယ်ချင်းတစ်ယောက်မေးတယ်...၊ ' မင်း ပေးတဲ့ ဖုန်းအလကားပြောလို့ရတယ်ဆိုတာတွေက ခန ပဲပြောလို့ရတယ်ကွာ..၊ နောက်ထပ်ပြောချင်ရင် နောက်တစ်ခါထပ်ပြီးတော့ လုပ်ရတာနဲ့ အလုပ်ကို ရှုပ်နေတာပဲ ' တဲ့..၊
အကြာကြီးပြောလို့ရပြီး လုပ်ရတာ လွယ်နေရင်တော့ လူတိုင်း အဲတာပဲသုံးကြတော့မှာပေါ့..၊ ဘယ်သူနေနေ MPT ကို ပိုက်ဆံ ဘယ်ပေးချင်မှာလည်း ..။ အဲဒီတော့ မစခင်ကြိုပြောထားပါမယ်..၊ လုပ်ရတာ နဲနဲတော့ အလုပ်ရှုပ်ပါတယ်..၊ ပြီးတော့ အကြာကြီးလည်းပြောလို့ရမှာမဟုတ်ပါဘူး..၊ အခု ကျွန်တော်တင်ပေးမှာတွေက
1.Vippie
2.DingTone
3.FireTalk

1.Vippie

သိပြီးသားသူတွေ ရှိပြီးသားသူတွေအတွက်တော့ ဘာမှ မဟုတ်တဲ့ Post တစ်ခုလို့ပဲ သတ်မှက်ပါ..၊ ကျနော်ကတော့ မသိသေးတဲ့ သူတွေအတွက် အသစ်လို့ပဲ သတ်မှက်ပါတယ်..၊
iPhone , Android , Computer အားလုံးမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။
ကိုယ်ခေါ်မယ့် ဖုန်းမှာ Internet လိုင်း ရှိစရာမလိုပါဘူး...၊ ကိုယ်ခေါ်ချင်တဲ့သူဆီမှာလည်း အခု Application ရှိစရာမလိုပါဘူး..၊  ကိုယ့်ဆီမှာ ရှိရင်လုံလောက်ပါတယ်ခင်ဗျာ။Free Call တင်မကပဲ Messages ပါ Free ပို့လို့ရတယ်ဗျာ။ ဘယ်နိုင်ငံမဆို Free Call , Free Messages ပေါ့ဗျာ။
အောက်မှာကျနော် လုပ်ထားတဲ့ Video တင်ပေးထားပါတယ်။ Phone အတွက်လုပ်ပြထားပေးတာဖြစ်ပါတယ်။ Computer သမားတွေအတွက်လည်း သိပ်မခက်ခဲပါဘူးဗျာ။
Download လုပ်ပြီ မိမိ စက်ထဲ မှာ Install လုပ်ပါ။(Install လုပ်ဖို့အတွက် Internet Connection လိုပါတယ်.. )  ပြီးရင် Register လုပ်ဖို့ ID
မှာ မိမိကြိုက်နှစ်သက်ရာ နာမည်နဲ့ Mail နေရာမှာ Gmail တစ်ခု Password နေရာမှာတော့
ကိုယ်ကြိုက်တဲ့ Password ပေးပြီးတာနဲ့ Free Call Free Messages ပေါ့ဗျာ။
ကွန်ပြူတာအတွက် Videos ဖိုင်က ဆိုဒ်နည်းနည်းကြီးနေလို့ Upload တင်မပေးတာနားလည်ပေးပါခင်ဗျာ။
Invite လုပ်ပြီးသူငယ်ချင်းများက လက်ခံမယ်ဆိုရင်တော့ အမြဲတမ်း Free Calll ပဲနော်..:)
Messages ပို့တာတော့ နည်းနည်းအလုပ်များနေလို့ မတင်ဖြစ်တော့တာပါ။
ကိုယ့်ဘာသာပဲ စိတ်ကြိုက်ကလိကျပေါ့ဗျာ...ဟီးး..ကျနော်ကတော့ ကောင်းကောင်းကလိနေပြီဗျာ...။
လုံးဝ မိုက်တယ်.....:)

Gmail အကောင့်တွေအများကြီးရှိရင် တော့ Computer မှာခဏခဏ Register လုပ်ပြီ Free Call လုပ်နိုင်ပါတယ်။ Software ကို ထုတ်လိုက်သွင်းလိုက် လုပ်ရတာတော့ နည်းနည်းအလုပ်ရူပ်တာပေါ့ဗျာ။ဒါပေမယ့် Free ပြောရမယ်ဆိုတော့ တန်ပါတယ်ခင်ဗျာ..:)
နှစ်ယောက်လုံး ထည့်ထားလိုက်မယ်ဆိုရင်တော့ Viber လို Chat လို့ရသေးတယ်ခင်ဗျ..၊
အောက်က Video ဖိုင်ကိုတော့ အားလုံးမဖြစ်မနေကြည့်ပေးကျပါ။
iPhone ကိုင်တဲ့သူငယ်ချင်းများ အတွက် App Store မှ ရယူနည်းကို Video နဲ့ပြပေးထားလို့ပါခင်ဗျာ။
စာရေးပျင်းလို့ Videos လေးပဲ အဓိကထားပြီးတင်ပေးလိုက်တာဖြစ်ပါတယ်။...:P

အဆင်မပြေရင်အော်.....ခဲ့ပါ....:)

Download Vippie For Android [13.3 MB]
Download Vippie For Windows [1.55 MB]



2. Dingtone [15.7 MB]



ဒီတစ်ခုကလည်း မိုက်တယ်ခင်ဗျ...၊ Register လုပ်ပြီးပြီဆိုတာနဲ့ iPhone ဆိုရင် 27$ ပြေးမလွတ်တော့ဘူးဗျာ...Android ဖုန်းဆိုရင်တော့ 15$ ရမယ်ဗျာ..၊
Application ထဲ့မှာ ဂိမ်းတွေ Movies တွေရှိတယ်ဗျာ...၊
Videos တွေကိုတစ်ခါကြည့်ရင် 1$ , ၂ ခါကြည့်ရင် 2$ , ၃ ခါဆိုရင်တော့ 3$ ဒေါ်လာ ကဲအများကြီးကြည့်ရင်တော့ ပြောနေစရာလိုသေးလား
ဖုန်းအကြိုက်သာပြောပေတော့ဗျာ...:) ပိုက်ဆံကုန်ရင် Videos လေးကြည့်လိုက် ပြန်ပြီးပိုက်ဆံရလာမယ်..
မြန်မာဆက်သွယ်ရေး အတွက်တော့ စိတ်မကောင်းပါဘူးဂျာ....ဟိဟိ....
ကျနော်ဖုန်းထဲ့တော့ ပိုက်ဆံ လုံးဝမထည်ပဲ အခုထိအလကားပြောနေတယ်....နော်။
Videos File တော့လုပ်ပြီးမတင်တော့ပါဘူး။
အားလုံးလုပ်တတ်ကိုင်တတ်မယ်လိုထင်ပါတယ်...၊ အောက်မှာ Offical Link ကို ပြန်ညွှန်ပေးထားပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်။
Offical Link
Play Store
iTune
Play Store ကနေ Download ဆွဲဖို့ အဆင်မပြေတဲ့သူတွေအတွက် Cloud App ရယ် Evozi Link လေးရယ်လုပ်ပေးထားပါတယ်..
Download DingTone For Android From Cloud App 
Download DingTone For Android From Solidfiles
Download DingTone For Android From Evozi

3.Fire Talk [4.3 MB]

ဒီတစ်ခုကလည်း ကိုယ့်ဆီမှာ Internet ရှိတာနဲ့ ဘယ်နိုင်ငံနေနေရပါတယ်..၊ Register လုပ်တာကတော့ နဲနဲစားလို့ Video နဲ့တင်ပေးလိုက်ပါတယ်..၊ သူငယ်ချင်းတွေကို invite လုပ်ရင် Credit များရယူနိုင်ပါတယ်။ အမြဲတမ်း Free Call ပြောဖို့ကတော့ ကိုယ့်တိုင်လုပ်ယူမှရမှာဖြစ်ပါတယ်။
Android ဖုန်းများအတွက်ပဲတင်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။အဆင်မပြေရင်ပြောခဲ့ပါနော်။

Download Fire Talk Apk From Solidfiles

Download & Watch Video From Mediafire



Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.