Speed Up Internet Speed Using Squid Proxy

Posted by Black Magic | Posted in , | Posted on 3:40 PM



အခုတစ်ခါတော့ မြန်မာပြည်က Internet User တိုင်း စိတ်ဝင်စားမယ့် နည်းလမ်းလေးပါ..၊ Internet Speed မြန်စေချင်တာတော့ မြန်မာနိုင်ငံက Internet User တွေရဲ့ 90% လောက်ရှိမယ်ထင်ပါတယ်..၊ 
Proxy ဆိုတာ Client နဲ့ Server ကြားမှာ ကြားခံ ဆောင်ရွက်ပေးတဲ့ အရာပါ...၊ ဥပမာ ကျနော် တို့ က www.google.com လို့ Browser ကနေဝင်လိုက်တယ်ဆိုပါစို့... ကြားထဲမယ် Proxy ရှိမယ်ဆိုရင် www.google.com အထိ သွားစရာမလိုပဲ သူ့ထဲ မှာရှိတဲ့အတိုင်း တစ်ခါတည်းထုတ်ပေးလိုက်ပါတယ်..။ မိမိရဲ့ IP Address ကို Web Server တွေက မသိအောင်ဖုံးကွယ်တဲ့နေရာမှာလည်း သုံးပါတယ်..။
Proxy တွေကလည်း အမျိုး အစားအလိုက်လည်း ကွဲပါသေးတယ်..၊ 
Transparent proxy , Anonymous  အစရှိသဖြင့် ပေါ့ ..၊ ကျနော်လည်းအဲ့လောက်ပဲ ရမ်းတုတ်နိုင်တယ် ကွန်ပြူတာ တက္ကသိုလ်တက်နေတဲ့ သူမှမဟုတ်တာ :P ကဲကျနော်တို့ တစ်ခု စဉ်းစားကြည့်ရအောင် ကိုယ်နဲ့ နီးနီးနားနား Proxy ကိုသုံးမယ် ပြီးရင် ကိုယ်အသုံးများတဲ့ Site တွေက Proxy မှာ Cache တွေရှိရင်..၊ Proxy ကလည်း Update ဖြစ်ရင်...၊ အဲ့ကနေ တစ်ခါတည်းယူရင် ဟန်မကျဘူးလား ..? အင်တာနက်ဆိုင်တွေကတော့ အခုလိုဆိုင်တွင်းမှာ Proxy သုံးရင် User တစ်ယောက် ချင်းဆီ အတွက် အသုံးပြုမယ် Data Usage လည်း နည်းမသွားနိုင်ဘူးလား..၊ တစ်ယောက်ကလည်း ဒီ Site ကို ကြည့် နောက်တစ်ယောက် ကလည်း အဲဒီ Site ကိုပဲ ကြည့် ပြန်ပြီး ဒေါင်းနေရရင် မပင်းပန်းဘူးလား...။ အဲ့အတွက် Proxy သုံးရင် Cache ဖိုင်ကနေ တစ်ခါတည်းထုတ်ပေးရင်အဆင်ပြေနိုင်ပါတယ်..။ 
ကဲ ကျနော် ရမ်းတုတ် တာနည်းနည်း များသွားပြီဆိုတော့ အခု ရေးမယ့် အကြောင်းအရာကို ဆက်ပါမယ်..၊ ကွန်ပြူတာထဲမှပဲ ကိုယ့် Proxy ထားမယ် Cache ဖိုင်တွေထားမယ်..၊ ကိုယ်ထက်ခါထက်ခါ ကြည့်မယ့် Site တွေဆို ကိုယ်စက်မှာ Cache ဖိုင်တွေကျန်ခဲ့တဲ့ အတွက် မြန်မြန် ဝင်ရောက်နိုင်မယ်...၊ ဘယ်လောက်ဟန်ကျလဲ.. !


Step - 1 
အရင်ဆုံးအောက်က Link မှာ သွားပြီး Zip File လေးကို Down လိုက်ပါ..၊ Downl ပြီးရင် အဲဒီ Zip File လေးကိုဖြည်လိုက်ပါ..၊ Squid ဆိုတဲ့ Folder လေးရယ်..၊ အသုံးပြုနည်းစာအုပ်ရယ်..၊ Run As Administrator ဆိုတဲ့ Batch File လေးရယ်ပါပါတယ်..၊
အဲဒီထဲက Squid Folder ကို C ထဲ ကူးထည့်လိုက်ပါ..၊ (မှားလို့မရပါ C ထဲကို သေချာCopy ကူးပါ)



Step - 2
Win + R ကို နှိပ်ပြီးတော့ Run ကိုခေါ်လိုက်ပါ..၊ ပြီးရင် အဲဒီထဲမှာ inetcpl.cpl လို့ရိုက်ပြီးတော့ 
Internet Option ကိုဝင်လိုက်ပါ..၊ ပြီးရင် Connection --> LAN Setting ထဲကိုဝင်ပြီးတော့ 
Address --> Localhost
Port  --> 3128 
လို့ထည့်လိုက်ပါ..။



Step - 3
ခုနတုန်းက ဖြည်လိုက်တဲ့ထဲမှာ ပါတဲ့ Run As Administrator.bat ကို Right Click ခေါက်ပြီး Run As Administrator နဲ့ Run လိုက်ပါ..၊ ဒီ အဆင့်မှာ Internet ချိတ်ထားဖို့လိုပါတယ်..၊





Step - 4
အပေါ်က အဆင့်တွေအကုန်လုံးပြီးပြီထင်ပါတယ်...၊ ဒီတစ်ဆင့်ပြီးရင် သုံးလို့ရပါပြီ..၊
ဘာဖြစ်လို့ဒီအဆင့်ကိုထည့်သွင်းထားတာလဲဆိုတော့... Squid Service က Internet ချိတ်ထားတယ်ဆိုရင် လိုင်းနည်းနည်းရှိတာနဲ့ အလိုလိုနေရင်စပါတယ်...၊ ဒါပေမယ့် သုံးလို့မရအောင်ကျသွားးရင်တော့ လိုင်းတက်လာရင်တောင် သူကိုပြန်စောင့်နေရတာအလုပ်တစ်ခုပါ ...၊ အခုအဆင့်ကိုလုပ်လိုက်ရင်ဘာမှစောင့်စရာမလိုတော့ပါဘူး..၊ တစ်ခါစထားတာနဲ့ လိုင်း ရှိရှိ မရှိရှိ ပွင့်နေပြီသားပါ...၊ ကျနော့်တော့လုံးဝအဆင်ပြေသွားပါတယ်...၊ဆက်ဖတ်ကြည့်ကြရအောင်ပါ
Win+R=>services.msc ကိုရိုက်ပြီးတော့ Service ကိုဝင်လိုက်ပါ
Squid ဆိုတဲ့ Service ကိုရှာလိုက်ပါ S ကိုနိတ်ပြီးတော့ရှာလိုက်ပါ နည်းနည်းတော့မျက်စီရှင်ရပါမယ်
တွေပြီနော်


ပြီးရင်တော့ Double Click နိတ်ပြီးဝင်လိုက်ပါ
Logon မှာ  Allow Service To Interact With Desktop ကို အမှန်ခြစ်(check) ပေးလိုက်ပါ
OK ပေါ့ အဲတာဆိုရင် internet လိုင်းကျရင်လည်း ပြန်မကျတော့ပါဘူး


 squid service ကိုစတာကတော့ အင်တာနက်ချိတ်ထားရင် အလိုလို စပါတယ် မစသေးရင်တော့
Win + R --> cmd --> net start squid  ဆိုပြီး စလို့လည်း ရပါတယ်..၊ ဒါမှမဟုတ် ကျွန်တော် အောက်မှာပြထားသလို
Win + R --> services.msc 
ပြီးရင် squid ကို R-click ထောက် ပြီး start ပေါ့ဗျာ

ဒါဆိုရင် သုံးလို့ရပါပြီ Chrome , Firefox , Internet Explorer ကြိုက်တဲ့ Browser ကိုဖွင့်ပြီးသုံးလို့ရပါပြီ Cache ဖိုင်တွေများလာတာနှင့်အမျှ Data Usage ကသက်သာလာပါလိမ့်မယ်... မလို့အပ်တဲ့ Data တွေကို Cache ကနေပဲယူလိုက်တာမို့ လိုင်းလည်းမြန်လာပါလိမ့်မယ်
Credit To Aung Myo Kyaw

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.