အချောဆုံး အမျိုးသမီး Hacker ၅ ယောက်

Posted by Black Magic | Posted in , | Posted on 9:18 PM



Adenna Cooke 
*************
Play Boy Magazine ရဲ့  Model ဖြစ်ပြီး Hacker တစ်ဦး ဖြစ်ကြောင်းတော့ လူသိနည်းပါတယ်။ အိပ်ယာပေါ်ကသူမ ဓာတ်ပုံတွေကို တင်လိုက်တဲ့ Website တစ်ခုကို တစ်ညအတွင်း Hack နိုင်ခဲ့ ပါတယ်။ ပြီးတော့ သူမရဲ့  ဓာတ်ပုံကို အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ Website တစ်ခုကိုလည်း သက်ဆိုင်ရာက အရေးမယူ ရသေးခင် သူမ ကိုယ်တိုင် Remove လုပ်နိုင်ခဲ့ ပါတယ်။

Anna Chapman 
*************
ရုရှား စပိုင်လို့ လူသိများပြီး အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့ မှာနေထိုင်တဲ့ Hacker ဖြစ်ပါတယ်။ သူမနဲ့ အတူ အပေါင်းပါ ၉ ဦးကို ရုရှားအတွက် သူလျှို လုပ် သတင်းအချက်အလက် ခိုးယူမှုနဲ့ FBI တို့ ဖမ်းဆီးခဲ့ဖူးပါတယ်။ အဲ့နောက်ပိုင်း သူမရဲ့ အလှဓာတ်ပုံတွေ၊ ဂုဏ်သတင်း ပြန့်နှံ့ခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ဟက်ကာ Edward Snowden ကို လက်ထပ်လိုကြောင်း တရားဝင် ပြောဆိုပြီးနောက် မီဒီယာနဲ့ ကမ္ဘာက အာရုံစိုက်လာတဲ့ Celebrity တစ်ဦး ဖြစ်လာ ပါတယ်။

Kistina Svechinskya 
*****************
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံများက ဘဏ်တွေကို ဖောက်တဲ့ Hacker ဖြစ်ပါတယ်။ အကောင့်အတု၊ လျှို့ ဝှက် ကုဒ် အတုနဲ့ ဝင်ရောက်ပြီး စုစုပေါင်း ငွေထုတ်ခဲ့တာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ပါတယ်။ ဘဏ်ပေါင်း ထောင်ချီကို ဟက်ပြီး ရခဲ့တဲ့ငွေ ဖြစ်ပါတယ်။ ယခုတော့ သူမဟာ အမေရိကန်မှာ အဖမ်းဆီး ခံထားရပါတယ်။

Joanna Rutkowska 
****************
ပိုလန်နိုင်ငံက Ethical Hacker တစ်ဦး ဖြစ်ပြီး Low level security and stealth malware တီထွင်ဖန်တီးနိုင်မှု နဲ့ လူသိများ အောင်မြင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့  Windows Vista System က လုံခြုံရေး နည်းပညာများကို ဖောက်နိုင်ခဲ့ပြီး ကမ္ဘာက အံ့သြလေးစားတဲ့ Hacker တစ်ဦး ဖြစ်ခဲ့ပါတယ်။ ယခုတော့ သူမဟာ ပိုလန်မှာပဲ ကိုယ်ပိုင် အိုင်တီ လုံခြုံရေး ဝန်ဆောင်မှု ကုမ္မဏီ တည်ထောင်ပြီး အောင်မြင်နေကြောင်း သိရ ပါတယ်။

Ying Cracker 
***********
တရုတ်မလေး Ying က Hacker အခြေခံ ပညာရပ်ကို သင်ကြားပေးနေတဲ့ ဆရာမ တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် အထင်မသေးလိုက်ပါနဲ့။ ကမ္ဘာမှာ သူ Crack လို့မရတဲ့ Software မရှိဘူးလို့ ပြောစမှတ် ပြုကြ ပါတယ်။ ဒါကြောင့်ပဲ သူ့နာမည် နောက်ဆုံးမှာ Cracker ဆိုတာလေး ပါဝင်လာခြင်း ဖြစ် ပါတယ်။ Software Crack တဲ့ ပညာနဲ့ အသက်မွေးပြီး ငွေလျှံ၊ ရုပ်လှတဲ့ တရုတ် Hacker မလေး ဖြစ်ပါတယ်။


ကဲ. စာဖတ်သူတို့ အကြိုက်ဆုံးက ဘယ်တစ်ယောက်လဲ
.

Ref & Credit : အောင်ခမ်း 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.