Posted by Black Magic | Posted in ထူးထူးခြားခြား | Posted on 2:07 AM

နှလုံးခုန်းနှုန်းမြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှု ရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီး ဖြစ်သည်။
ယခုအခါ သုတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့် စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး
ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်။“ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး” ဟု တွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ၊
သို့မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည် ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချ ရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။
အဆိုပါအမျိုးသားတို့၏ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍ မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။
ယင်းသို့ ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံး ရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု ဆိုသည်။
စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏ သုတေသနတွင် အမျိုးသား ၈၄ဦးကို ပါဝင်စေလျက် တစ်ဦးတည်းရှိနေစဉ် နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက်
ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက် သုတေသန ပြုခဲ့ကြခြင်း သိရသည်။
Credit : Mg Mandalay










Myanmar Kyat Converter
Comments (0)
Post a Comment