မြို့တစ်မြို့လုံးအား ဒေါ်လာ ၄ သိန်းဖြင့် ရောင်းချမည်

Posted by Black Magic | Posted in | Posted on 1:00 PM



အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်းဒါကိုတာပြည်နယ်အတွင်းမှ Swett , SD အမည်ရ
မြို့လေးတစ်မြို့အား ပိုင်ရှင်ဖြစ်သူမှ ဒေါ်လာလေးသိန်းဖြင့် ရောင်းချလိုကြောင်း ယူပီအိုင်
သတင်းဌာနက ဇွန်လ၃၀ရက်နေ့က ဖော်ပြခဲ့သည်။

ယင်းမြို့လေးကို ပိုင်ဆိုင်သူမှာ လန်ဆာဘန်ဆန် ဆိုသူအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ စီးပွားရေး
လုပ်ငန်းများကို အာရုံစူးစိုက်လုပ်ကိုင်နိုင်ရန်အတွက် အဆိုပါမြို့လေးကို ရောင်းချရန် စီစဉ်ရခြင်း
ဖြစ်ကြောင်း ၎င်းကဆိုသည်။

၆ဧကကျော် ကျယ်ဝန်းသော အဆိုပါမြို့ကလေးသည် ဘန်းနက်ကောင်တီ၏ နယ်နိမိတ်အတွင်း
တည်ရှိပြီး ဘားတစ်ခု၊ ကားပြင်စက်ရုံတစ်ခု၊ ယာဉ်နောက်တွဲသုံးခုနှင့် အိမ်တစ်လုံးသာရှိသော
မြို့ငယ်တစ်ခုဖြစ်သည်။

စတင်တည်ထောင်ခဲ့သည့် ၁၉၄၀ခုနှစ်တွင် အဆိုပါမြို့ကလေး၌ စာတိုက်တစ်တိုက်၊ ကုန်စုံဆိုင်
တစ်ဆိုင်နှင့် အိမ်အနည်းငယ်ရှိခဲ့ပြီး လူဦးရေ(၄၀)ခန့် နေထိုင်ခဲ့ကြသည်။

"ကျွန်တော်ပြောသလိုပဲ ဒီမြို့ကိုရောင်းတဲ့နေရာမှာ အစွံမထုတ်နိုင်တာကို တော်တော်စိတ်ပျက်
လာပြီ။ ဒီတစ်နှစ်ဝယ်မယ့်သူ ပေါ်မလာဘူးဆိုရင် နောက်နှစ်အထိတော့ ကျွန်တော့်လက်ထဲမှာ
အောင်းရဦးမယ်" ဟု ၎င်းက Rapid City (S.D.) ဂျာနယ်သို့ ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် အဆိုပါမြို့ကလေး၌ ၎င်း၏ဇနီးနှင့် လင်ဆာတို့နှစ်ဦးတည်းသာ နေထိုင်လျက်
ရှိကြသည်။




Credti To The Myanmar Times

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.