Ooredoo နဲ့ Internet နှုန်းထား

Posted by Black Magic | Posted in | Posted on 5:39 PM

ooredoo2
Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ကိုကိုယ်သုံးစွဲတဲ့ Data ပမာဏအလိုက်ကောက်ခံမှာဖြစ်ပြီး Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ်လို့သိရပါတယ်။ အခု ကျွန်တော် လက်ရှိ ဖုန်းအင်တာနက်ကိုနေ့စဉ်ပုံမှန်သုံးနေတာ တစ်ပတ်ကို Data 1GB နီးပါး လောက်ကုန်ပါတယ်။ အဲ့ဒါ ဖိုင်အကြီးကြီးတွေ Download မလုပ်ပါဘူး။ Youtube ကြည့်တယ် ၊ Facebook သုံးတယ် ၊ Viber , Skype ပြောတယ် ၊ Website တွေကြည့်တယ် ၊ အဲဒါပဲလုပ်ပါတယ်။ တစ်လကို 4GB လောက်ပုံမှန်ကုန်ပါတယ် ။ ဒီက Mobile Operator “Singtel” ကရောင်းတာ တစ်ပတ်စာ 1GB plan ကို Singapore Dollar ၇ ဒေါ်လာဖြစ်တဲ့အတွက် မြန်မာငွေအားဖြင့် ၅၄၀၀ ကျပ်ခန့်ကုန်ကျပါတယ်။ တစ်လကို မိုဘိုင်းအင်တာနက်ဖိုး ၂၈ ဒေါ်လာ ၊ မြန်မာငွေအားဖြင့် ၂၁၈၄၀ ကျပ်ခန့်ကုန်ကျပါတယ်။ အခု မြန်မာပြည်မှာ Ooredoo ကယူမယ့် Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ် ပမာဏအတိုင်းဆိုရင် တစ်လကို 4 GB ပုံမှန်သုံးတဲ့အနေအထားဆို တစ်လကို ၁ သိန်းကုန်ကျနေပါမယ်။ တခြားနိုင်ငံတွေမှာတောင် Mobile အင်တာနက်ကြေး ဒီလောက်မများတာ အခုကောက်ခံနေတဲ့နှုန်းထားတွေက မြန်မာပြည်အနေအထားနဲ့ဆို
- တော်တော်ကြီးကိုများနေပါတယ်။ သာမန်သုံးမယ့် Users တွေအတွက်ကိုက ဈေးအလွန်များနေပါတယ်။ Ooredoo ရဲ့ Mobile Internet နဲ့ File အကြီးကြီးတွေ Download လုပ်ဖို့အားခဲထားတဲ့ User တွေဆိုရင် တစ်လတစ်လ ပိုက်ဆံလေးငါးသိန်းလောက် Internet Bill ဖိုးပေးဖို့ အိတ်ထဲမှာဆောင်ထားရပါလိမ့်မယ်။ ယခုသုံးသပ်ပြသွားတာဟာ လက်ရှိ Ooredoo အစမ်းကဒ်တွေမှာ Internet သုံးစွဲနေကြတဲ့ သူတွေ Internet ဖိုး ငွေဖြတ်ခံရတဲ့ တကယ့်အခြေအနေတွေပေါ်မှာမူတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ်။ Users တွေက နှစ်ခြိုက်မှုမရှိရင်တော့ ဒီနှုန်းထားတွေကို လျော့ပေါ့ပေးဖွယ်ရှိနိုင်ပါတယ်။

Ooredoo မှလက်ရှိကောက်ခံနေသော Mobile Internet Data နှုန်းထား

1 MB = ၂၅ ကျပ်
10 MB = ၂၅၀ ကျပ်
100 MB = ၂၅၀၀ ကျပ်
1 GB = ၂၅၀၀၀ ကျပ်


We have created four Shahry MIPs to suit every need.
Data Allowance
Monthly Fee 
Activation SMS Code to 114
1GB
QR 60
MIP60
3GB
QR 80
MIP80
6GB
QR 100
MIP100
15GB New
QR 200
MIP200
 


အပေါ်ကဈေးကတော့ ကာတာ နိုင်ငံကဈေးပါ..၊ မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့


GB Plan (QR 60) -> 16000 kyats ( ၀န်းကျင်)

3GB Plan (QR 80) -> 22000 kyats (၀န်းကျင်)

6GB Plan (QR 100) -> 27000 kyats (၀န်းကျင်)

15GB Plan (QR 200) -> 55000 kyats (၀န်းကျင်)


Unlimited Plan (QR400) -> 110000 kyats (၀န်းကျင်)


(ကျွန်တော့ ADSL နဲ့ တစ်လသုံးထားတာ ကိုကြည့်လိုက်တော့ 48 GB တဲ့ဗျာ..။ ထိုင်သာငိုချင်တော့တယ်.. :(

Ref Ooredoo
     သက်နိုင်စိုး (FB)
     Than Htike

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.